ပြီးခဲ့ recipe မှာ ကြက်ဥယို
လုပ်ပြီးသွားပြီဆိုတော့ ပိုနေတဲ့ ကြက်ဥအကာတွေကို အလေအလွင့်မဖြစ်ရအောင်
ဘယ်လိုသုံးမလဲလို့စဉ်းစားရပါတယ်။ ဒါကလည်း အထူးတလည်ကြံစရာမလိုဘဲ အမေပြောပြတဲ့
အဖွားရဲ့ နည်းနဲ့ပဲ အဆင်ပြေသွားပါတယ်။ ကိုယ့်အလှည့်ကျတော့ သူပြောတဲ့အတိုင်းမဟုတ်ပဲ
နဲနဲပြုပြင်ဖန်တီးထားတာပေါ့လေ။ လုပ်ရတာနဲနဲလက်ဝင်ပေမယ့်လို့ စားလိုက်တဲ့အခါ
အရသာရှိလွန်းလို့ ပင်ပန်းတာကို မေ့သွားပါတယ်။ အိမ်မှာ အကြောင်းကြောင်းကြောင့်
ကြက်ဥအကာတွေပိုနေရင် ဒီနည်းလေးကိုစမ်းကြည့်နိုင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်ဥအကာ ၄ ခု
- ကြက်ဥအနှစ် ၂ ခု (မထည့်လည်းဖြစ်ပါတယ်၊ မုန့်လုပ်လိုက်လို့
- ကြက်ဥအနှစ်ပိုနေတာနဲ့ ထည့်လိုက်တာ)
- ကြက်သား အနည်းငယ်
- ကြွက်နားရွက်မှို အနည်းငယ်
- ဂေါ်ဖီ အနည်းငယ်
- ပဲငံပျာရည် လက်ဖက်ရည် ၁ ဇွန်း
- ဆား လက်ဖက်ရည်ဇွန်း ၁ ၀က်
- ဆီ
- ပထမဆုံးကြက်ဥ အကာတွေကို ဆားနဲနဲထည့်ပြီးခေါက်ထားပါ။
- အဆာပလာကိုပြင်ပါမယ်။ ပထမဆုံး ဆီစားပွဲဇွန်း ၁ဇွန်းလောက်ကိုပူအောင်အပူပေးပြီး ကြက်သားနုတ်နုတ်စဉ်းထားတာကိုအရင်ကြော်ပါ။ တဆက်ထည်း ဆား၊ပဲငံပျာရည်ကို ထည့်ပေးပါ။ ၂မိနစ်လောက်ကြော်ပြီးရင် ကြက်ဥနှစ်၊ မှိုနဲ့ ဂေါ်ဖီကိုထည့်ပြီး အဖုံးအုပ်ထားပါ။ ဂေါ်ဖီတွေပျော့လာပြီဆိုအိုးပေါ်မှ ချပြီး အအေးခံပါ။
- ဆီနဲနဲကို မကပ်တဲ့အိုးမှာအပူပေးပါ။ ပြီးရင် ကြက်ဥ ထမင်းစားဇွန်း ၂ ဇွန်းသာသာလောက်ကို ထည့်မွှေပြီးဒယ်အိုးကို ၀ိုက်ချလိုက်ပါ။ ဒါမှ အစာပလာထည့်ဖို့ ခပ်ကြီးကြီးနဲ့ခပ်ပါးပါးရမှာမို့ပါ။
- ပြီးရင်မီးပိတ်ပြီး ခုနကကြော်ထားတဲ့အစာတွေထည့်ပြီး ညင်ညင်သာသာလေး လိပ်ပေးပါ။
- အဲဒီအတိုင်းပဲ ကြက်ဥအရည်ကုန်အောင် ဆက်လုပ်သွားပါး ( ၄ခုလောက်ထွက်တယ်)
- ပြီးရင် ကြက်ဥအသစ်တစ်လုံးကို ယူပြီးခေါက်မွှေပေးပါ။ ခုနကကြော်ထားတဲ့ ကြက်ဥလိပ်အစာသွပ် ကိုကြက်ဥရည်ထဲနှစ်၊ ဂျုံထဲပြန်နှစ်ပြီး ဆီပူပူမှာ ခဏပြန်ကြော်ပေးပါ။ နဲနဲလေးအညိုရောင်သမ်းရင်ရပါပြီ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်ဥလိပ် အစာသွပ်ကိုရပါပြီ
5 comments:
အလေမဖြစ်တော့ပဲ အသုံးဝင်သွားတာပေါ့ Evy ရေ။
နည်းလေးဖတ် မှတ်သွားတယ် ကျေးဇူးနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကြက်ဥကို ဘယ်လိုလုပ်လုပ် ကြိုက်တယ် မမ
အသီးအရွက်နဲ့ဆို အရမ်းကြိုက်
အကုန်စားသွားပြီးဗျို့
Yumm...
Looks delicious.
Iora
wow.. ဒီနည်းလေးက လွယ်တယ်နော်.. စားလို့လည်း ကောင်းမယ့်ပုံပဲ.. စမ်းလုပ်ကြည့်ဦးမယ် :D
ဒီဘလော့နာမည်လေးကို ကြားဖူးနေတယ်.. ဘာလို့ မရောက်ဖြစ်ပါလိမ့်.. ခုတော့လင်ခ့်ယူသွားပြီ.. နောက်လည်း လာနိုင်အောင်လေ :D
ဒီနည်းလေးကိုတော့ အရမ်းသဘောကျသွားပြီး မအိရေ။ လွယ်လည်း လွယ်ပြီး စားကောင်းမယ့်ပုံလေး။ ကြိုးစား ကြည့်ပါဦးမယ်။ :)
Post a Comment