Tuesday, December 8, 2009

ငါးအချိုချက်

ဒါကတော့ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က လုပ်စားဖြစ်တဲ့ ငါးဟင်းပါ။

ပါဝင်သောပစ္စည်းများ

  • ငါးအသားလွှာ (နဲနဲခပ်ကြီးကြီးလေးတုံးပြီးဆားနဲ့နယ်ထား)
  • ကြက်သွန်နီ ၂ ဥ
  • ခရမ်းချဉ်သီး ၂လုံး
  • ငရုပ်သီး ၄၊ ၅ တောင့်
  • ချင်း- အနည်းငယ်
  • ဆီ - စားပွဲဇွန်း ၁ ဇွန်း
  • ပဲငံပျာရည် အကြည် - စားပွဲဇွန်း ၂ဇွန်း
  • ပဲငံပျာရည် အနောက် - လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ရေ- ၁ ခွက် ခွဲ
  • ဆားအနည်းငယ်

ချက်နည်း

  1. ငါးများကို ကြွပ်လာအောင်ကျော်ပြီးဆယ်ထားပါ
  2. ခရမ်းချဉ်သီး ၊ ကြက်သွန်နီကို အကွင်းလိုက်လှီးထားပါ
  3. ဆီကိုပူအောင်တည်ပြီး ချင်း၊ခရမ်းချဉ်၊ကြက်သွန်၊ငရုပ်သီး နွမ်းအောင် ဆီသတ်ပါ။
  4. ပြီးရင်ငါးထည့် ပဲငံပျာရည် အကြည် အနောက်၊ ဆား ၊ ရေ ထည့်ပြီး ရေခမ်းအောင်တည်ပါ။
  5. မီးပေါ်မှချပြီး သုံးဆောင်နိုင်ပါပြီ ၊











6 comments:

Shinlay said...

ငါးဟင်းလာစားတယ်။ အိမ်မှာသိပ်မချက်ဖြစ်ဘူး။

စူးနွယ်လေး said...

ဒီလိုမျိုး အိမ်မှာအမေချက်ပေးလေ့ရှိတယ်။ ကိုယ်တိုင်တော့ မချက်ဖြစ်ဘူး။ ကြော်ရမှာတဆင့်၊ ချက်ရမှာတဆင့် မို့လို့..ဟီး...။

subuueain said...

ှုငါးအချိုချက်ကို အိမ်မှာတုန်းက ချက်စားလေ့ရှိတယ်။ ဒီမှာတော့ ငါးရွေးနေတာနဲ့ မစားဖြစ်ဘူး။ အလွမ်းပြေ လာငမ်းသွားတယ် :)

rose of sharon said...

လုပ်နည်းလေးမှတ်သွားတယ်... ခလေးတွေကိုချက်ကျွေးဘို့

Dr.MyintMyintKhin said...

Hello,
thanks for your tips.

Evy said...

လာလည်ကြတာကျေးဇူးပါနော်။ အိမ်မှာလည်းငါးဟင်းကတစ်ခါတလေမှချက်ဖြစ်တာပါ။ အရိုးကြောက်ကြလို့။ ဒီလိုမချက်ရင်မစားကြဘူး။