ပါဝင်ပစ္စည်းများ
- ဆန်ပြား
- ခရမ်းချဉ်သီး ၃ လုံး
- ကြက်သားပြုတ်ပြီးသားအနည်းငယ်
- ပဲပင်ပေါက် အနည်းငယ်
- ပဲပုတ်ထောင်း (ရှမ်းပဲပုတ်ကို ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်းနဲ့ရောထောင်းပြီး ရေနွေးလေးနဲနဲထည့်၊ဆားနဲနဲထည့်ပြီး အနှစ်လိုလုပ်ထားတာပါ)
- Knorr ကြက်သားတစ်ခဲ
- သကြားလက်ဖက်ရည် ၁ ဇွန်း
- ဆား လက်ဖက်ရည် ၁ ဇွန်း
လုပ်နည်း
- ပထမဆုံး ခရမ်းချဉ်သီးကို စိတ်ပြီး ရေ ၈၀၀ မီလီလီတာ၊ Knorr တစ်ခဲနဲ့ ဆူအောင်တည်ပေးပါ။
- ဆူရင်မီးလျော့ထားပြီး ဆား၊သကြားကိုထည့်ပေးပါ။
- ဆန်ပြားတွေကို ရေနွေးလေးနဲ့ လောင်းထားပြီးရေစစ်ထားပါ (စင်္ကာပူက ဆန်ပြားရယ်ဒီမိတ်အထုပ်တွေက ဆီတွေများလွန်းလို့ အဲလိုလုပ်တာပါ။ ဆီမပါတဲ့ဟာဆိုရင်တော့ ဒီတိုင်းစားရုံပါပဲ)
- နောက် ပဲပင်ပေါက်ကိုရေနွေးဖျောပေးပါ။ ဒါဆိုရင်တော့ စားဖို့အားလုံးပြည်စုံသွားပါပြီ။
- ပွဲပြင်ဖို့အတွက် ဆန်ပြား၊ ပဲပင်ပေါက်၊ ကြက်သား၊ နံနံပင်၊ပဲပုတ်ထောင်းကိုထည့်ပြီးရင် သုံးဆောင်ဖို့အသင့်ဖြစ်ပါပြီ။
6 comments:
အရမ်းကြိုက်တဲ့ခေါက်ဆွဲလေးမို့
ဦးဦးဖျားဖျားစားခဲ့ပါပြီ
Love it so ! Look yummy !
ဆန်ပြားတော့ တအားကြိုက်တယ် အိရေ စုလုပ်စားကြည့်မယ်
သမီးရေ တီမာတို့ဆီမှာအရမ်းအေးနေတယ်
ဆန်ပြားအရည်သောက်လေးသောက်ပြီးကွးနေရရင်ကော်းမယ်နော်
ကြိုက်တယ်..။
ခေါက်ဆွဲကိုဘယ်လိုချက်ချက်စားမယ်။
ဆန်ပြားခေါက်ဆွဲကို ရှမ်းပြည်နေတုန်းက မကြာခနစားဘူးတော့ ငယ်စဉ်ထဲကနှစ်သက်တယ်။
ခေါက်ဆွဲဆိုရင် ဘယ်လိုဖြစ်ဖြစ် ကြိုက်ပြီးသားပဲ Evy ရေ။ နည်းလေးယူသွားတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment