Chicken Doner Kebab ဒါက Turkish အစားအစာတစ်မျိုးပါ။ Doner ဆိုတာ Turkish စကားပါ၊ Doner Kebab ကို"rotating roast" လို့အဓိပ္ပါယ် ဖွင့်ထားပါတယ်။ (အိမ်မှာလုပ်တဲ့ Kebab ကတော့ မလည်နိုင်လို့ Chicken Kebab လို့ပဲ နာမည်ပေးလိုက်ပါတယ် :D ) Doner Kebabကို ကင်တဲ့ပုံ ကအောက်မှာပြထားတဲ့ ပုံထဲကလိုပါ။ ပထမဆုံး အသားတွေကို တစ်လွှာပြီးတစ်လွှာထပ်ပြီး ကပ်နေအောင် သံချောင်းအရှည်မှာထိုးပါတယ်။ ပြီးမှ အဲဒီသံချောင်းကို လည်လို့ ရတဲ့အောက်ချေမှာစိုက်ပြီးလည်စေပါတယ်။ အဲဒီ သံချောင်း ရဲ့ဘေးမှာ အပူပေးတဲ့ မီးအပူအချောင်း ရှိပါတယ်။ အဲဒီအပူရှိန် နဲ့ပဲအသားတွေက တဖြည်းဖြည်းကျက်သွားတာ။ Tortilla (သို့) Pita Bread ထဲမှာ အဲဒီပါးပါးလှီးထားတဲ့ အသားကင်၊ အသီး အရွက်နဲ့ sauce မျိုးစုံကိုထည့် ပြီးလိပ်စားရတာပါ။ အရသာအတော့်ကိုကောင်းပါတယ်။၁၉ရာစုလောက်ကစပြီး ဒီအစားအစာပေါ်တယ်လို့ ရေးထားပါတယ်။ အပြည့်အစုံသိချင်ရင်တော့ ဒီမှာ ဖတ်ကြည့်လိုက်ပါနော်။

ပြီးမှာ အပေါ်က အသီးအရွက်တွေတင်။ sauce တွေဆမ်း ပြီးလိပ်လိုက်ရင် ရပါပြီ။ စားဖို့အသင့်ပါဘဲ။

စလုံးမှာတော့ Pasamalum တွေမှာ တွေ့ရတတ်ပါတယ်။ အရင် (၁၀နှစ်လောက်ရှိပြီ) ကတော့ Tempines မှာတစ်ဆိုင်တွေ့ဖူးတယ် (ခုတော့ မရှိတော့ပါ) ။ အဲဒီနောက်ပိုင်း ဆိုင်နဲ့တော့ မတွေ့ဖူးတော့ဘူး။ ရှိချင်လည်း ရှိမှာပါ။ ကျွန်မက နေရာအစုံ သိပ်မရောက်တာကြောင့် မတွေ့တာလည်းဖြစ်နိုင်ပါတယ်။ Aussie မှာတော့ Kebab ရောင်းတဲ့စားသောက်ဆိုင် အတော်များများကို တွေ့ခဲ့ပါတယ်။ အသားတွေလည်း အစုံပါပဲ။ ဒီမှာတော့ Chicken နဲ့ရောင်းတာပဲတွေ့ဖူးတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က Pasamalum သွားပြီး ၂ ယောက်သား Kebab သွားစားကြပါသေးတယ်။ ဈေးကလည်း သိပ်မသေးပါဘူး ။ တစ်ခုကို ၅ $ လောက်ပေးရတာ။ ထမင်းတစ်ပွဲစာလောက်ဖြစ်နေပြီ။
Pasamalum ကလည်း အမြဲတမ်းမရှိနိုင်ဘူးလေ။ အဲဒီတော့ ဈေးလည်းသက်သာ ၊စားချင်တဲ့ အချိန် လည်းစားလို့ရအောင် ကိုယ်တိုင်စမ်းလုပ်ကြည့်လိုက်တာ။ မဆိုးပါဘူး။ တစ်ခုပဲ အိမ်မှာ ရေခဲရိုက် ပလာတာတွေအများကြီးဖြစ်နေတာနဲ့ Tortilla အစားပလာတာနဲ့ အစားထိုးလိုက်တာ ။ အရသာက ခပ်ဆင်ဆင်ပါဘဲ။ Tortilla နဲ့မှ စမ်းချင်တယ်ဆိုရင်လည်း Fair price မှာ Tortilla တွေအသင့်လုပ်ပြီးသားရောင်းတယ်နော်။ စမ်းကြည့်လိုက်ပါဦး။ အရမ်းစားကောင်းလို့ အိမ်မှာ လုပ်နေရတာ ၃ရက်ဆက်တိုက်ရှိပါပြီ :D
ပါဝင် ပစ္စည်းများ
- Totilla (သို့) ပလာတာ
- ဆလပ် ရွက် အ၀ိုင်း (သေးသေးလှီးထား)
- ခရမ်းချဉ်သီး (သေးသေးလှီးထား)
- Cheese အမှုန့် (မကြိုက်ရင် မထည့်လည်းဖြစ်ပါတယ်)
- Thousand Island Dressing/ Mayonnaise/ Chilli Sauce
- ကြက်သား ကိုဆီ၊ ပဲငံပျာရည် နဲ့ ရေခန်းအောင်ပြုတ်ပြီး အမျှင်လေးတွေထွင်ထား (အိမ်မှာတော့ တနေ့ကကြက်ကင်ပိုတာနဲ့ အဲဒါကို ပဲ နွှင်လိုက်ပါတယ်)
ပြီးမှာ အပေါ်က အသီးအရွက်တွေတင်။ sauce တွေဆမ်း ပြီးလိပ်လိုက်ရင် ရပါပြီ။ စားဖို့အသင့်ပါဘဲ။
2 comments:
ကျနော်တို့ဖက်မှာတော့ တခါက အမဲသားနဲ့
လုပ်တဲ့ kebab က ပြဿနာ တစ်ခါ တက်ဖူး
တယ် အမ။ ဒိန်းမတ်က သားသတ်ရုံတွေမှာ
အရှေ့အလယ်ပိုင်းက လာတဲ့ မူစလင်ဘာသာ
ဝင်တွေပဲ အများဆုံး အလုပ် လုပ်ကြတယ်။
မွေးမြူးရေးရုံမှာ အစိုးရက ပေးတဲ့ သတ်ခွင့်
လိုင်စင် မယူပဲ ကိုယ့်ဘာသာကိုယ် ခိုးသတ်ပြီး
စားသောက်ဆိုင်ကို သွင်းကြတယ်။ အဲဒီတော့
ဒိန်းမတ်လူမျိုးတွေက အဲဒီအမဲသားဟာ
အရှင်ကို သတ်ထားတဲ့ အသား မဟုတ်ဘဲနဲ့
အသေဆီက ရတဲ့အသားဆိုရင် စားသုံးသူ
ပြဿနာ ရှိတယ်ဆိုပြီ ဖြစ်ကြတာ။
ဒိန်းမတ်မှာ ဖြစ်ခဲ့တဲ့ ပြဿနာကို ပြောပြတာ
ပါ အမ။ အမတို့ဆီမှာတော့ အရာရာ
စနစ်တကျ ကောင်းမွန်မှာပါ။
I see !!, Your writting could change the world that you want. Express your thoughts!!. Politics , Business , Entertainment , Sports & Games , Life & Events ,and Health what else?. Meet your like minded here. The top social gathering in one place all the top notches meet here. It is not about win the race, participation is all matters. We proud inviting you to the the internet's best Social community. www.jeejix.com .
Post a Comment