Thursday, March 22, 2012

ကြက်သားကိုက်လံကြော်


တရုပ်ကိုက်လံကို ဗမာနည်းနဲ့ ရောမွှေထားတဲ့ အကြော်တစ်မျိုးပါ။ကြိုက်ကြမယ်လို့ထင်ပါတယ်။ကိုက်လံက နဲနဲသက်တဲ့အရသာရှိပေမယ်လို့ကြက်သားအမွကြော်နဲ့ရောကြော်ထားတာကြောင့် တော်တော်စားလို့ကောင်းနေပါတယ်။ ကျွန်မက ညနေစာကို ထမင်းသိပ်စားလေ့ပဲ ဒီလိုအသီးအရွက်ကြော်တို့ သစ်သီးတို့တွေစားလေ့ရှိပါတယ်။ ထမင်းပူပူလေးနဲ့ တွဲစားရင်လည်း ကောင်းပါတယ်။

ကြက်သားကြော်ကတော့ အရင်ကလည်း ရေးဖူးတာမို့ ဒီပို့စ်ကို ပဲဖတ်ကြည့်လိုက်ပါ။  






ကိုက်လံ ၃၊ ၄ ချောင်းလောက်ကို ဆေးကြောပြီး အပိုင်းလေးတွေလှီးဖြတ်ထားပါ။
ခရုဆီ စားပွဲဇွန်းတစ်ဇွန်းကို ရေနဲနဲ နဲ့ ထည့်ဖျော်ထားပါ။
ပထမဆုံး ဆီစားပွဲဇွန်း ၁ဇွန်းလောက်ကို ပူအောင်တည်ပြီး ကိုက်လံအရိုးတွေကို အရင်ထည့်ကြော်ပေးပါ။ ရေနဲနဲတောက်  အဖုံးအုပ်ပြီး ၁မိနစ်လောက် ကြော်ပေးပါတယ်။ နောက်မှကိုက်လံ အရွက်တွေထည့် ကြက်သား အမွကြော် ၂ ဇွန်းထည့်။ ခုနက ခရုဆီရေဖျော်ထားတာ နဲ့ ဆား၊ အချိုမှုန့် အနဲငယ် ထည့်ပြီး ၃ မိနစ်လောက်ကြော်ပေးရင်ရပါပြီ။ ဗမာ့နည်း ဗမာ့ဟန်ကိုက်လံကြော်ပေါ့။

3 comments:

စံပယ်ချို said...

ကိုက်လန်ဆိုရင်ကြိုက်ပြီးသား
စားလို့ကောင်းတဲ့ပုံလေး
ကြက်သားနဲ့ရောတာမစားဖူးဘူး

Mrs. Bagel said...

အတော်ပဲ။ အိမ်ကပို့လိုက်တဲ့ ကြက်သားမွှကြော်ရှိတယ်။ :)

mstint said...

ကြက်သားကိုက်လန်ကြော်လေး အားပေးသွားတယ်
Evy ရေ။ ကြုံတုန်းလေး စာတွေမွှေသွားတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်