Pad Siew ( ယိုးဒယားခေါက်ဆွဲကြော်)
ဒီခေါက်ဆွဲကြော်ကတော့
ယိုးဒယားခေါက်ဆွဲကြော်တစ်မျိုးပါ။ မူရင်းကတော့ အမဲသားနဲ့ ကြော်တာဖြစ်ပြီး ကျွန်မကတော့
ကြက်သားနဲ့ ပြန်ကြော်ပါတယ်။ ပင်လယ်စာနှစ်သက်တယ် ဆိုရင်လည်း ပုစွန်ကို သုံးနိုင်ပါတယ်။
အသီးအရွက်အနေနဲ့ ဘရိုကိုလီပါဝင်ပြီး အချိုနဲနဲကဲပြီး စားလို့တစ်မျိုးကောင်းပါတယ်။ ဆန်ပြားခေါက်ဆွဲကြော်ကို
တစ်မျိုးဆန်းသစ်ထားတာပေါ့။ (တကယ့်မူရင်းခေါက်ဆွဲကတော့ ဆန်ပြားအကြီးကြီးတွေပါ။ ဒီမှာတော့
ပုံမှန် ဆန်ပြားဆိုဒ်ပဲ ရှာတွေ့လို့ အဲဒါနဲ့ပဲ ကြော်လိုက်ပါတယ်)
အသားနှပ်ရန်အတွက်
- ခြစ်ထားသော ဂျင်း - စားပွဲဇွန်း ၁ ဇွန်းခွဲ
- ကြက်သွန်ဖြူ ၃ မွှာ - နုတ်နုတ်စဉ်း
- ကြက်သွန်နီ အသေး ၁လုံး နုတ်နုတ်စဉ်း
- ပြောင်းဖူးမှုန့် စားပွဲဇွန်း ၁ ဇွန်း
- တရုပ်ဟင်းချက်ဆန်ဝိုင် စားပွဲဇွန်း ၁ ဇွန်း
- ငါးငံပျာရည် စားပွဲဇွန်း ၁ ဇွန်း
- ပဲငံပျာရည် အနောက် စားပွဲဇွန်း ၁ ဇွန်း
- ခရုဆီ စားပွဲဇွန်း ၁ ဇွန်း
- ထန်းလျက် အသေး၁ ခဲ (ကြိတ်ထားပါ)
- နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ငရုပ်ကောင်း လက်ဖက်ရည် ဇွန်း ထက်ဝက်
ပါဝင်ပစ္စည်းများ
- အမဲသား (သို့) ကြက်သား ၁၅၀ ဂရမ်ကို ဟင်းခပ်ပစ္စည်းများအားလုံးနဲ့ ရောမွှေထားလိုက်ပါ
- ဆန်ခေါက်ဆွဲအပြား ၄၀၀ ဂရမ်
- ဘရိုကိုလီ အနည်းငယ်
- ပဲငံပျာရည် အနောက်စားပွဲဇွန်း ၁ ဇွန်း
- ငါးငံပျာရည် စားပွဲဇွန်း ၂ ဇွန်း
- ခရုဆီ စားပွဲဇွန်း ၁ ဇွန်း
- ကြက်ဥ ၂လုံး
- ငရုပ်ကောင်း လက်ဖက်ရည်ဇွန်း ထက်ဝက်
ကြော်နည်း
1.
ပထမဆုံးနှပ်ထားတဲ့
အသားတွေကို ဆီစားပွဲဇွန်း ၂ ဇွန်းလောက်နဲ့ ကြော်ပေးပါ။
2.
နောက်ဘရိုကိုလီထည့်ပြီး
၂ မိနစ်လောက်နေရင် ကြက်ဥကိုဖောက်ထည့်ပေးပါ
3.
နောက်ထပ်
၂ မိနစ်လောက်နေရင် ခေါက်ဆွဲတွေထည့်၊ ကျန်တဲ့ ဟင်းခတ်ပစ္စည်းတွေထည့်ပြီး ၎
မိနစ်လောက်သမအောင်မွှေကြော်ပေးပါ။
4.
ဒါဆိုရင်တော့
အရသာရှိတဲ့ ယိုးဒယားခေါက်ဆွဲကြော် အသင့်ဖြစ်ပါပြီ
2 comments:
မရေ ...
ှဗိုက်ဆာနေတာနဲ့ အတော်ပဲ :)
ယိုးဒယားခေါက်ဆွဲကြော်လေး ၀င်စားခဲ့တယ်ဗျို့
မ မရှိတုန်းတိတ်တိတ်လေးလေ :P
Hi,,,Miss EVY...
Thanks a lot for mouth watering Ur appetizing foods,, but the Pad Siew,the way you cooking is not the right way,,its mean that not the Thai cooking style for that food,,, anyhow - anyway Ur afford to sharing for other people are very appreciated.. Thanks again Miss...God bless U..
Post a Comment