အရသာကလည်းမဆိုးတော့ သူငယ်ချင်းတွေကိုလက်ဆောင်ပေးဖို့ အကြံရရော။ ဒီအသေးလေးနဲ့သာ မုန့်လုပ်ရရင်တော့ လက်ဆောင်ပေးဖို့ဆိုရင် တနေကုန်များလုပ်ရမလားဆိုပြီး Cookie Press အကြီးဝယ်တဲ့ဆီ ရောက်သွားတာ။ ဒီအကြီးတစ်ခုက တစ်ခါလုပ်ရင် ၂၅ ခုလောက်လုပ်လို့ ရပါတယ်။ မုန့်ကို ဖိထည့်ပြီး ခလုတ်လိုညှစ်လိုက်ရုံပဲ။ ပုံစံလေးတွေမျိုးစုံ ၁၆ ခုပါပါတယ်။ ကြိုက်တဲ့ပုံကတော့ ၃ ၊ ၄ခုပဲရှိတယ်။ အကြိုက်ဆုံးကိုပြောဆိုရင်တော့ ပထမ အသေးလေးနဲ့ လုပ်တဲ့မုန့်ပုံလေးကို အကြိုက်ဆုံးပါပဲ။
မုန့်လုပ်နည်းကတော့ ပထမ တစ်ခါတုန်းကအတိုင်းပဲမို့လို့ ထပ်မရေးတော့ပါဘူး။ လုပ်နည်းကို ဒီမှာဘဲ သွားကြည့်လိုက်ကြပါနော်။
3 comments:
I always wanna bake some butter cookies but didnt make it, you are making me feel like doing it hahaha...
တော်လိုက်တာ ... အဲဒါမျိုးဘယ်နားဝယ်ရမလဲသာ သိရင် ဝယ်ပြီးစမ်းကြည့်ချင်တယ်
Hi Jess, yeah you should try it out..It's really fun.
ကျေးဇူး Ma Sharon :D . ဒီမှာတော့ မုန့်ဖုတ်ပစ္စည်းရောင်းတဲ့ဆိုင် သပ်သပ်ရှိတယ်။ အဲဒီဆိုင်ထဲဝင်မိရင် တမေ့တမောပဲ။
Post a Comment