ခုတစ်လော ဟင်းချက်နည်းတွေပဲ တင်နေတာနဲ့ မုန့်မလုပ်ဖြစ်တာတောင်ကြာနေပြီ။ အကြောင်းကတော့ ၀ိတ်တက်လာတာလည်းပါတယ်။ မုန့်လုပ်ပြီး မစားလည်း မနေနိုင်ဆိုတော့ ၀ိတ်တက်တာလည်း မဆန်းပါဘူးနော် :D ။ ခုမုန့်လေးကတော့ cream cheese နဲ့လုပ်ထားတဲ့ ကွတ်ကီးလေးပါ။ Cream cheese ကိုပုံမှန်အားဖြင့်တော့ ချိစ်ကိတ်လုပ်ကြတာပဲများပါတယ်။ ချိစ်ကိတ်လုပ်ရင် အကောင်းဆုံး အမျိုးအစားကတော့ Philadelphia Cream Cheese လို့ပြောကြတယ်။ ဒါပေမယ့် ကျွန်မကတော့ အိမ်မှာ အဆင်သင့်ရှိတဲ့ သုံးနေကြအမျိုးအစားကိုပဲသုံးလို
ပါဝင်ပစ္စည်းများ
- ထောပတ် ၁၅၀ ဂရမ်
- ခရင်မ်ချိစ် ၈၀ ဂရမ်
- Baking powder လက်ဖက်ရည် ဇွန်းထက်ဝက်
- Icing Sugar (ပေါင်ဒါသကြား) - ၁၂၅ ဂရမ်
- ဂျုံ - ၂၅၀ ဂရမ်
- ပြောင်းဖူးမှုန့် - ၃၀ ဂရမ်
- ဗနီလာ အနံ့လက်ဖက်ရည် ဇွန်း တစ်ဝက်
- ကြက်ဥအနှစ် ၁ ခု
- ကိုကိုးပေါင်ဒါ စားပွဲဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
- ဘာမှစမလုပ်ခင် ဂျုံ၊ ပြောင်းဖူးမှုန့်နဲ့ ပွဆေးကို ရောပြီး ဇကာချပေးထားပါ
- ပထမဆုံး အဆင့်အနေနဲ့ သကြား၊ ထောပတ်နဲ့ ခရင်မ်ချိစ်ကို ဖြူပြီး ပွလာအောင် စက်နဲ့ခေါက်ပါ။
- နောက်ကြက်ဥ အနှစ်နဲ့ ဗနီလာကို ထည့်မွှေပေးပါ။
- နောက်ဆုံးမှစကာ စစ်ထားတဲ့ ဂျုံအရောကို ထည့်မွှေပါ
- ဒါဆိုရင် မုန့်သားခပ်ပျော့ပျော့ရပါမယ်။ ရလာတဲ့မုန့်သားကို တစ်ဝက်ခွဲပြီးကိုကိုးမှုန့်နဲ့ ရောပေးပါ
- အဲဒီနောက်မှာတော့ မုန့်သားအဖြူ ရိုးရိုးရယ်၊ ချောကလက် မုန့်သားရယ် ၂ မျိုးကို ပလတ်စတစ်နဲ့ ပတ်ပြီး ရေခဲသေတ္တာထဲမှာ နာရီဝက်လောက်ထားပေးပါ (အဲလိုမှမဟုတ်ရင် ကိုင်ရသိပ်ခက်ပါတယ်)
- ရလာတဲ့ မုန့်သားတွေကို ထုတ်ပြီး ၁ စင်တီမီတာလောက် အထူလေးတွေပြားကာ လိုချင်တဲ့ ပုံလေးတွေဖြတ်ပြီး ၁၅၀ ဒီဂရီအာဗင်မှာ ၂၅ မိနစ်ဖုတ်ပေးရင်ရပါပြီ။
- စုစုပေါင်း မုန့်လေးတွေ အခု ၄၀ နီးပါးထွက်ပါတယ်
5 comments:
စက် မသုံးဘဲ မွှေတံ ကို သုံးပြီး လုပ်ရင်ကော ရနိုင်မလား မမ
ရတယ် ညီမရေ။ လက်နဲ့တော့ နာနာမွှေပေးရမယ်
ရှလွတ် :)))
sis, let me know cup instead of gram.Thanks sis.
Normally I dont recommend using Cup which is not so accurate and it can affect the final result.
Post a Comment