ဒါကတော့ အမေ့လက်ရာစစ်စစ် ခေါက်ဆွဲကြော်ပါ။ အိမ်မှာ အားလုံးကြိုက်ကြလို့ အမေခဏခဏလုပ်ပေး ရပါတယ်။ ဒီမှာတော့ Fried Kway Teow လို့ခေါ်မလားပဲ။ အမေကတော့ ဟိုတုန်းကတည်းက မလေးခေါက်ဆွဲလို့ပဲ ခေါ်လေ့ရှိပါတယ်။ ဒီက Kway Teow ကြော်တွေကိုစားဖူးပေမယ့် အမေ့လက်ရာကိုတော့မမီပါဘူး။ အမေ မပြန်ခင်လေး လုပ်နည်းလေးမေးပြီး တင်ပေးလိုက်တယ်နော်။
ပါဝင်ပစ္စည်များ
- ဆန်ခေါက်ဆွဲပြားအကြီး ၁ထုပ် (Kwe Teow)
- ပုဇွန်ကို သန့်ရှင်းရေးလုပ်ပြီး ဆား၊ ဆနွင်း (နဲနဲ) နယ်ထားပေးပါ။
- ကြက်သားကို အတုံးသေးသေးတုံးပြီး ပဲငံပျာရည်၊ အချိုမှုန့်နယ်ထား
- ကြက်သွန်နီ ဥကြီး ၂ ဥကို ၄စိပ် ဒါမှမဟုတ် ၆ စိပ်စိပ်ထား
- ကြက်သွန်ဖြူ ၅မွှာကို သေးသေးလှီးထား
- ငရုပ်ကြမ်းမှုန့် စားပွဲဇွန်း ၁ ဇွန်းခန့်
- ပဲပင်ပေါက် လက်၂ ဆုပ်စာလောက်
- ပန်းငရုပ်ပွ ကိုလှီးထား
- ဂေါ်ဖီ အနည်းငယ် (လက်တစ်လုံးစာအပြားလေးများ လှီးထား)
- ကြက်ဥ ၃ လုံး ကိုခေါက်ပြီး အရင်ကြော်၊ ဆီစစ်ထားပါ။
- ပထမဆုံး ခေါက်ဆွဲကို ဖွပေးပြီး ပဲငံပျာရည်၊ ကြက်သားမှုန့်နဲ့ နယ်ထားလိုက်ပါ
- ဆီပူအောင်တည်ပြီး ကြက်သွန်ဖြူ၊ နီဆီသတ်၊ ပြီးရင် ကြက်သားထည့်ပြီး ခဏထားပေးပါ။
- ပြီးရင် ဂေါ်ဖီထည့်မွှေပေးပါ။ ထို့နောက် ငရုပ်ကြမ်းမှုန့်ကိုထည့်ပြီး ၂ မိနစ်နီးပါးလောက်မွှေပေးပါ။
- ပုဇွန်ကို ထည့်မွှေပြီး ၁ မိနစ်လောက်နေရင် ခေါက်ဆွဲထည့်၊ ဆား ၊အချိုမှုန့်၊ ပဲငံပျာရည် ထည့် ပြီး သမအောင်မွှေပေးပါ။
- နောက်ဆုံးမှ ပဲပင်ပေါက် နဲ့ ကြက်သွန်မိတ် ထည့်ပြီး မီးပေါ်မှာ ၃- ၄ မိနစ်လောက်ထပ်မွှေပေးလိုက်ပါဦး။ ကြက်ဥကြော်ထားတာလေးကို သမအောင်ရောထည့်ပေးပြီးရင် စားဖို့ အသင့်ဖြစ်ပါပြီ။
3 comments:
မလေးရှားခေါက်ဆွဲကြိုက်တယ်.. ပုံကြည့်ပြီး စားသွားတယ်နော်.. ကျေးဇူး..
Kway Teow
လာစားတယ် ။အကောင်းတွေ အရမ်းအရမ်း မပြနဲ့လေ
စားချင်လို့ သေသွားနိုင်တယ်
nice site and photo!
Post a Comment