- ကန်ဇွန်းရွက် ၄၀၀ ဂရမ် (အရွက်ခြွေထားပါ)
- ငါးပိကင် (လက်ဖက်ရည်ဇွန်း ၁ ဇွန်း)
- ပုဇွန်ခြောက်မှုန့် ထမင်းစားဇွန်း ၂ ဇွန်း
- ငရုပ်သီးစိမ်း ၂ တောင့်
- ကြက်သွန်ဖြူ ၃ မွှာ
ဆော့စ်
- ပဲငံပျာရည် အပျစ် ထမင်းစားဇွန်း ၁ ဇွန်း
- သကြား လက်ဖက်ရည် ဇွန်း ၁ဇွန်း
- ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
- ပထမဆုံး ကြက်သွန်ဖြူ ၊ငရုပ်သီး ၊ငါးပိနဲ့ ပုဇွန်ခြောက်ကိုရောပြီးထောင်းထားပါတယ်။
- ဆီစားပွဲဇွန်း ၂ ဇွန်းကို ပူအောင်တည်ပြီး ခုနကထောင်းထားတာများကိုထည့်ကြော်ပါ
- ပြီးရင် ကန်ဇွန်းရွက်ထည့်ပြီး မီးပြင်းပြင်းနဲ့ ၁ မိနစ်လောက်ကြော်ပေးပါ
- နောက်ဆုံးမှ ဆော့စ်အရောကိုထည့်မွှေပေးပြီး ကန်ဇွန်းရွက်နွမ်းသွားအောင်ကြော်ပေးရင်ရပါပြီ
5 comments:
အိမ်ရောက်ရင် မဒမ်လွင်ပြင်ကို လုပ်ကျွေးခိုင်းရမယ်
ကျေးကျေးပါ
ဂျက်လဲကြိုက်တယ်
တခြားဟင်းမပါပဲနဲ့သူ့တမျိုးထဲနဲ့လဲထမင်းစားကောင်းတယ်
မလေျးမှာတော့တရုတ်ရောမလေးလူမျိုးတွေပါ အဲလိုလေးစားကြတယ်
ခုပုံလေးကလဲ စားချင်စရာလေး
ငါးပိကင် လို့ ဟင်းအမယ်တွေမှာတွေ့ရပါတယ်။ ဘယ်လိုငါးပိမျိုးကို ကင်ထားတာပါလဲ သိပရစေရှင်။ ကျွန်မဝယ်လို့ရတဲ့ ငါးပိအမျိုးအစားတွေထဲမှာ မြန်မာငါးပိရေချို နဲ့အတော်တူတဲ့ ငါးပိမျိုးလဲပါတာမို့ ငါးပိကင် ဆိုတာ ငါးပိစိမ်းစားကိုကင်ထားတာလား ရေချိုငါးပိ အနှစ်ကို ကင်ထားတာမျိုးပါလား။ ကျေးဇူးပါနော်။ အပင်ပန်းခံပြီး သေချာရေးသားပြထားတာမို့ လိုက်ချက်ရတာ လွယ်ကူပါတယ်
စိမ်းစားငါးပိကို ပြောတာပါ။ :-)
ကျေးဇူးတင်ပါတယ်။ sambal paste တွေ အများကြီး စမ်းဘူးပါတယ်။ ဘယ်တံဆိပ်ကမှ Singapore မှာစားခဲ့ရတဲ့ အရသာကို မမီလို့ စိတ်ဓတ်ကျနေတာ။ :) thank you so much
Post a Comment