စိတ်ဝင်စားသူများ စမ်းကြည့်နိုင်အောင် အရင်ကလုပ်နည်းကို ပြန်ကူးထည့်ပေးလိုက်ပါတယ်
Choco Batter အတွက်
- Butter 100g
- Sugar 80g
- Flour 80g
- 2 Tbsp of Cocoa Powder
- 2 tsp of baking powder
- 2 Tbsp of milk
- ဂျုံ၊ ပွဆေး နဲ့ ကိုကိုး မှုန့်ကို စကာ ချထားပါ
- သကြားနဲ့ ထောပတ်ကို ပွအောင်မွှေပါ
- ဂျုံ နဲ့ နို့ကို သကြားထောပတ်အရောထဲ ထဲ့မွှေပေးပါ။
- ပြီးရင် မုန့်ဖုတ်မယ့် ခွက်ထဲကို စက္ကူခွက်လေးတွေ အရင်ထည့်၊ ပြီးရင် မုန့်နှစ် ၃ ပုံ ၂ ပုံ ပြည့်အောင်ထည့်ပြီး ၁၇၀ ဒီဂရီမှာ ၃၀ မိနစ် ဖုတ်ပေးပါ။မုန့်ကျက်မကျက်သိအောင် ဆူးတံကလေးထိုးပြီး စမ်းသပ်ပါ။ မုန့်နှစ်ကပ်ပါ မလာရင် ကျက်ပါပြီ။
- အချိန်ပြည့်ရင် မုန့်ဗန်းထဲက ထုတ်ပြီး စင်လေးပေါ်မှာ အအေးခံပေးပါ။
- အေးသွားရင် စားလို့ရပါပြီ။
အအေးခံပြီးစားရန်အသင့်
2 comments:
ချောကလက်ဆို အ၇မ်းကြိုက်တဲ့အတွက် စားသွားပါတယ်...အခုလို ကျွေးတဲ့အတွက်လည်းကျေးဇူးတင်တယ်နော်..
ချောကလက်ကိတ်ကလေးတွေ လာစားသွားပါတယ်..
Post a Comment