Thursday, May 10, 2012

သရက်သီးကိတ်

ခုနောက်ပိုင်းပို့စ်တစ်ခု အပြီးမှာရော side bar မှာပါ နောက်တင်မယ့် ဟင်းလေးမုန့်လေးတွေကို ကြိုပြောလေ့ရှိပါတယ်။ အဲဒါကလည်း မေ့သွားမှာစိုးလို့ရယ် အစီအစဉ်တကျလေးတင်ချင်လို့ရယ်ပါ။ ဒါပေမယ့်လည်း မနေ့က ကွန်ပြူတာထဲကဖိုင်တွေကို လျောက်ကြည့်လိုက်တော့ မတင်ရသေးတဲ့ မုန့်တွေတော်တော်များနေတာတွေ့လိုက်ရတယ်။ ဒါနဲ့ အရင်တုန်းကလုပ်ပြီးသားမုန့်လေးေ
တွ သိပ်ကြာသွားမှာစိုးလို့ ဒီမုန့်လေးကို ကြားဖြတ်အစီအစဉ်အနေနဲ့ ထည့်လိုက်ရတာပါ။ သရက်သီးကြိုက်တဲ့သူတွေ နှစ်သက်ကြမှာပါ။

မုန့်လေးကတော့ သေးသေးလေး။ အဲလိုပဲ သရက်သီးလေးတွေကလည်း သေးသေးလေးတွေ။ ကျွန်မတို့ရုံးမှာတစ်ပတ်တစ်ခါ အသီးတွေလာရောင်းလေ့ရှိပါတယ်။ ရုံးက၀န်ထမ်းတွေ အဆင်ပြေအောင် သူတို့ညှိပြီးလုပ်ပေးတယ်လို့ပြောကြတာပဲ။ ဈေးကတော့ အပြင်ကနဲ့ သိပ်မကွာပါဘူး။ ဒါပေမယ့် တစ်ချို့ကားရှိတဲ့လူတွေကျတော့လည်း ဈေးသပ်သပ်သွားစရာမလိုပဲ အိမ်ကိုပြန်သယ်သွားရတော့ အဆင်ပြေကြတာပေါ့လေ။ တစ်ခါတစ်လေလဲ အပြင်မှာ မရနိုင်တဲ့ သစ်သီးလေးတွေပါလာလေ့ရှိတယ်။ ဒီသရက်သီးလေးတွေလဲပါတယ်။ တကယ်သေးသေးလေးတွေ ၃ လက်မလောက်လေးတွေပေါ့။ အဲဒါလေးတွေတစ်ထုပ်ဝယ်လာပြီး မကုန်နိုင်ဖြစ်နေတာနဲ့ မုန့်လုပ်တဲ့အထဲရောက်သွားတာ။ မုန့်ကလည်း ကျွန်မအမျိုးသားခရီးသွားတုန်း လုပ်ထားတာဆိုတော့ ကျွန်မတစ်ယောက်စာ မကုန်နိုင်မှာစိုးတာနဲ့ အသေးဆုံးဗန်းလေးကို ရွေးလိုက်တာ။

မုန့်လုပ်နည်းကတော့ ထောပတ်ကိတ်ကို သရက်သီးထည့်လိုက်တာပဲကွာတာပါ။ အားလုံးကတော့ ထောပတ်ကိတ်လုပ်နည်းအတိုင်းပဲ။


 Note : ဒီသရက်သီးကိတ်ရဲ့ ဗန်းက အသေးလေးမို့လို့ recipe အချိုးကိုလည်း ထက်ဝက်ဝက်ထားပါတယ်။
တကယ်လို့ ပုံမှန်း ဗန်းဆိုဒ် ၈ x ၁၁ ဆိုရင် recipe ကို ၂ ဆ တိုးပေးပါ။

  
ပါဝင်ပစ္စည်းများ

  • ဂျုံ ၇၅ ဂရမ်
  • baking powder 1/2 teaspoon
  • သကြား ၆၅ ဂရမ်
  • ထောပတ် ၄၅ ဂရမ်
  • နွားနို့် ၂၅ မီလီလီတာ
  • ကြက်ဥ ၁လုံး
  • သရက်သီး (အစိတ်ကလေးတွေလှီးထား)

သကြား စားပွဲဇွန်း ၁ ဇွန်းနဲ့ထောပတ် စားပွဲဇွန်း၂ဇွန်းလောက်ကိုအပူပေးပြီး သကြားတူးအောင်လုပ်ထားလိုက်ပါ။ ပြီးရင် အဲဒီသကြားထောပတ်ပျော်ရည်ကို မုန့်ဖုတ်မယ့်ဗန်းထဲထည့်ပြီး အအေးခံထားလိုက်ပါ။ အေးသွားရင်သရက်သီးစိတ်ကလေးတွေကို စီထည့်ထားလိုက်ပါ

ကဲမုန့်စဖုတ်မယ်နော်

  1. ပထမဆုံး သကြားနဲ့ ထောပတ် (အခန်းအပူချိန် ခပ်ပျော့ပျော့) ကို ပွလာအောင် မွှေတံလေးနဲ့ မွှေပေးပါ
  2. အေ၇ာင်ခပ်ဖြူဖြူဖြစ်လာပြီဆိုရင် ကြက်ဥကိုထည့်ပေးပါ
  3. ခုနကဂျုံအရောကို ၂ ခါခွဲပြီး ထည့်မွှေပေးရပါမယ်
  4. ပထမဆုံးဂျုံကို ထည့်ပြီးရင် နွားနို့ကို ထည့်မွှေပါ။ ပြီးမှ ကျန်တဲ့ဂျုံကို တစ်ခါထပ်ထည့်ပြီး သမအောင်မွှေပါ။
  5. ပြီးရင် ခုနက ပုံစံခွက်လေးထဲထည့်ပြီး ၁၇၀ အာဗင်မှာ မိနစ် ၂၅ မိနစ်လောက်ဖုတ်ရင်ရပါပြီ။
  6. အအေးခံပြီးမှောက်ချလိုက်ရင် သရက်သီးမုန့်ကိုရပါပြီ


8 comments:

Iora said...

ကိုယ်ကတော့Evy ရဲ့ မုန့် လေးတွေကိုမစားရတာတောင်မှ
လှလွန်းလို့ ကြည့်ရတာနဲ့ တင်ပျော်နေတာ။
အိုင်အိုရာ

မီးမီးငယ် said...

သရက်သီးတော့အလွန်ကြိုက်။
ဒါပေမဲ့ဒီလိုကိတ်ဆိုတာတော့မစားဖူးဘူး။
ကောင်းမဲ့ပုံဘဲနော်။

MK said...

ညီမရေ လာ သွားရည်လာ ကျသွားတယ်နော ... ကိုယ်တိုင် Recipe ကြည့်ပြီး နောက်မှ လိုက် စမ်းလုပ်ကြည့်ရဦးမယ်။

သက်ဝေ said...

Thank you ညီမ... လုပ်ကြည့်မယ်... Butter cake လုပ်ရတာ ပျင်းလာတာနဲ့ အတော်ပဲ...း))

ချော(အစိမ်းရောင်လွင်ပြင်) said...

အားကျလိုက်တာ မုန့်လုပ်တတ်တာကို..
ကိုယ်တိုင် မလုပ်တတ်တာ ခက်တယ်။
စမ်းတော့ စမ်းကြည့်ချင်ပါတယ်။
သရက်သီးနံ့လေး မွှေးနေပြီး တော်တော်စားကောင်းမှာနော်။

nitar said...

Ama where is the use of flour and baking powder?

Evy said...

Hi Sis Nitar, it is used in the cake. By this I mean by that is in step 3.

nitar said...

Thanks sis..