ဒီနည်းလေးကတော့
ဟင်းချက်နည်း စာအုပ်တစ်အုပ်ထဲမှာတွေ့လို့ ပြန်လည်ပြုပြင်ထားတဲ့ ဟင်းလေးပါ။
ငါးပိလေးပါထည့်ပြီးကြော်ထားတော့ အရသာလေးကလေးလေးပင်ပင်နဲ့ မုန်ညှင်းလေးနဲ့
အင်မတန်လိုက်ဖက်ပါတယ်။ မိမိနှစ်သက်ရာ အသားတစ်မျိုးကိုသုံးနိုင်ပါတယ်။
- ငါးပိ လက်ဖက်ရည်ဇွန်းထက်ဝက်
- ပဲငံပျာရည် အကြည့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ခရုဆီ စားပွဲဇွန်း ၁ ဇွန်း
- ကြက်သား(နုတ်နုတ်စဉ်း) လက်တစ်ဆုပ်စာ
- မုန်ညှင်း ၂၀၀ ဂရမ်
- ဆားလက်ဖက်ရည်ဇွန်းထက်ဝက်
- ငရုပ်သီး အနီ ၂တောင့် (ပါးပါးလှီးထား)
- ငရုပ်သီးအရောင်တင် လက်ဖက်ရည်ဇွန်း ၁ ဇွန်းမောက်မောက်
- ဆီ စားပွဲဇွန်း ၄ ဇွန်း
- ကြက်သွန်နီ ခပ်ရွယ်ရွယ်တစ်လုံး
(ပါးပါးလှီးထား)
ကဲစကြော်ကြမယ်
- ပထမဆုံးဆီကို အပူပေးပြီး ကြက်သွန်နီကို တော်တော်နွမ်းသွားတဲ့အထိ ဆီသတ်ပေးပါ။ နောက်မှာ ငါးပိ၊အရောင်တင်မှုန့်ကိုထည့်ပြီး ၂ မိနစ်လောက်ဆက်ကြော်ပါ
- ပြီးရင် ကြက်သားကိုထည့်၊ ခရုဆီ၊ပဲငံပျာရည်၊ဆား စတာတွေကိုထည့်ပြီးကြော်ပေးပါ။
- နောက်ဆုံးချခါနီးမှာ ငရုပ်သီးကိုထည့်မွှေပေးပါ။ဒါဆိုရင် မုန်ညှင်းပေါ်ကိုလောင်းချဖို့ ဟင်းအဆင်သင့်ဖြစ်ပါပြီ
- မုန်ညှင်းကို လှီးထားပြီး ရေနွေးဆူဆူမှာ ခဏပြုပ်ပေးပါ။ ၃ မိနစ်လောက်ပေါ့။ ကျွန်မကတော့ ရေနွေးကို ပွက်ပွက်ဆူအောင် အရင်တည်ပြီး ဆီလေး ၁ စက် ၂ စက်နဲ့ ဆားလေးကို အရင်ထည့်ပါတယ်။ ပြီး မှမုန်ညှင်းထည့်ပါတယ်။ ၃မိနစ်လောက်ပြုပ်ပြီးရင် ရေအေးထဲကို ပြန်စိမ်ပေးပါ (ဒါကတော့ ခပ်စိမ်းစိမ်းလေးရအောင် လုပ်တာပါ) ပြီးမှရေစစ်ပြီး စားမယ့်ပန်းကန်ထဲကို စီထည့်ပါ။
- နောက်ဆုံးမှ ခုနကကြော်ထားတဲ့ အသားတွေကိုအပေါ်ကနေလောင်းချလိုက်ရင် စားဖို့အသင့်ဖြစ်ပါပြီ။
7 comments:
Look so good ! I'll try.Thanks for sharing,sis !
မချက်ဖူးသေးဘူး နည်းလေးယူသွားပြီ Evy ရေ။ အရသာရှိမဲ့ပုံလေးပဲး) ကျေးဇူး။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မစားဖူးသေးဘူး အိရေ ချက်စားမယ်
လှလိုက်တဲ့ ဟင်းပွဲလေး..
တကယ်စားချင်စရာလေး..
good
This looks very delicious ... if only I could read the instructions!
ဒီဟင်းလေး ကြိုက်လိုက်တာမှ အရမ်းပဲ ဗိုက်ဆာနေတဲ့အချိန်မှ ဒီဟင်းကိုတွေ့တော့ ပိုဆာသွားတယ်...
Post a Comment