ပါတဲ့ပစ္စည်းတွေက
- ကြက်ဥ ၂လုံး
- ဆေးဘဲဥ (၁ ခြမ်း လှီးထားပါ)
- ဆားဘဲဥ ပြုပ်ပြီးသား (၁ ခြမ်း လှီးထားပါ)
- ခရမ်းချဉ်သီး ၁လုံး (အစေ့ထုတ်၊ လှီးထားပါ)
- နံနံပင် လက်တစ်ဆုပ်စာ
- ဆီ စားပွဲဇွန်း ၂ ဇွန်း
- ငံပျာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
များများစားချင်ရင် အားလုံးကို ၂ ဆတိုးပါ။ ဒါကတော့ ၂ယောက်စာလောက်ရပါတယ်။ ပထဆုံး ခရမ်းချဉ်သီးကို အရင် ဆီနဲနဲ နဲ့ ၂မိနစ်လောက် လှိမ့်ပေးပါ။ ပြီးရင်ဒယ်အိုးထဲကဆယ်ပြီး ပြောင်းဖူးမှုန့် လက်ဖက်ရည်တစ်ဇွန်းနဲ့ ရောမွှေပေးလိုက်ပါ။ ကျန်တဲ့ ကြက်ဥမျိုးစုံနဲ့ ခုနကခရမ်းချဉ်၊ နံနံပင်၊ ငံပျာရည်အားလုံးကို သမအောင်ခေါက်မွှေပေးပြီး ဆီပူပူမှာ မွှေကြော်ပေးလိုက်ရင် အရသာရှိတဲ့ ဟင်းတစ်ခွက်ရပါပြီ။
****နောက်ပို့စ်ကို Kaya (ကြက်ဥယို) လုပ်နည်းတင်ပါမယ်။
6 comments:
Very very delicious.
foodydelight.com
ဒီလိုပျော့ပျော့အစားအစာဆိုရင်ကြိုက်တယ်။
အံသွား၃ချောင်းမရှိတော့ဘူးလေ :(((
နောက်တချောင်းကခွဲရမှထုတ်လို့ ရတယ်တဲ့။
မက ဟင်းချက်တော်လိုက်တာ..။
ကြက်ဥလေးတွေချစ်စရာစားချင်စရာလေး။
ကြက်ဥ ကိုဘယ်လိုလုပ်ထားလုပ်ထားကြိုက်တယ် ... အ၇မ်းအ၇သာ၇ှိမဲ့ ပုံပဲ .. :)
Sis,
today i cooked ur colourful fried eggs for my dinner :P
i like this one too :D
thanks for sharing :P
PPS
EVY,
u know how to make egg that is from McDonals's breakfast meal :D
PPS :)
Hello PPS, I havent try that one yet..Let me try first and I will post it if successful :-)
Post a Comment