Saturday, September 18, 2010

မနက်စာ ထမင်းကြော်

ရုံးတက်ရက်မနက်တိုင်း စားရတဲ့ ပေါင်မုန့်ကို ငြီးငွေ့လွန်းလို့ ရုံးပိတ်ရက်မှာ စိတ်လိုလက်ရကြော်ထားတဲ့ မနက်စာထမင်းကြော်ပါ။ ကြက်သွန်ဖြူလေးကို ဆီသတ် ပြီးရင် ပြောင်းဖူး၊ မှို (သေးသေးလှီးထား) နဲ့ ငရုပ်သီး အတောင့်နီအကြီး (ပါးပါးလှီးထား)တာကိုထည့်။ ကြက်ဥထည့်မွှေ ဆားနဲနဲထည့် ပြီးမှ ထမင်းကိုထည့်ပါ။ ခရုဆီ စားပွဲဇွန်း ၁ ဇွန်း နဲ့ ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းကိုထည့် ပြီး ထမင်းနဲ့သမအောင်မွှေပေး။ ၅ မိနစ်လောက်နေရင် မီးပေါ်ကချလို့ရပါပြီ။

ငရုပ်သီးကြော်လေးနဲ့ တွဲစားရင်အရမ်းလိုက်ပါတယ်။

3 comments:

ခေးကို said...

looks so yummy :))

subuueain said...

ဝေးးး နက်ဖြန်ထမင်းကြော်စားမယ် :)

စူးနွယ်လေး said...

ထမင်းကြော်ကြိုက်...:):)