Sunday, March 17, 2013

Whole meal Bread ( ဂျုံကြမ်းပေါင်မုန့် - Video)





ပေါင်မုန့်ဆိုရင် ကျွန်မတို့တွေက ပေါင်မုန့် အဖြူကိုပဲစားကြတာများပါတယ်။ ဈေးကွက်မှာ ရှိတဲ့ ပေါင်မုန့်တွေကလည်း အဖြူတွေပဲဆိုတော့ ဒါတွေပဲစားဖြစ်ကြတာပေါ့။ တကယ့်အာဟာရနဲ့ ပြည့်စုံတာက whole meal လို့ခေါ်တဲ့ ဂျုံကြမ်း နဲ့ လုပ်ထားတဲ့ ပေါင်မုန့်တွေပါ။ အဆာလည်းခံပြီး ကျန်းမာရေးအတွက် အရမ်းကောင်းပါတယ်။ စားနေမကျရင်တော့ စားရတာ ကြမ်းသလိုမို့ တစ်မျိုးဖြစ်နေမှာပါ။ ဒါပေမယ့်လည်း ကျွန်မတွေ့ဖူးသလောက်တော့ whole meal စားကျင့်ရှိသွားပြီးရင် ပေါင်မုန့်အဖြူကို ပြန်ပြီးပြောင်းစားတဲ့ သူနည်းလှပါတယ်။
Whole meal ပေါင်မုန့်တွေမှာမှ ရိုးရိုး whole meal နဲ့ multi grain လို့ခေါ်တဲ့ အစေ့အဆံတွေအများကြီးပါတဲ့ ပေါင်မုန့်နောက်တစ်မျိုးလည်း ရှိပါသေးတယ်။ ခုတော့ ရိုးရိုး whole meal ပေါင်မုန့်ကို လုပ်ပြထားပါတယ်။ သိပ်လည်း မကြမ်းတမ်းပဲ စားလို့ကောင်းတဲ့ whole meal ပေါင်မုန့်လုပ်နည်းလေးကို သဘောကျနှစ်သက်မယ်လို့ ထင်ပါတယ်။

ညသိပ်ဂျုံသားအတွက်
  • ပေါင်မုန့်ဂျုံ  ၅၀ ဂရမ်
  • Yeast လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ
  • ရေ ၃၀ ဂရမ်
Yeast နဲ့ ရေ ၁၀ ဂရမ်ကို အရင် ဖျော်ထားလိုက်ပါ။ ပြီးမှကျန်တဲ့ ဂျုံနဲ့ ရေကို ထည့်ပြီး မုန့်သားရအောင် နယ်ပါ။
နောက် ပလတ်စတစ်အပါးနဲ့ ထုပ်ပြီး ရေခဲသေတ္တာထဲမှာ ၁ ညသိပ်ပေးပါ။

ပါဝင်ပစ္စည်များ
  • ပေါင်မုန့်ဂျုံ  ၁၉၀ ဂရမ်
  • Whole meal ဂျုံ ၈၀ ဂရမ်
  • သကြားအညို ၁၇ ဂရမ်
  • ဆား ၅ ဂရမ်
  • Yeast ၅ ဂရမ်
  • ညသိပ်ဂျုံသား ၆၀ ဂရမ်
  • ရေ၁၇၀ ဂရမ်
  • ပျားရည် လက်ဖက်ရည် ၁ ဇွန်း
  • ထောပတ် ၂၀ ဂရမ်

ပေါင်မုန့်ပြုလုပ်နည်း
  1. ထောပတ်ကလွဲလို့ ကျန်တဲ့ ပစ္စည်းများအားလုံးကို ရောမွှေကာ နယ်ပေးပါ။
  2. ၁၀ မိနစ်လောက်ကြာလို့ ဂျုံသားရလာပြီဆိုရင်တော့ နောက်ဆုံးမှ ထောပတ်ကိုထည့်မွှေပြီး နယ်ပေးပါ
  3. Window pane test ရတဲ့အထိမွှေရပါမယ် ။ အချိန် မိနစ် ၂၀ လောက်ကြာပါတယ်။
  4. ဒါဆိုရင်မုန့်သားအဆင်သင့်ဖြစ်ပါပြီ။ ရလာတဲ့မုန့်သားကို ဆီဆွတ်ထားတဲ့ ဇလုံတစ်ခုထဲမှာ အဖုံးအုပ်ပြီး ၂ ဆဖြစ်လာတဲ့အထိထားပါ
  5. ၁ နာရီလောက်နေပြီး မုန့်သားပွလာပြီဆိုရင် ပြန်ဖိချပြီးလေတွေကို ထွက်အောင်လုပ်ပေးပါ
  6. ၁၀ မိနစ်လောက် ခဏစောင့်ပြီး မှ ဂျုံသားကို   ပုံမှာပြထားတဲ့အတိုင်း လက်နဲ့ လိပ်ပေးပါ။
  7. ပြီးရင် မုန့်ဖုတ်မယ့် ဗန်းထဲမှာထည့်ပြီး ဒုတိယ အကြိမ်ပြန်ပွအောင် ထားပါ (မိနစ် ၄၀လောက်ကြာပါမယ်)
    နောက်တစ်ကြိမ်ပွပြီဆိုရင်တော့ ၁၇၀ ဒီဂရီအာဗင်မှာ မိနစ် ၄၀ ဖုတ်ပေးပါ။
  8. အာဗင်မှ ထွက်ထွက်ခြင်း ဗန်းထဲကထုတ်ကာ wire rack ပေါ်မှာ အအေးခံပေးပါ လုံးဝအေးမှ လှီးပြီးသုံးဆောင်ပါ




4 comments:

Iora said...

ရှင်းပြတာလည်းရှင်းတယ်။
အသံကလည်းကြည်လင်ပြတ်သားတယ်။
ပိုသဘောကျသွားပြီ။
အိုင်အိုရာ

Anonymous said...

အမြဲလာဖတ်ဖြစ်ပါတယ်

စမ်းသပ်ပြီးလည်း လုပ်ကြည့်ပါတယ်

ဗွီဒီယိုကြည့်ရတာသိပ်ကောင်းပါတယ်

ရိုးရိုးရှင်းရှင်းနဲ့ လိုရင်းကိုပြောပြထားတယ်


ကျေးဇူးပါ

ခွာညို

Cameron said...

ကျေးဇူး ညီမ အဲလို ဗီဒီယိုလေးနဲ့ဆိုတော့ အရမ်းကိုအဆင်ပြေသွားတာပဲ...

Aunty Oo said...

ဗီဒီယိုလေးနဲရှင်းပြပေးတာသိတ်အဆင်ပြေပါတယ်။
အားလုံးအပေါ်ထားတဲ့စေတနာကိုလဲလေးစားကျေးဇူး
တင်မဆုံးပါ။