စားလို့ကောင်းလှတဲ့
ယိုးဒယားစတိုင် ပင်စိမ်းကြက်သားဟင်းပါ။ ဒီဟင်းလေးကတော့ အများစုနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါနော်။
အိမ်မှာပြန်ချက်ကြည့်ပြီး တော်တော်စားလို့ ကောင်းတာမို့ လုပ်နည်းလေးကို ပြန်မျှလိုက်ပါတယ်။
ဒီရက်ပိုင်းအတွင်း အလုပ်နဲနဲရှုပ်နေတာမို့ ချက်နည်း အဆင့်ဆင့်ကို မရိုက်နိုင်လိုက်ဘူး။
ဒါပေမယ့် လွယ်လွန်းတာကြောင့် ရေးပြတာနဲ့တင်သိမှာပါ။
ပါဝင်ပစ္စည်းများ
- ကြက်သား ၃၀၀ ဂရမ် (နုတ်နုတ်စဉ်းထားပါ)
- Bail (ပင်စိမ်းရွက် လက်တစ်ဆုပ်စာခန့်)
- ကြက်သွန်ဖြူ ၅ မွှာ
- ငရုပ်သီးစိမ်း (၅ တောင့်ခန့် - အစပ်မစားနိုင်ရင်လျော့ထည့်ပါ)
ဆော့စ်အတွက်
- ငါးငံပျာရည် စားပွဲဇွန်း ၁ ဇွန်းခွဲ
- ထန်းလျက်အရည် စားပွဲဇွန်း ၁ ဇွန်း
- ပဲငံပျာရည် အနောက် လက်ဖက်ရည် ၁ ဇွန်း
- ခရုဆီစားပွဲဇွန်း ၁ ဇွန်း
- ပဲငံပျာရည် အကြည် စားပွဲဇွန်း ၁ ဇွန်း
- ကြက်သားမှုန့် (သို့) အချိုမှုန့်အနည်းငယ်
ကြော်နည်း
- ပထမဆုံး ကြက်သွန်ဖြူ နဲ့ ငရုပ်သီးကိုညက်အောင် ရောထောင်းထားပါ
- ဆီစားပွဲဇွန်း ၄ ဇွန်းလောက်ကို ပူအောင်တည်ပြီး ကြက်သွန်ဖြူ၊ငရုပ်သီးထောင်းကို ဆီသတ်ပါ
- နောက်ကြက်သားများကိုထည့်မွှေပြီး ၁ မိနစ်လောက်အကြာမှာ ခရုဆီထည့်ပေးပါ။
- ထန်းလျက်ရည်ကို ထည့်ပြီး ၁ မိနစ်ခန့်ထပ်ကြော်ပါ
- ကျန်တဲ့ ဆော့တွေအားလုံးကို ရောထည့်ပြီး ၂ မိနစ်လောက် ကြော်ပေးပြီး နောက်ဆုံးမှာမှ ပင်စိမ်းရွက်ထည့်ပါ။
- ၁ မိနစ်လောက်နေလို့ ပင်စိမ်းနွမ်းလာပြီဆိုရင် သုံးဆောင်လို့ရပါပြီ
- စပ်စပ်ကလေးနဲ့ ထမင်းဖြူလေးနဲ့ စားလို့ လိုက်ဖက်ပါတယ်။
5 comments:
ယိုးဒယားစတိုင် ပင်စိမ်းကြက်သားဟင်းလေးကို အပြေးအလွှားလာရောက် အားပေးသွားတယ် Evy ရေ။
လွယ်လွယ်လေးဆိုပေမယ့် အရသာကောင်းမဲ့ပုံလေးပဲး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
လိုအပ်တာတွေဝယ်ပြီး လုပ်စားကြည့်ဦးမယ် မမ :D :D
စိတ်ထဲကူးလိုက်တဲ့အစာလေးတွေ အဆင်သင့်တွေ့ရတော့
အရမ်းဘဲစားချင်သွားမိတယ် ...
ယိုးဒယား ကွတ်သယို ချက်နည်းလေးသိရင်ေ၇းပါနော်:........မမ
မမရဲ့ နည်းအတိုင်းချက်လိုက်တာ ဆိုင်မှာစားဖူးတဲ့ အရသာအတိုင်းပဲ.. ချက်နည်းအတွက် ကျေးဇူးအများကြီးတင်ပါတယ်.. chicken with basil leave ကိုကြိုက်လွန်းလို့ Thai ဆိုင်သွားတိုင်းအမြဲမှာစားတာ.. ခုတော့ မမ ကျေးဇူးနဲ့ ကိုယ့်ဖာသာ ချက်လို့ရသွားပြီ. :D
Post a Comment