ပါဝင်သောပစ္စည်းများ
- ငါးအသားလွှာ (နဲနဲခပ်ကြီးကြီးလေးတုံးပြီးဆားနဲ့နယ်ထား)
- ကြက်သွန်နီ ၂ ဥ
- ခရမ်းချဉ်သီး ၂လုံး
- ငရုပ်သီး ၄၊ ၅ တောင့်
- ချင်း- အနည်းငယ်
- ဆီ - စားပွဲဇွန်း ၁ ဇွန်း
- ပဲငံပျာရည် အကြည် - စားပွဲဇွန်း ၂ဇွန်း
- ပဲငံပျာရည် အနောက် - လက်ဖက်ရည်ဇွန်း ၂ဇွန်း
- ရေ- ၁ ခွက် ခွဲ
- ဆားအနည်းငယ်
ချက်နည်း
- ငါးများကို ကြွပ်လာအောင်ကျော်ပြီးဆယ်ထားပါ
- ခရမ်းချဉ်သီး ၊ ကြက်သွန်နီကို အကွင်းလိုက်လှီးထားပါ
- ဆီကိုပူအောင်တည်ပြီး ချင်း၊ခရမ်းချဉ်၊ကြက်သွန်၊ငရုပ်သီး နွမ်းအောင် ဆီသတ်ပါ။
- ပြီးရင်ငါးထည့် ပဲငံပျာရည် အကြည် အနောက်၊ ဆား ၊ ရေ ထည့်ပြီး ရေခမ်းအောင်တည်ပါ။
- မီးပေါ်မှချပြီး သုံးဆောင်နိုင်ပါပြီ ၊
6 comments:
ငါးဟင်းလာစားတယ်။ အိမ်မှာသိပ်မချက်ဖြစ်ဘူး။
ဒီလိုမျိုး အိမ်မှာအမေချက်ပေးလေ့ရှိတယ်။ ကိုယ်တိုင်တော့ မချက်ဖြစ်ဘူး။ ကြော်ရမှာတဆင့်၊ ချက်ရမှာတဆင့် မို့လို့..ဟီး...။
ှုငါးအချိုချက်ကို အိမ်မှာတုန်းက ချက်စားလေ့ရှိတယ်။ ဒီမှာတော့ ငါးရွေးနေတာနဲ့ မစားဖြစ်ဘူး။ အလွမ်းပြေ လာငမ်းသွားတယ် :)
လုပ်နည်းလေးမှတ်သွားတယ်... ခလေးတွေကိုချက်ကျွေးဘို့
Hello,
thanks for your tips.
လာလည်ကြတာကျေးဇူးပါနော်။ အိမ်မှာလည်းငါးဟင်းကတစ်ခါတလေမှချက်ဖြစ်တာပါ။ အရိုးကြောက်ကြလို့။ ဒီလိုမချက်ရင်မစားကြဘူး။
Post a Comment