Friday, July 20, 2012

ပုဇွန်ဆီထမင်းကြော်နဲ့ Mayonnaise Prawn

ညနေစာ ပုဇွန်ဆီ ထမင်းကြော်နဲ့ Mayonnaise Prawn ပါ။ ထမင်းကြော်က ရိုးရိုးလေးပါဘဲနော်။ ဆီထမင်းစားဇွန်း ၁ ဇွန်းကိုထည့် အသီးအရွက် (ပဲသီး၊ ပြောင်းဖူး၊ မုန်လာဥနီ) လက်တစ်ဆုပ်စာကိုထည့် ပြီး ၁ မိနစ်ခန့်ကြော်ပါ။ ပြီးရင် ပုဇွန်ဆီလေးတွေကိုထည့်မွှေ ထမင်း တရုပ်ပန်းကန်လုံးတစ်လုံးကိုလည်း ထည့်မွှေပါ။ ဆား၊ အချိုမှုန့် နည်းနည်းထည့်ပြီး ၂ မိနစ်လောက်နေရင် မီးပေါ်မှချပြီး သုံးဆောင်လို့ရပါပြီ။

Mayonnaise Prawn ကတော့ အရင်တုန်းကနည်းအတိုင်းပဲ။ ဒီထဲမှာပဲ ကြည့်လိုက်ပါနော် ။ အားလုံးပဲ ပျော်ရွှင်သော weekend ဖြစ်ကြပါစေ :-)

4 comments:

စံပယ်ချို said...

ထမင်းကြော်ပုံလေးက စားချင်စရာပါကွယ်
ဗိုက်ကလဲဆာဆာနဲ့ တစ်ပွဲ

mstint said...

ပုဇွန်ဆီ ထမင်းကြော်နဲ့ Mayonnaise Prawn စားချင်စရာလေး အားပေးသွားတယ် EVY ရေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Tuumar said...

စားသွားပါတယ်သမီးရေ

Thamee Su said...

ပုဇွန်ဆီထမင်းကြော် အ၇မ်းကြိုက်တယ်