Friday, October 7, 2011

ဂျုံအကြောင်း သိကောင်းစရာ


courtesy of yahoo image

မုန့်ဖုတ်ခြင်းကို စိတ်ဝင်စားသူများအတွက် ဂျုံအကြောင်းသိသလောက်ကို မျှဝေပေးချင်ပါတယ်။ သိပြီးသူများလဲ ရှိမှာပါ။ မသိတဲ့သူတွေ အတွက်တော့ ဗဟုသုတအနေနဲ့ရော၊ မုန့်ဖုတ်တဲ့အခါ သိထားသင့်တဲ့ အချက်ကလေးတွေပါ။ ဂျုံအမျိုးအစားအကြောင်းကို သေချာသိပြီးမှ မုန့်ဖုတ်မယ်ဆိုရင်တော့ ပိုပြီး အဆင်ပြေတဲ့ မုန့်လေးတွေထွက်လာမှာအမှန်ပါဘဲ။ ကျွန်မတုန်းကတော့ အရင်သင်တန်းမတက်ခင်မှာ ဂျုံအကြောင်း၊ ကိုင်တွယ်နည်း အကြောင်းမသိဘဲ ထင်ရာစိုင်းလို့ အမှိုက်ပုံးထဲ ရောက်သွားတဲ့ မုန့်အရေအတွက်လည်း မနည်းတော့ပါဘူး။



ဂျုံမှာ ၃ မျိုး ရှိပါတယ်။ အနုစား (low protein flour or cake four) ၊အလတ်စား (medium protein or all purpose flour)၊ အကြမ်းစား (high protein flour) ဂျုံမျိုး ဆိုပြီး အဓိက သုံးမျိုးခွဲထားပါတယ်။ အနုစားဂျုံက ကိတ်မုန့် တွေအတွက် အဓိကသုံးလေ့ရှိပြီး အကြမ်းစားကတော့ ပေါင်မုန့်လိုမုန့်မျိုးတွေအတွက်သုံးလေ့ရှိပါတယ်။ အလတ်စားဂျုံကတော့ မုန့်အမျိုးအစားအားလုံးအတွက် သုံးလို့ရပါတယ်။ ဒါကြောင့်လည်း All purpose flour ဆိုပြီး ခေါ်ကြတာပါ။


courtesy of yahoo image

ဒီမှာပြထားတာက ဂျုံစေ့လေးပါ။ အဲဒီဂျုံစေ့လေးကို မှအဆင့်ဆင့် အခွံချွတ်၊ polish လုပ်ပြီးမှ ဂျုံမှုန့်ရအောင်ကြိတ်ယူရတာပါ။ လိုချင်တဲ့ ဂျုံမှုန့် အမျိုးအစားကို မူတည်ပြီး polish လုပ်တဲ့ အဆင့်တွေလဲ ကွဲပြားခြားနားပါတယ်။ အနုဆုံးဂျုံကတော့ chemical treatment အများဆုံးလုပ်ခံရတဲ့ ဂျုံမျိုးပေါ့။ နုနုလေး လိုချင်တာကိုး။ ဒီဂျုံမျိုးကို သုံးပြီး ကိတ်မုန့်လုပ်ရင်တော့ သိပ်ကို နူးညံ့တဲ့ မုန့်လေးတွေရမှာပါ။ ဒီလိုဂျုံအမျိုးအစားက ပရိုတင်းပမာဏ ပါဝင်မှု နည်းတဲ့ အတွက် ပေါင်မုန့်ဖုတ်မယ်ဆိုရင် အဆင်မပြေနိုင်ပါဘူး။ သူရဲ့ ပရိုတင်းပမာဏ ပါဝင်မှုဟာ ၆%-၈% ပဲရှိတယ်လို့ ဆိုပါတယ်။ ဒီလိုဂျုံ အမျိုးအစားဟာ မုန့်သားနယ်ပြီးတဲ့အခါမှာ ကျုံဆန့်အားနည်းတဲ့ အတွက် ပေါင်မုန့်သားလို့ အနေအထားမျိုး မဖြစ်နိုင်ပါဘူး။ ဒါကို မုန့်ဖုတ်သောသူများက lower gluten formation လို့သုံးကြပါတယ်။ ထုတ်လုပ်သူများက တမင်တကာရည်ရွယ်ပြီး gluten ဖြစ်စေမယ့် strength ကိုလျော့ချထားတာပါ။ low protein flour နောက်မျိုးကွဲတစ်ခုကတော့ pastry flour ပါ။ ပရိုတင်းပမာဏ ၈% ကနေ ၁၀% အထိပါဝင်ပြီး ဘီစကစ် တို့ ကွတ်ကီးတို့လိုမျိုး pastry တွေအတွက်ပို့သင့်လျော်ပါတယ်။

courtesy of yahoo image














နောက်တစ်ခုကတော့ မုန့်အားလုံးအတွက်သုံးလို့ရတဲ့ဂျုံပါ၊ ပရိုတင်းပါဝင်မှု အလတ်စား (၁၀%-၁၂%)ရှိပါတယ်။ ဒါနဲ့ကတော့ ဘာမုန့်ပဲလုပ်လုပ် သင့်တော်ပါတယ်။ အိမ်မှာတော့ မုန့်လုပ်ရင် ဒီဂျုံနဲ့ပဲ သုံးဖြစ်တာများပါတယ်။ ဒီ all purpose flour မှာမှာ နောက်တစ်မျိုးထပ်ရှိတာကတော့ self raising flour ပါ။ ဘာကွာလဲဆိုတော့ သူ့မှာက baking powder ကိုရောထားပြီးသားဆိုတော့ မုန့်လုပ်တဲ့အခါမှာထပ်ထည့်စရာ မလိုပဲတစ်ခါတည်း တန်းပြီးသုံးလို့ရပါတယ်။ အိမ်မှာတော့ အဲဒီအမျိုးကို သုံးခဲပါတယ်။ သင်တန်းမှာဆရာတွေသင်တုန်းကတော့ self raising flour ကိုသုံးဖို့ အားမပေးပါဘူး။ မုန့်လုပ်နည်းတွေမှာပါတဲ့ အညွှန်းထဲကအတိုင်း လိုသလောက်ကိုသာ သုံးဖို့ကို ပိုပြီးအားပေးကြပါတယ်။



courtesy of yahoo image



 



နောက်ဆုံးတစ်ခုကတော့ ပေါင်မုန့်လုပ်တဲ့ ဂျုံပေါ့။ သူ့ရဲ့ ပရိုတင်းပါဝင်မှုကတော့ အများဆုံးပါ။ ၁၂% ကနေ ၁၄% အထိပါပါတယ်တဲ့။ အဲဒါကြောင်မို့လို့လည်း gluten formation အများဆုံးပေါ့။ ပေါင်မုန့် လုပ်ဖူးတဲ့သူဆိုရင် သိမယ်ထင်ပါတယ်။ ဂျုံကို တဆေးနဲ့ နို့၊ရေ တွေဘာတွေထည့် နာနာနယ်ပြီး ၂ နာရီလောက်ထားလိုက်ရင် နယ်ထားတဲ့ ပမာဏထက် ၃ဆလောက်ပွတက်လာတာကို မြင်ဖူးကြမှာပါ။ အဲဒါ gluten formation ကြောင့်ပါဘဲ။ အဲလိုပွလာတာမျိုးကို ဖုတ်မှကျွန်မတို့ အခုစားနေတဲ့ ပေါင်မုန့်သားမျိုးကို ရမှာပါ။


courtesy of yahoo image


ဂျုံအနုအရင့်ပေါ်မူတည်ပြီး အချင်အတွယ်ပမာဏလဲ ကွဲပါသေးတယ်။ အောက်မှာတော အင်တာနက်ကတွေ့တာလေးကို ပြန်ကူးရေးပေးလိုက်ပါတယ်။

All-Purpose Flour:
1 cup = 140 grams
1 cup sifted = 115 grams


Cake Flour:  
1 cup = 130 grams
1 cup sifted = 100 grams


Bread Flour:
 1 cup = 160 grams
1 cup sifted = 130 grams

နောက်မှပဲ ဂျုံနယ်၊ မုန့်နယ်ရင် သတိထားသင့်တဲ့ဟာလေးတွေ ကိုယ်တိုင်ကြုံတွေ့ဖူးတာလေးတွေ ရေးပေးပါဦးမယ်။



Ref:



မှတ်ချက်။ တစ်ခုကြိုပြီးတောင်းပန်ချင်တာက မုန့်ဖုတ်တာကို professional မဟုတ်တဲ့အတွက် တချို့ အချက်အလက်တွေဟာ ကျွမ်းကျင်သူများသိခဲ့သလို အတိအကျဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့်လည်း အတတ်နိုင်ဆုံး တိကျအောင်ကြိုးစား စုစည်းထားပါတယ်။ သိခဲ့ဖူးသော၊ ဖတ်ခဲ့ဖူးသော ဗဟုသုတများကို ဝေမျှခြင်းပါ။

7 comments:

ဘေဘီ said...

ကျေးဇူးပဲ ညီမလေးရေ
ထင်ရာစိုင်းလို့ အမှိုက်ပုံးထဲ ရောက်တာ ကိုယ့်မုန့်တွေပေါ့း) ဒါပေမဲ့ All purpose flour ပဲ
သုံးတာပဲလေ။ အချိုးအစားတွေ မညီမျှတာနေမှာပေါ့

Mrs. Bagel said...

ဒါကြောင့်ထင်တယ်၊ ညီမ cake flour ဝယ်ပြီး ကွတ်ကီးဖုတ်တာ အဆင်မပြေတာ။

Aunty Oo said...

ဒီလိုသိထားသင်.တာလေးတွေကိုပြောပြပေးတာကျေးဇူး
တင်ပါတယ်။ဆက်ပြီးလဲရေးပါနော်။စောင့်မျှော်နေပါတယ်။

Cameron said...

မုန့်ဖုတ်သင်တန်းတက်ဖို့လုပ်နေတာနဲ့အတော်ပဲ ဂျုံအကြောင်းသိကောင်းစရာလေးကို အရင်လာဖတ်လိုက်ရတယ် ကျေးဇူးပါနော်...။ သင်တန်းပြီးမှ လက်တည့်စမ်းပြီး တင်ဦးမယ်...။

ခင်တဲ့
မိုးငွေ့

T T Sweet said...

ဂျုံအကြောင်း သိသင့်တာ၊ သိချင်တာလေးတွေ သိလိုက်ရတယ်။ ကျေးဇူးပါ။
စကားမစပ် အရင်က လင့်လေးတပ်ထားတာ၊ ဗိုင်းရပ်စ်ဆို ဖြုတ်၊ပြီးပြန်မတပ်မိလို့ ခုပြန်လင့်ခ်ထားလိုက်ပြီ Evy ရေ။ အသစ်တင်တိုင်း ရောက်တော့မှာ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟင့် ဒီကတော့ ဂျုံအကြောင်းရော မုန့်ဖုတ်နည်းရော
နကန်းတစ်လုံးတောင် မသိဘူးရယ်
သူများဘလော့တွေက မုန့်တွေ ကိတ်တွေ တွေ့တော့မှ မုန့်ဖုတ်ချင်စိတ်ကလေး ဝင်လာခဲ့ရတာ
ကိုယ်မသိတဲ့အကြောင်းအရာလေးတွေ သေချာရှင်းပြပေးထားတာ ကျေးဇူးတင်မိတယ်
မုန့်ဖုတ်မဲ့ခါကျလည်း လာမွှေဦးမယ်

Thida said...

This is very kind of you to share what you know, thanks.