Tuesday, November 30, 2010

ကော်ပြန့်စိမ်း (or) Burmese Style Spring Rolls


ခုတစ်လော ဓာတ်ကျနေတာ ကော်ပြန့်စိမ်းပါ။ အရင်တုန်းကတော့သိပ်မကြိုက်ခဲ့ဘဲ ကော်ပြန့်ကြော်ကိုပိုကြိုက်ခဲ့ပါတယ်။ အသက်ကလေး နဲနဲရလာတော့ ဆီကြော်တွေတတ်နိုင်သမျှရှောင်မှဆိုတဲ့ စိတ်က၀င်လာတယ်။ ပြီးတော့ ဆီကြော်တွေကို စားချင်တဲ့စိတ်လည်း နည်းသွားတယ်။ နဂိုထဲက ဆီကြောက်တာလည်းပါပါတယ်။ တစ်ခါတစ်လေများဆို ဆီနဲလွန်းတော့ ဟင်းတွေက စားမကောင်းဘူး။ ကဲထားပါလေ ဒါကဆီကြောက်တဲ့အကြောင်း။ ဒါနဲ့ပဲ ကော်ပြန့်စိမ်းလုပ်စားဖြစ်တယ်ဆိုပါတော့။

စလုံးကဆိုင်တွေမှာလည်း ကော်ပြန့်စိမ်းရောင်းပါတယ်။ Popiah ဆိုပြီးလေ။ ဒါပေမယ့် သူတို့က ထန်းလျက်ရည်တို့ မြေပဲဆံတို့တွေထည့်လေ့ရှိတယ်။ ကော်ပြန့်အတွက် ချိုလွန်းတယ်လို့ထင်ပါတယ်။ ဗမာပြည်က ကော်ပြန့်အရသာကိုပဲ ပိုကြိုက်ပါတယ်။ အဲဒါကြောင့် အိမ်မှာဘဲ လုပ်စားလေ့ရှိပါတယ်။ တစ်ခုရှိတာက ကော်ပြန့်ဖတ်က ready made ဆိုတော့ ဗမာပြည်ကကော်ပြန့်ဖတ်နဲ့ သိပ်မတူဘူး။ ဒါပေမယ့်လည်း မဆိုးဘူးလို့ပြောလို့ရပါတယ်။ ကော်ပြန့်ဖတ်လုပ်နည်းတော့ရထားတယ်။ မစမ်းကြည့်ရသေးဘူး။ စမ်းကြည့်လို့ အဆင်ပြေရင် ဘလော့ပေါ်မှာတင်လိုက်ပါ့မယ်။


ခုလောလောဆယ်တော့ ready made ကော်ပြန့်ဖတ်နဲ့လုပ်ထားတဲ့ ကော်ပြန့်စိမ်းကို မြည်းကြည့်လိုက်ပါဦး။ လုပ်နည်းကတော့ အားလုံးသိကြပြီးသားဖြစ်မယ်လို့ ထင်ပါတယ်။ စိမ်းစားဥ ၊ ဂေါ်ဖီ၊ မုန်လာဥနီ ကို ပါးပါးလှီး၊ ပဲပင်ပေါက်ကိုရေဆေးထား၊ ပဲပြားကို ပါးပါးလှီးထား။ အဲဒါတွေအားလုံးကို ဆီနဲနဲနဲ့ ကြော်။ အေးရင်ကော်ပြန့်ဖတ်ထဲထည့်လိပ်ပါ။ အိမ်မှာတော့ မစားခင်ရေလေးနဲနဲတောက်ပြီး microwave ထဲကို ၁ မိနစ်လောက်ထည့်ပါတယ်။ ငရုပ်ဆီလေးဆမ်းပြီးရင် စားဖို့အသင့်ပါပဲ။ အများကြီးလိပ်ပြီး freezer ထဲထည့်ထားလိုက်တယ်။ စားချင်ရင် လွယ်တယ်လေ။ တစ်ခါတစ်လေ မနက်စာပေါ့။ တစ်ခါတစ်လေလည်း ညစာအနေနဲ့စားတယ်။




Which type of spring roll do you prefer ? Fried or just a soft one which doesn't go thru deep frying process? To me I like both of them and used to prefer the 'fried' version. However, as the letter 3 starts appearing on my age counter, I am trying to reduce the consumption of deep fried stuffs, little by little.


Here in Singapore, they called it Popiah and it is widely available in most coffee shops . I tried them a few times, however I don't really fancy them as much as I like them in own country as they are way too sweet for my liking. No offence but my preference would be my country style Popiah. So, in order to fulfil my craving, I made my own version of it quite often. However, not knowing that spring roll skin can be eaten as it is after steaming, I ended up deep frying them most the time.


This really is a new finding for me. I was quite delighted with my finding as it is not only healthier but also omit the air pollution in my squeeze living room (Fumes which release from deep frying process are really a headache for me). What a nicer way to consume it,huh. If I have chance, I will try to make Popiah skin by myself and not forgetting to share with you guys the result, of course.
In the mean time, here is my version of Popiah using a normal spring roll skin which I grab from grocery shop ;-)
  • 1 Small turnip (shredded)
  • 1 small carrot (shredded)
  • 1/2 of small cabbage (shredded)
  • 500gms of bean sprout
  • salt to adjust
  • 2 tbsp of oil
  1. Heat up oil in wok.
  2. Add in bean sprout first and stir fry for about 2 mins.
  3. Then add in shredded turnip & carrot. Lastly add in shredded cabbage.
  4. Sprinkle some salt and adjust to taste.
  5. Let it cool completely before wrapping.
  6. Wrap the above mixed veggie with spring roll skin. Put it in microwave for 1 min before severing.
  7. Serve it with chili sauce while hot. Enjoy.

7 comments:

rose said...

မမEvyရေ...ကော်ပြန့်စိမ်းလေး စားသွားတယ်။ ရို့စ်လည်း ကော်ပြန့်စိမ်း ကြိုက်တယ်။ ပြင်ထားတာလေးက သပ်သပ်ရပ်ရပ်နဲ့ စားချင်စဖွယ်လေး။

Shinlay said...

ကော်ပြန်စိမ်းကို ကြိုက်ပါတယ်။ အဖတ်ဝယ်လို့ မရပါ။
ဗီယက်နမ်က ဆန်ပြားကြတော့လည်း မရှိသုံးပဲစားဖြစ်ပါတယ်။ ကော်ပြန့် ဖတ်လုပ်နည်းလေးရရင်တော့ေ၇းပါအုံးနော်။။

Anonymous said...

စားချင်စရာလေး
အသက်လေးကလည်း ရလာပြီဆိုပဲ
ကိုယ့်ကိုများ ပြောနေသလားလို့
ခဏခဏ သတိမပေးနဲ့ကွယ် ညလေးရယ် :)

Baby taster

ပါရမီဖြည့်ဖက်လေး said...

ကော်ပြန့်စိမ်းကြိုက်တယ်။ လာစားသွားတယ်နော်။

စန္ဒကူး said...

အဲဒီ readymade ကော်ပြန့်ဖတ်က အခြောက်လား..
ဒါမှမဟုတ် အစိုလားဟင်...
ဒီမှာအခြောက်တွေဘဲရှိလို့..ပေါင်းရင်လဲ အဲလိုပုံမထွက်လာဘူး...

Evy said...

ကျေးဇူးပါ နီပိုရေ။

လုပ်နည်းတော့ရထားတယ်မရှင်လေးရေ။ စမ်းကြည့်လိုက်ဦးမယ်။ အောင်မြင်ရင်တင်လိုက်မယ်နော်။

တိုက်ဆိုင်သွားရင် ခွင့်လွှတ်ပါ မမမြတ်ရေ :D

ကျေးဇူးနော် ပါရမီဖြည့်ဖက်လေး

ကူးကူး ကော်ပြန့်ဖတ်က အစိုရောင်းတာ။ အထုပ်နဲ့လာတာ တစ်ထုတ်မှာ အခု ၄၀ သို့မဟုတ် ၅၀ပါတယ် ၊ ဓာတ်ပုံရိုက်တင်လိုက်မယ်နော်

T T Sweet said...

ကော်ပြန့်စိမ်းလာငမ်းသွားတယ် Evy ရေ။ စလုံးက popiah လဲ ကြိုက်ပါတယ်။ သူကအစာတွေ အစုံပဲ ထည့်ရတာ။ တစ်ခါလုပ်စားဖူးတာ။ စားလို့တော့ကောင်းပါရဲ့။ အလုပ်ရှုတ်တာနဲ့ စားရတာနဲ့ မကာမိလို့ နောက်ပိုင်း ၀ယ်ပဲစားဖြစ်တော့တယ်။