Sunday, July 18, 2010

ပျားရည်ကြက်ခြေထောက်ပေါင်း (Braised Chicken Feet with Honey)

ပျားရည် ကြက်ခြေထောက်ပေါင်းပါ။ လုပ်ရတာလည်း လွယ်လွယ်လေးပါ။

ပထမဆုံး ကြက်ခြေထောက် ၁၂ခုလောက် ကို ရေဆေးပြီး ဆား၊အချိုမှုန့် နဲ့နယ်ထားလိုက်ပါဦး။ ဂျင်းနဲ့ကြက်သွန်ဖြူကို ဆီသတ်၊ ပြီးရင် ကြက်ခြေထောက်တွေကို ထည့်ပြီး အရေခွံတင်းလာအောင် ခဏကြော်ပေးပါ။ ပြီးမှရေ၊ ပဲငံပျာရည်အကြည်၊ အနောက်၊ဆားနဲနဲထည့်ပြီး ပေါင်းအိုးထဲမှာ မိနစ်၄၀လောက်ပေါင်းပေးပါ။ မီးပေါ်မှ ချကာနီးမှာ ပျားရည်တစ်ဇွန်းကိုထည့်မွှေပြီး ရေနဲနဲခမ်းအောင်ထပ်တည်ရင် ရပါပြီ။

စားလို့လည်းကောင်းပါတယ် အဆီလည်းအရမ်းတက်မှာသေချာပါတယ်။ တစ်ခါတစ်လေ ကတော့ဘာမှ မဖြစ်လောက်ဘူးထင်ပါရဲ့။ ဒါလည်း ယောင်းမလက်ရာပါဘဲနော်။

3 comments:

Shinlay said...

ချက်စားချင်နေတာကြာပြီ။
တယောက်ထဲစားရမှာ မို့  စဉ်းစားနေတာ။
ရှေ့ တပတ်တော့ ၀ယ်ဖြစ်တော့မယ်ထင်ပါရဲ့ ။
ဒီနေ့ ကောက်ညှင်းထုပ်လုပ်ဖြစ်ပါတယ်။

Evy said...

မရှင်လေး ကောက်ညှင်းထုပ်ဘယ်လိုနေလဲ။ အဆင်ပြေရဲ့လား။

Shinlay said...

မနေနိုင်တော့တာနဲ့ ဒီနေ့ ပဲ လုပ်စားတယ်။
အခုပဲကျက်ပါတယ်။ ယောက်ျား မမြင်အောင် တိတ်တိတ်
လေးချက်တာ။ စားလို့ ကောင်းတယ်။
ကောက်ညှင်းထုပ်က အဆင်ပြေပါတယ်။ သူများကိုတောင် နည်းထပ်ဝေလိုက်ပါသေးတယ်။
အစားကောင်းတွေစားပြီး....၀လာမှာသေချာတယ်။
ကျေးဇူးတင်ပါတယ်။