Wednesday, September 29, 2010

ထမင်းပေါင်း (Steamed rice with mixed veggie)



ဟင်းသပ်သပ်ချက်ရမှာပျင်းတာနဲ့ လုပ်စားလိုက်တဲ့ ထမင်းပေါင်းပါ။ လုပ်နည်းကတော့ အားလုံးသိပြီးသားဖြစ်မှာပါ။ ကြက်သား၊ ပုဇွန် နဲ့ အသီးအရွက်တွေ အားလုံးကိုကြော်ပြီး ကော်ရည်များများထည့် ၊ ထမင်းပေါ်လောင်းလိုက်ရင် ထမင်းပေါင်းပေါ့။


In Burma we used to call this dish as Hta Min Puang (meaning steamed rice, however, it's just a name). Basically it includes all sorts of stir fried veggies as well as meat and prawns in rich gravy which made from corn flour. We serve it in this way -pour the mixed veggie with gravy on top of white rice and serve. All in one and it's simply delicious.


Here are the ingredients ( I don't have exact amount as I sampled them and put in together)

  • 100g of chicken (cut into pieces and marinate with seasoning powder and light soy sauce*)
  • some prawns (remove the shell and clean)
  • 1 carrot (slice thinly)
  • some bean sprouts
  • 1 red onion ( cut it into big chunks)
  • some green beans
  • some cabbages (cut into 1 to 2 inches wide long pieces)
  • some tomatoes (cut into pieces)
  • baby corn (slice thinly)
  • some mushrooms (slice thinly)
  • some Chinese cabbages
  • 3 tablespoons of corn flour + 1 teaspoons of dark soy sauce* - mix with 3 cups of water.

Method,

  1. Heat up 2 Tbsp of oil in the wok. Add in marinated chicken , onion and fry until onion becomes soft.
  2. Add in prawns, carrots, mushrooms , corn , 1 table spoon of oyster and stir fry for about a min.
  3. Add in the rest of the ingredients, seasoning powder , salt and continue to fry for another 2- 3 mins.
  4. Add in corn flour+ water sauce mixture and continue to cook until the gray is slightly thicken.
  5. pour the mixture onto a cup of cooked rice (prepared on the plate) and ready to serve. The best is to serve it hot. Enjoy.

* To me , color of the food is very important. It wont be appealing at all if there is no color in the food though it is delicious.

Saturday, September 25, 2010

ငါးပဲငါးပိကြော်ချက်


ငါးပဲငါးပိအချိုချက်ကတော့ ဟင်းအဆန်းမဟုတ်ပါဘူး။ အရင်တုန်းကလည်း တင်ဖူးပါတယ်။ အိမ်မှာတစ်ခါတလေမှပဲ ချက်ဖြစ်တဲ့ ဟင်းပါ။ ကြော်ပြီးချက်ရင် ဆီစင်တဲ့ အပြင် ညှော်တဲ့ဒဏ်ကို မခံနိုင်လို့ တော်တော်ကြာမှ တစ်ခါ ချက်ဖြစ်တာပါ။ ဆီညှော် တဲ့အနံ့ကို အင်မတန်မှ မုန်းပါတယ်။ နောက်တစ်ခုက ကျွန်မ မုန့်ဖုတ်နေတုန်း ဟင်းချက်တဲ့ ဆီသတ်နံ့ရရင်လည်း အတော်ကို စိတ်ထဲမှာ မသက်မသာဖြစ်ရပါတယ်။ ကျွန်မက မုန့်ဖုတ်နေတုန်း မီးဖိုချောင်ထဲမှာ မုန့်နံ့သင်းသင်းလေးပဲ ရနေချင်တာပါ။

ငါးကြော်တဲ့အကြောင်းပြောရာကနေ ဘေးတွေချော်ကုန်ပြီ။ Sebass ငါး (ဗမာလိုဘယ်လိုခေါ်မှန်းမသိလို့) ကို အရွယ်တော်အတုံးလေးတွေတုံးပြီး ဆနွင်း၊ ဆား နယ်ထားလိုက်ပါတယ်။ ပြီးရင် ဆီပူပူမှာ ကြွပ်လာတဲ့အထိကြော်ပြီး ဆီစစ်ထားလိုက်တယ်။

အနှစ်အတွက် ကြက်သွန်ဖြူ ၄မွှာ နဲ့ ဂျင်း ကိုသေးသေးလှီးပြီး ဆီသတ်ပါ။ ပြီးရင် ကြက်သွန်နီ ပါးပါးလှီးထားတာကိုထည့်ပြီး နွမ်းသွားအောင်တည်ပါ။ ပြီးမှ ငါး၊ ပဲငံပျာရည် အကြည်၊ အနောက်၊ ပဲငါးပိ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်၊ကြက်သားမှုန့်ထည့် ၊ ခရမ်းချဉ်သီး အ၀ိုင်းလှီးထားတာကိုထည့် ၊နောက်ဆုံးမှ ငရုပ်သီးအနီတောင့်ပွ ပါးပါးလှီးထားတာကို ထည့်ပါ။ ဆီပြန်ရင်ရပါပြီ။

Monday, September 20, 2010

ပူတင်းပေါင်မုန့်




အလုပ်နဲနဲရှုပ်နေတာနဲ့ မုန်မလုပ်ဖြစ်တာ ၁ ပတ်လောက်ရှိသွားပါပြီ။ ဒီနေ့တော့ ပြီးခဲ့တဲ့ တနဂ်နွေက မေမေ့အတွက် လုပ်ထားတဲ့ ပူတင်းပေါင်မုန့်လေး တင်လိုက်ပါတယ်။ Facebook ထဲကသူငယ်ချင်း မခိုင်ရဲ့ နည်းနဲ့ လုပ်ထားတာပါ။ ရိုးရိုးပူတင်းကတော့ အိမ်မှာလုပ်နေကြပါ။ ပူတင်းပေါင်မုန့်ကတော့ ပထမဦးဆုံးအကြိမ်စမ်းဖူးခြင်းပါ။ ပေါင်မုန့်ထဲကို ပူတင်းအရသာဝင်ပြီး ဆိမ့်ဆိမ့်လေးနဲ့ အရမ်းစားကောင်းပါတယ်။ လုပ်နည်းအတွက် မခိုင်ကို ကျေးဇူးအထူးပါနော်။

လုပ်နည်း (နည်းနည်း modify လုပ်ထားပါတယ်)
ပေါင်မုန့် ၆ ချပ်

ထောပတ် အနည်းငယ်
နို့ ၃ခွက်
ကြက်ဥ ၅လုံး
သကြား ၅ ဇွန်း (စားပွဲဇွန်း) + နို့ဆီ ၁ ဇွန်း

  1. ကြက်ဥကိုအရင်ခေါက်ပါ
  2. သကြားကိုထည့်ရောပြီးသကြားပျော်သွားးအောင်မွှေပေးပါ
  3. ပြီးရင်နို့ကိုရောထားပေးပါ.
  4. ပေါင်မုန့်တခုချင်းကို ထောပတ်သုတ်ပါ
  5. ပေါင်မုန့်ဖုတ်မည့် ဗန်းကိုထောပတ်သုပ်လိမ်းပါ.
  6. ပြီးရင်ပထမလွှာအဖြစ်ပေါင်မုန့်ကိုထည့်ပါ.ပြီးရင်နို့အရောကိုပေါင်မုန့်ပေါ်သို့လောင်းချပေးပါ.ဒုတိယလွှာပေါင်မုန့်ကိုတင်ပါ၊ နို့ကိုလောင်းချပေးပါ.မုန့်တွေစိုပြီးနေလိမ့်ပါမည်.မုန့်တွေနို့ရည်စိမ့်ဝင်သွားအောင်လို့ ၁ နာရီလောက်ထားပေးပါ.
  7. မုန့်ကင်ရန်အပူချိန်၂၀၀'cနှင့် ၃၀မိနစ်ကင်ပေးပါ.
    မုန့်ကျက်မကျက်ကိုမုန့်သားကိုဓါးချွန်နှင့်ထိုးကြည့်လို့ မုန့်နှစ်ကပ်မပါလာဘူးဆိုရင်မုန့်ကျက်ပြီ.
    ဒါဆိုရင်းပေါင်မုန့်ပူတင်းလေးရပါပြီ။

ရေခဲသေတ္တာထဲမှာ အရင်အေးသွားအောင်ထားပြီးမှ စားရင်ပိုစားကောင်းပါတယ်

Saturday, September 18, 2010

မနက်စာ ထမင်းကြော်

ရုံးတက်ရက်မနက်တိုင်း စားရတဲ့ ပေါင်မုန့်ကို ငြီးငွေ့လွန်းလို့ ရုံးပိတ်ရက်မှာ စိတ်လိုလက်ရကြော်ထားတဲ့ မနက်စာထမင်းကြော်ပါ။ ကြက်သွန်ဖြူလေးကို ဆီသတ် ပြီးရင် ပြောင်းဖူး၊ မှို (သေးသေးလှီးထား) နဲ့ ငရုပ်သီး အတောင့်နီအကြီး (ပါးပါးလှီးထား)တာကိုထည့်။ ကြက်ဥထည့်မွှေ ဆားနဲနဲထည့် ပြီးမှ ထမင်းကိုထည့်ပါ။ ခရုဆီ စားပွဲဇွန်း ၁ ဇွန်း နဲ့ ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းကိုထည့် ပြီး ထမင်းနဲ့သမအောင်မွှေပေး။ ၅ မိနစ်လောက်နေရင် မီးပေါ်ကချလို့ရပါပြီ။

ငရုပ်သီးကြော်လေးနဲ့ တွဲစားရင်အရမ်းလိုက်ပါတယ်။

Sunday, September 12, 2010

BBQ Sambal Stingray ( ငါးလိပ်ကျောက်ကင်)


ဒါ စလုံးရဲ့ ဟင်းတစ်မျိုးပါ။ ဗမာပြည်မှာနေတုန်းကတော့ ငါးလိပ်ကျောက်ကို စားလို့ရတယ်လို့တောင်မသိခဲ့ပါဘူး။ စလုံးရောက်တော့မှပဲ စစားဖူးတာ။ အတိအကျ ပြောရရင် လွန်ခဲ့တဲ့ ၄ နှစ်လောက်ကမှ စစားဖူးတာ။ ဘယ်သူစကျွေးတာလဲလို့ မမေးနဲ့နော်။ ထုံးစံအတိုင်း အစားကြိုက်တဲ့ အိမ်ကလူ လက်ချက်ပေါ့။ သူစားတဲ့ ငါးဆိုလို့ ၂ မျိုးလောက်ပဲ ရှိတယ်။ အဲဒီ ငါးမျိုးရယ် အရိုးမပါတဲ့ ငါးရယ် (အရိုးနွှင်ထားတဲ့ ငါးကိုဆိုလိုတာပါ) ပဲစားတယ်။ မမိုရဲ့ နည်းနဲ့ချက်တဲ့ ငါးသံပုရာ ချဉ်စပ်ဆို သူအရမ်းကြိုက်ပေါ့။ အရိုးနွှင်ရမှာ ပျင်းတာနဲ့ ခဏခဏ မချက်ဖြစ်တာ။

ဒီတစ်ခါတော့ Balacan Stingray ကို ပထဆုံးအိမ်မှာလုပ်ကြည့်လိုက်ပါတယ်။ NTUC မှာ stingray တစ်ခါတလေ ရောင်းပါတယ်နော်။ ပထမဆုံး ငါးကို ရေဆေးပြီး ရေစစ်ထားလိုက်ပါ။ ပြီးရင် Sambal Shrimp ၃ ဇွန်း၊ ငရုပ်သီး အနီး ၂တောင့်၊ ကြက်သွန်နီဥ အကြီးတစ်လုံး၊ ကြက်သွန်ဖြူ ၄ မွှာ ကို blender မှာရောကြိတ်ပေး။ ရလာတဲ့ အနှစ်တွေကို ငံပျာရည် တစ်ဇွန်း၊ ကြက်သားမှုန့် ၁ဇွန်းနဲ့ ရောလိုက်ပြီ ငါးထဲကို စိမ့်ဝင်အောင် နာနာနယ်ပေးပါ။ ၁ နာရီလောက် နှပ်ထားမှ ကောင်းတာပါ။

ဒါမကင်ခင်ပုံ


အဆင်သင့်ဖြစ်ပြီ ဆိုရင် ၁၇၀ ဒီဂရီ preheated oven မှာ ၁၅ မိနစ် - ၂၀ မိနစ်လောက်ကင်ပေးပါ။ ဒီ့ထက်ပိုကင်ရင်အရမ်းခြောက်သွားပါလိမ့်မယ်။ အဲဒါဆိုစားလို့သိပ်မကောင်းပါ။ ခုတစ်ခေါက် အိမ်မှာကင်တဲ့ဟာတောင် နဲနဲခြောက်တယ်လို့ပြောလို့ရပါတယ်။ ပြီးရင် သံပုရာရည် ရွှဲရွှဲလေးညှစ်ပြီး စားလို့ရပါပြီ

Friday, September 10, 2010

အင်ဒိုနီးရှား ပဲပုတ်ချက်

ပဲပုတ်အစစ်နီးပါးကို အရသာကောင်းတဲ့ အင်ဒိုနီးရှားပဲပုတ်ပါ။ Tempe လို့ခေါ်ပါတယ် ။အနံလည်းသိပ်မထွက်ပါဘူး။ ခရမ်းချဉ်သီးများများ နဲ့ ချက်လိုက်ပြီး ဆလပ်ရွက်လေးနဲ့တို့စားရင် အရမ်းအရသာကောင်းပါတယ်နော်။ သူက ဆားလေးနဲနဲတော့ပိုထည့်ရတယ်။ ပင်ကိုယ်ံအရသာက မငံပါဘူး။

ဒီမှာမလေးဆိုင်တွေမှာတော့ ပဲပုတ်ကို သကြားနဲနဲထည့်ကြော် ပြီး ငါးသေးသေးကြော်တို့၊ မြေပဲကြော်တို့တွေနဲ့ စားကြတာမြင်ဖူးပါတယ်။ တစ်ခါမှတော့ မမြည်းဖူးပါဘူး။ အိမ်မှာဘဲ စိတ်ကြိုက် ခရမ်းချဉ်သီး များများနဲ့ချက်စားလိုက်ပါတယ်။ ဒါကအိမ်မှာချက်တဲ့ပုံစံပါ။ တကယ့်ရှမ်းပြည်က ချက်တဲ့ပုံမျိုးနဲ့ တူချင်မှတူမှာပါ။ စိတ်ကူးပေါက်သလိုချက်ထားတဲ့ ပဲပုတ်ချက်ပါနော့။

  • Tempe ပဲပုတ် ၁ ထုတ် (ကတ်ကျေးနဲ့ သေးသေးညှပ်ထား)
  • ခရမ်းချဉ်သီး ၅ လုံး (ပါးပါးလှီးထား)
  • ငါးပိ နဲနဲ
  • ပဲငံပျာရည် စားပွဲဇွန်း ၂ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ ရမွှာ (ထောင်းထား)
  • ငရုပ်သီးတောင် အနီအသေး (အစပ်စားနိုင်သလောက်ထည့်ပါ)

ဆီစားပွဲဇွန်း ၆ ဇွန်းလောက်ကို ပူအောင်တည်။ ကြက်သွန်ဖြူထည့်။ ကြက်သွန်အနားလေးတွေ နဲနဲကြွပ်စ ပြုရင် ငါးပိ၊ ခရမ်းချဉ်သီးထည့် ပြီး နူးအောင်တည်ပါ။ ပြီးမှ ပဲပုတ်ထည့် ဆား၊ပဲငံပျာရည်၊ ငရုပ်သီးတောင့် နဲ့ ရေနည်းနည်းထည့်ပါ။ ဆီပြန်ရင်ရပါပြီ။

Wednesday, September 8, 2010

Green Tea Red Bean Cake


Break Talk က Matcha ကို အားကျလို့လိုက်လုပ်ထားတဲ့ မုန့်လေးပါ။ မတူမှန်းတော့ သိပါတယ်။ ကြည့်ရတာ ချစ်စရာလေးမို့စမ်းကြည့်လိုက်တာ။ မွေးနေ့တွေက ဒီရက်ပိုင်းမှာ များတော့ လေ့ကျင့်တဲ့ အနေနဲ့လုပ်တာလည်းပါပါတယ်။ အရသာက ဆိုင်ကို မမှီပေမယ့် လုပ်တဲ့လူရဲ့စေတနာကိုတော့ ဆိုင်တွေဘယ်ယှဉ်လို့ရမှာလဲနော်။


မုန့်သားလုပ်နည်းကိုတော့ အရင်ကလုပ်တဲ့ layer cake တွေအတိုင်းသုံးထားပါတယ်။ ပိုထည့်လိုက်တာဆိုတော့ green tea အမှုန့် လက်ဖက်ရည် ၁ ဇွန်းရယ်၊ အစိမ်းရောင်နဲနဲ ရယ်ပါ။ ကျန်တာတွေအကုန် အတူတူပဲ။ အထဲမှာထည့်တဲ့ အဆာပလာ ကတော့ cream နဲ့ red bean လေးတွေပါ။


တချို့တွေက ဒီလိုမုန့်မျိုးတွေကို အရမ်းဝ တယ်လို့ထင်ကြတယ်။ Cream တွေပါလို့လေ။ ဒါကလည်း သုံးတဲ့ Cream ပေါ်မူတည်ပါတယ် ။ Butter Cream ဆိုရင်တော့သိပ်ဝမှာသေချာပါတယ်။ ကျွန်မကတော့ butter cream ကိုလုံးဝ မကြိုက်ပါဘူး။ စားလိုက်ရင် အဆီတွေပါတဲ့ အရသာမျိုးမို့လို့မကြိုက်တာ။ အိမ်မှာသုံးတဲ့ cream ကတော့ Non Dairy Whipping Cream ပါ။ သူက အဆီပါတဲ့ အရသာမျိုးလုံးဝမရှိပါဘူး။ အိမ်မှာတော့ cream layer ကိုပါးပါးလေး တမင်လုပ်ပါတယ်။ အဲဒီတော့ အ၀လည်း သက်သာတာပေါ့နော်။ အိမ်မှာလုပ်တဲ့မုန့်တွေရဲ့ ကောင်းချက်ကတော့ ကိုယ်ကြိုက်တဲ့ Ingredients ကို ကိုယ့်ဘာသာ control လုပ်လို့ရတာပါပဲ။ ကျွန်မတော့ ထောပတ်တို့ သကြားတို့ကို တတ်နိုင်သမျှလျော့ပါတယ်။ မလျော့ပဲလုပ်ရမယ့်မုန့်မျိုးတွေကိုတော့ တခါတလေမှလုပ်ဖြစ်ပါတယ်။

ဒါကတော့ ပါဝင်ပစ္စည်းနဲ့ sponge layer လုပ်နည်းပါ။

Recipe

  • All purpose flour 60g
  • 2 Eggs
  • water 36g
  • Match Powder 1 tsp
  • Baking powder 1g
  • Milk powder 4g
  • Sugar 65g
  • Margarine 18g (melted)

Method

  1. ရေနဲ့ နို့မှုန့်ကို ရောဖျော်ထားပါ။
  2. Flour/ Baking powder ကိုဇကာချထားပါ။
  3. ကြက်ဥ နဲ့ သကြားကို ribbon like stage ဖြစ်တဲ့ အထိစက်နဲ့မွှေပါ
  4. နို့နဲ့ flour mixture ကို ထည့်ပေးပါ၊ သမအောင် ဖြေးဖြေးမွှေပါ။ အရမ်းမွှေလို့မရပါ။
  5. နောက်ဆုံးမှ ထောပတ်ကိုထည့်ပါ။
  6. ရလာတဲ့ မုန့်နှစ်ကို မုန့်ဖုတ်ခွက်ထဲထည့် ၊ ၁၇၀ ဒီဂရီ oven မှာ ၂၅ မိနစ်ကြာအောင်ဖုတ်ပေးပါ။ ပြီးရင် အအေးခံပါ။

ပြီးတော့ Sponge layer ကို အအေးခံပြီးမှ ၃ လွှာလွှာထားလိုက်ပါတယ်

Cream နဲ့ရောဖို့ red bean လေးတွေကိုတော့ကြိုပြီးအအေးခံထားပါ။ whipping cream ကိုပွအောင်ခေါက်ပြီးမှ ပဲနဲ့ရောပါတယ်။

ခုနက sponge layer ပထမဆုံးအလွှာကို အရင် board ပေါ်မှာတင် Sugar Syrup နဲ့သုတ်ပြီး red bean cream အရောကိုညီအောင်သုတ်ပါ။ နောက်အလွှာတွေကိုလည်း ဒီနည်းအတိုင်းဆက်လုပ်ပါ။ ပြီးမှ မျက်နှာပြင်ကို စိတ်ကြိုက်အလှဆင်ပါ။ ဒါဆို မုန့်လေး အဆင်သင့်ဖြစ်ပါပြီ။

(စကားချပ် - မုန့်က သိပ်မညီဘဲ တဖက်နဲနဲစောင်းနေတယ် :D )


Monday, September 6, 2010

Butter Cookies ( 2nd batch)

သူငယ်ချင်းအတွက် ယူသွားတဲ့ cookies လေးတွေပါ။ ဒီတစ်ခါတော့ Cookie Press အသစ် လေးနဲ့ပေါ့။ အိမ်မှာ cookie press အသေးလေးတစ်ခုရှိပါတယ်။ ပထမတစ်ခါတုန်းက အဲဒီ အသေးလေးကိုသုံးတာ။ သိပ်သေးလွန်းတော့ တစ်ခါလုပ်ရင် cookies ၂ခုပဲလုပ်လို့ရတယ်။ အတော်လည်းလက်ဝင်ပါ့။ ဒါပေမယ့် ပုံလေးကတော့ ပိုလှတယ်။

အရသာကလည်းမဆိုးတော့ သူငယ်ချင်းတွေကိုလက်ဆောင်ပေးဖို့ အကြံရရော။ ဒီအသေးလေးနဲ့သာ မုန့်လုပ်ရရင်တော့ လက်ဆောင်ပေးဖို့ဆိုရင် တနေကုန်များလုပ်ရမလားဆိုပြီး Cookie Press အကြီးဝယ်တဲ့ဆီ ရောက်သွားတာ။ ဒီအကြီးတစ်ခုက တစ်ခါလုပ်ရင် ၂၅ ခုလောက်လုပ်လို့ ရပါတယ်။ မုန့်ကို ဖိထည့်ပြီး ခလုတ်လိုညှစ်လိုက်ရုံပဲ။ ပုံစံလေးတွေမျိုးစုံ ၁၆ ခုပါပါတယ်။ ကြိုက်တဲ့ပုံကတော့ ၃ ၊ ၄ခုပဲရှိတယ်။ အကြိုက်ဆုံးကိုပြောဆိုရင်တော့ ပထမ အသေးလေးနဲ့ လုပ်တဲ့မုန့်ပုံလေးကို အကြိုက်ဆုံးပါပဲ။

မုန့်လုပ်နည်းကတော့ ပထမ တစ်ခါတုန်းကအတိုင်းပဲမို့လို့ ထပ်မရေးတော့ပါဘူး။ လုပ်နည်းကို ဒီမှာဘဲ သွားကြည့်လိုက်ကြပါနော်။

Cookie Press အကြီးပုံ


မုန့်မဖုတ်ရသေးခင် ပြင်နေတုန်း

စင်လေးပေါ်မှာ အအေးခံနေစဉ်

ယူသွားဖို့ အသင်ဖြစ်နေပါပြီ။

Saturday, September 4, 2010

ထောပတ်သီး ဖျော်ရည်

တစ်နေ့ NTUC ကနေ ထောပတ်သီး ၀ယ်လာဖြစ်လို့ လုပ်သောက်ဖြစ်တဲ့ ထောပတ်သီး ဖျော်ရည်ပါ။ ထောပတ်သီး ဖျော်ရည်ကို ဗမာပြည်မှာကတည်းက သိပ်ကြိုက်ခဲ့တာ။ ကြိုက်တဲ့ အကြောင်းအရင်းကလည်း ဒီလို။ "မောင်" ဇတ်ကား (မေသန်းနု + ရန်အောင်) ကားကနေစ တာ။ အဲဒီ ကားစပေါ်တဲ့ အချိန်မှာ ကျွန်မက ကလေးသာသာပဲ ရှိသေးတာ။ ၁၂-၁၃ လောက်ပဲလားမမှတ်မိတော့ဘူး။ အဲဒီကားထဲမှာ ရန်အောင်က ထောပတ်သီး ဖျော်ရည်ကို နေ့တိုင်းမှာသောက်တာလေ။ သူလည်းအဲလိုသောက်တာလည်းတွေ့ရော အမေ့ကိုမေးရော အဲဒါဘာဖျော်ရည်လဲပေါ့။ သောက်ချင်တယ်ဆိုပြီး စပြီးရောဂါတက်တာ (အဲဒီ အချိန်အထိ ထောပတ်သီးဖျော်ရည်ကို တစ်ခါမှမသောက်ဖူးသေးဘူး)

အဲဒီနောက်ပိုင်းကစပြီး အအေးဆိုင်သွားထိုင်တိုင်း မှာလိုက်ရင်ထောပတ်သီးပဲ။ စက်ဖျော်လည်းမကြိုက်ဘူး။ အဖတ်ကလေးတွေပါမှပိုသောက်ချင်တာ။ ပြီးခဲ့တဲ့ နှစ် ဗမာပြည်ပြန်တုန်းကတော့ အ၀သောက်ခဲ့ရတယ်။ ရပ်စောက်မှာ ထောပတ်သီးတွေ အရမ်းပေါဆိုတော့ နေ့တိုင်း အိမ်မှာ ထောပတ်သီးမပြတ်ဘူး။ အဲဒီတစ်ခေါက်ပြန်ပြီးကတည်းက မသောက်ဖြစ်တာခုထိပါဘဲ။ ဒီမှာ ထောပတ်သီးတွေလဲ တွေ့နေရဲ့သားနဲ့ မ၀ယ်ဖြစ်တာ။ ခုတော့ အိမ်မှာထောပတ်သီးရှိနေတာနဲ့ ကြုံတုန်းလက်ဖျော်လုပ်သောက်လိုက်ပါတယ်။ မသောက်ရတာကြာလို့လားမသိ၊ သောက်ရတာ အရမ်းအရသာရှိနေပါတယ်။

အိမ်မှာဖျော်တဲ့ဖျော်နည်းကတော့
  • ထောပတ်သီးတစ်လုံး (ဇွန်းနဲ့ချေထား)
  • ရေ ၁ ခွက်
  • နို့ဆီ စားပွဲဇွန်း ၁ ဇွန်းခွဲ (အချိုကြိုက်ရင်ပိုထည့်ပါ)

အာလုံးရောပြီးသမအောင်မွှေလိုက်ရင် ထောပတ်သီးလက်ဖျော်ဖြစ်ရောပေါ့။

Wednesday, September 1, 2010

Chicken Kebab


Chicken Doner Kebab ဒါက Turkish အစားအစာတစ်မျိုးပါ။ Doner ဆိုတာ Turkish စကားပါ၊ Doner Kebab ကို"rotating roast" လို့အဓိပ္ပါယ် ဖွင့်ထားပါတယ်။ (အိမ်မှာလုပ်တဲ့ Kebab ကတော့ မလည်နိုင်လို့ Chicken Kebab လို့ပဲ နာမည်ပေးလိုက်ပါတယ် :D ) Doner Kebabကို ကင်တဲ့ပုံ ကအောက်မှာပြထားတဲ့ ပုံထဲကလိုပါ။ ပထမဆုံး အသားတွေကို တစ်လွှာပြီးတစ်လွှာထပ်ပြီး ကပ်နေအောင် သံချောင်းအရှည်မှာထိုးပါတယ်။ ပြီးမှ အဲဒီသံချောင်းကို လည်လို့ ရတဲ့အောက်ချေမှာစိုက်ပြီးလည်စေပါတယ်။ အဲဒီ သံချောင်း ရဲ့ဘေးမှာ အပူပေးတဲ့ မီးအပူအချောင်း ရှိပါတယ်။ အဲဒီအပူရှိန် နဲ့ပဲအသားတွေက တဖြည်းဖြည်းကျက်သွားတာ။ Tortilla (သို့) Pita Bread ထဲမှာ အဲဒီပါးပါးလှီးထားတဲ့ အသားကင်၊ အသီး အရွက်နဲ့ sauce မျိုးစုံကိုထည့် ပြီးလိပ်စားရတာပါ။ အရသာအတော့်ကိုကောင်းပါတယ်။၁၉ရာစုလောက်ကစပြီး ဒီအစားအစာပေါ်တယ်လို့ ရေးထားပါတယ်။ အပြည့်အစုံသိချင်ရင်တော့ ဒီမှာ ဖတ်ကြည့်လိုက်ပါနော်။



စလုံးမှာတော့ Pasamalum တွေမှာ တွေ့ရတတ်ပါတယ်။ အရင် (၁၀နှစ်လောက်ရှိပြီ) ကတော့ Tempines မှာတစ်ဆိုင်တွေ့ဖူးတယ် (ခုတော့ မရှိတော့ပါ) ။ အဲဒီနောက်ပိုင်း ဆိုင်နဲ့တော့ မတွေ့ဖူးတော့ဘူး။ ရှိချင်လည်း ရှိမှာပါ။ ကျွန်မက နေရာအစုံ သိပ်မရောက်တာကြောင့် မတွေ့တာလည်းဖြစ်နိုင်ပါတယ်။ Aussie မှာတော့ Kebab ရောင်းတဲ့စားသောက်ဆိုင် အတော်များများကို တွေ့ခဲ့ပါတယ်။ အသားတွေလည်း အစုံပါပဲ။ ဒီမှာတော့ Chicken နဲ့ရောင်းတာပဲတွေ့ဖူးတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က Pasamalum သွားပြီး ၂ ယောက်သား Kebab သွားစားကြပါသေးတယ်။ ဈေးကလည်း သိပ်မသေးပါဘူး ။ တစ်ခုကို ၅ $ လောက်ပေးရတာ။ ထမင်းတစ်ပွဲစာလောက်ဖြစ်နေပြီ။

Pasamalum ကလည်း အမြဲတမ်းမရှိနိုင်ဘူးလေ။ အဲဒီတော့ ဈေးလည်းသက်သာ ၊စားချင်တဲ့ အချိန် လည်းစားလို့ရအောင် ကိုယ်တိုင်စမ်းလုပ်ကြည့်လိုက်တာ။ မဆိုးပါဘူး။ တစ်ခုပဲ အိမ်မှာ ရေခဲရိုက် ပလာတာတွေအများကြီးဖြစ်နေတာနဲ့ Tortilla အစားပလာတာနဲ့ အစားထိုးလိုက်တာ ။ အရသာက ခပ်ဆင်ဆင်ပါဘဲ။ Tortilla နဲ့မှ စမ်းချင်တယ်ဆိုရင်လည်း Fair price မှာ Tortilla တွေအသင့်လုပ်ပြီးသားရောင်းတယ်နော်။ စမ်းကြည့်လိုက်ပါဦး။ အရမ်းစားကောင်းလို့ အိမ်မှာ လုပ်နေရတာ ၃ရက်ဆက်တိုက်ရှိပါပြီ :D


ပါဝင် ပစ္စည်းများ
  • Totilla (သို့) ပလာတာ
  • ဆလပ် ရွက် အ၀ိုင်း (သေးသေးလှီးထား)
  • ခရမ်းချဉ်သီး (သေးသေးလှီးထား)
  • Cheese အမှုန့် (မကြိုက်ရင် မထည့်လည်းဖြစ်ပါတယ်)
  • Thousand Island Dressing/ Mayonnaise/ Chilli Sauce
  • ကြက်သား ကိုဆီ၊ ပဲငံပျာရည် နဲ့ ရေခန်းအောင်ပြုတ်ပြီး အမျှင်လေးတွေထွင်ထား (အိမ်မှာတော့ တနေ့ကကြက်ကင်ပိုတာနဲ့ အဲဒါကို ပဲ နွှင်လိုက်ပါတယ်)
ပထမဆုံး ပလာတာကို ဆီနဲနဲလေးနဲ့ ကြော် ပြီး ဆီတွေကို ပြန်သုတ်ထားပါ။( Tortilla ဆိုရင်တော့ ဘာမှလုပ်စရာမလိုပါဘူး။ တစ်ခါတည်း တန်းသုံးလို့ရပါတယ်) ပြီးရင် ကြက်သားကို ပလတာအလယ်မှာတင် Cheese အမှုန့်ဖြူး ပြီး microwave မှာ ၃၀ မိနစ်လောက်ပြန်အပူပေးပါတယ်၊

ဒါအပူပေးပြီးပုံ
ပြီးမှာ အပေါ်က အသီးအရွက်တွေတင်။ sauce တွေဆမ်း ပြီးလိပ်လိုက်ရင် ရပါပြီ။ စားဖို့အသင့်ပါဘဲ။