Friday, January 4, 2013
၆၅နှစ်မြောက် လွတ်လပ်ရေးနေ့
ဒီနေ့လွတ်လပ်ရေးနေ့မို့ အမှတ်တရလေးဖြစ်အောင် သစ်သီးအချိုပွဲကို အလံပုံလုပ်ဖြစ်တယ်. မလုပ်ခင်မှာ အလံပုံအဟောင်းလုပ်ရနိုး အသစ်လုပ်ရနိုးနဲ့ ဇဝေဇ၀ါဖြစ်သေးတယ်။ နောက်စဉ်းစားကြည့်တော့ လက်ရှိအလံက ဒါပဲဖြစ်နေတော့ ဒါပဲလုပ်မယ်ဆုံးပြီး စိတ်ဆုံးဖြတ်ချက်ချလိုက်ရော။ အမှန်က အလံအဟောင်းက စပါးနှံတွေကြယ်တွေနဲ့ဆိုတော့ ပိုခက်တာလဲပါတယ်။ သစ်သီးနဲ့ဆိုတော့ အဲလောက်အနုစိတ်ဖို့က သိပ်မလွယ်ဘူးလေ။
အဲဒါနဲ့ပဲ လိုအပ်တဲ့သစ်သီးလေးတွေဝယ်လာ။ အလံကို အင်တာနက်ကရှာပြီး တတ်နိုင်သမျှတူအောင်လေး စိတ်ကူးပုံဖော်ကြည့်မိပါတယ်။ အနီရောင်အတွက် သလဲသီးကိုသုံးပြီး။ အစိမ်းရောင်အတွက်တော့ ကီဝီ၊ အ၀ါရောင်လေးကတော့ နာနတ်ပေါ့။ အပေါ်ကကြယ်ဖြူအတွက် ပန်းသီးကိုသုံးတယ်။ ကြယ်လုပ်တဲ့နေရာမှာလည်း ကြယ်အကြီးမရှိတော့ အသေးလေး ၆ခုဖြတ်ပြီး ကြယ်အကြီးပုံစံ ဖြစ်အောင်လုပ်ယူလိုက်တယ်။
ကိုယ်ကအစားအသောက်ဘလော့ဆိုတော့လည်း ဒီလိုအထိမ်းအမှတ်နေ့တွေမှာလည်း အစားအသောက်နဲ့ပဲ တတ်နိုင်သမျှအမှတ်တရလုပ်ဖြစ်ပါတယ်။ သိပ်ပြီးတော့ ခက်ခက်ခဲခဲမဟုတ်ပေမယ့်လည်း အမှတ်တရပေါ့နော်။ လွတ်လပ်ရေးရဲ့ အဓိပ္ပါယ်ကဘာလဲဆိုတာ ဗိုလ်ချုပ်ပြောထားတဲ့ မိန့်ခွန်းလေးတွေ ဖတ်ဖြစ်တယ်။ ကိုယ်လည်း မမီလိုက်တဲ့ တန်ဖိုးရှိတဲ့စကားလေးတွေပေါ့။ တခြားတော့ အထွေအထူးဘာမှမလုပ်ဖြစ်ပါဘူး။ အားလုံးအတွက် အမှတ်တရ ၆၅နှစ်မြောက်လွတ်ရေးနေ့ပါ။
ခင်မင်စွာဖြင့်
Evy
Subscribe to:
Post Comments (Atom)
4 comments:
အိုင်ဒီယာလေး ပြောင်မြောက်တယ် Evy ရေ။
ဒါလေးလည်းတကယ့်ကို အမှတ်တရ ခြေရာလေးပါပဲ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ပုံလေးရော စာလေးပါ ချစ်စရာကောင်းတယ်... စာရေးသူရဲ့ စေတနာလေးလည်း ချစ်စရာကောင်းတယ်...း=)
အကုန်မွေဖတ်နေသည် ပုံလေးလှလို့ မအောင့်နိုင်တော့ ဝင်မန့် ဟိဟိ
Thank you Vista :)
Post a Comment