Tuesday, February 24, 2015

Oatmeal Cookies





Cookies လုပ်နည်းတွေရေးခဲ့ဖူးပါတယ်။ Subway cookies လုပ်နည်းလဲရှယ်ခဲ့ဖူးပါတယ်။ ဒီတစ်ခါမှာတော့ အဲဒီ Subway Cookies လုပ်နည်းကိုပဲ အခြေခံထားတဲ့ Oatmeal Cookies လုပ်နည်းကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။ ကွတ်ကီးအများစုဟာ မာမာကျွတ်ကျွတ်လေးတွေဖြစ်ပါတယ်။ ဒီကွတ်ကီးလေးတွေကတော့ ပျော့ပျော့လေးတွေနဲ့ အင်မတန်ကို စားကောင်းပါတယ်။

ပါဝင်ပစ္စည်းများ
  • သကြားအညို - 1 Cup
  • သကြားအဖြူ- ¼ Cup
  • Oatmeal – 1 ½ Cup (ညက်နေအောင်ကြိတ်ပါ)
  • ရိုးရိုးဂျုံ ဂျုံ -  1 ¼ cup (တစ်ခွက် + တစ်ခွက်ရဲ့လေးပုံတစ်ပုံ)
  • ဘိတ်ကင်ဆော်ဒါ - လက်ဖက်ရည် ၁ ဇွန်း
  • ဗနီလာ- လက်ဖက်ရည် ၁ ဇွန်း
    ချောကလက်စေ့အနည်းငယ်
  • ကြက်ဥ - ၂လုံး
    ထောပတ် ၂၅၀ ဂရမ်



ပြုလုပ်နည်း

  • ဦးစွာ သကြား၊ ထောပတ်ကို ဖြူပြီးပွလာအောင်မွှေပေးပါ
    နောက်ကြက်ဥကို တစ်လုံးချင်းစီထည့်ကာ မွှေပါ။
  • ဂျုံ၊ ဘိတ်ကင်ဆော်ဒါ၊ Oatmeal များကိုလည်း ထည့်မွှေပါ။
    နောက်ဆုံးမှ ချောကလက်စေ့များရောထည့်ပါ။
  • ၁၇၀ ဒီဂရီအပူပေးထားသော အာဗန်မှာ ၁၅ မိနစ်ဖုတ်ပေးပါ။

1 comment:

Aunty Tint said...

ကွတ်ကီးဆိုရင် ကြိုက်စ်... အိမ်မှာအမြဲဆောင်ထားတယ် Evy ရေ။ ဖြတ်သွားဖြတ်လာ ကြုံတိုင်း စားပွဲပေါ်တင်ထားတဲ့ ကွတ်ကီး ထားမလောက်ပဲ။