Tuesday, January 8, 2013

Udon ငရုပ်ကောင်းခေါက်ဆွဲကြော်




စားလို့ကောင်းတဲ့ ခေါက်ဆွဲကြော် နောက်တစ်မျိုးက Udon လို့ခေါ်တဲ့ နန်းကြီးကို ပင်လယ်စာ၊ ငရုပ်ကောင်းနဲ့ ခပ်ပူပူစပ်စပ်လေးကြော်ထားတာပါ။ ဆိမ့်ဆိမ့်ပူပူလေးနဲ့ တော်တော်လေးအရသာရှိပါတယ်။ ပါဝင်ပစ္စည်းလည်းနဲပြီး အချိန်တိုအတွင်းမှာ ကြော်နိုင်တာမို့ ညနေစာအတွက် အထူးပင်သင့်တော်ပါတယ်။ တကယ်လို့ ဒီလို နန်းကြီးမျိုးမရခဲ့ရင်လည်း နန်းလတ်နဲ့ အစားထိုးနိုင်ပါတယ်။


ပါဝင်ပစ္စည်းများ
  • Udon ခေါက်ဆွဲ (နန်းကြီး) - ၂၀၀ ဂရမ်
  • ပုဇွန် ၆ ကောင်
  • ပြည်ကြီးငါး အသေး ၂ ကောင် (သန့်စင်ပြီး အရွယ်တော်လေးတွေ လှီးထားပါ)
  • ငရုပ်သီးတောင့်ပွ ၁ တောင်
  • ပဲပင်ပေါက် လက်တစ်ဆုပ်စာ
  • ကြက်သွန်မိတ် ၂ ပင် (လက်၂ ဆစ်စာလောက်လေးတွေ ဖြတ်ထားပါ)
  • ကြက်သွန်နီ အသေး၁ ဥ (မထူမပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၃ မွှာ  (ဓါးပြားရိုက်ထားပါ)
  • ငရုပ်ကောင်း လက်ဖက်ရည် ၁ဇွန်း


ဟင်းခပ်ရန်အတွက်
  • သကြားလက်ဖက်ရည် ၁ ဇွန်း
  • ပဲငံပျာရည်အကြည် စားပွဲဇွန်း၃ ဇွန်း
  • ကြက်သားအဆီ လက်ဖက်ရည်၁ဇွန်း + ရေ တရုပ်ပန်းကန်လုံး ၁ လုံး
  • ပဲငံပျာရည်အနောက် လက်ဖက်ရည် ၁ဇွန်း

ကြော်နည်း
  1. ပထမဆုံး ပြည်ကြီးငါးများကို ရေဆူဆူမှာ ၁ မိနစ်ခန့်ပြုပ်လိုက်ပါ
  2. ဆီ စားပွဲဇွန်း ၂ ဇွန်းကို အပူပေးပြီး ကြက်သွန်ဖြူ၊ နီနဲ့ ငရုပ်ကောင်းများကို ထည့်ကြော်ပေးပါ။
  3. နောက်ပုဇွန်၊ ပြည်ကြီးငါးနဲ့ ခေါက်ဆွဲကိုလည်း ထည့်ပေးပြီး ၁ မိနစ်ခန့် မီးပြင်းပြင်းနဲ့ကြော်ပါ
  4. ပြီးရင် ဟင်းခပ်ပစ္စည်းများနဲ့ ပဲပင်ပေါက်၊ ငရုပ်တောင့်ပွ၊ ကြက်သွန်မိတ်များထည့် ကာကြော်ပေးပါ
  5. ၃မိနစ်လောက်နေလို့ ရေခမ်းပြီဆိုရင် သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။

2 comments:

Aunty Tint said...

ဗိုက်ဆာနေတုန်း ငရုပ်ကောင်းခေါက်ဆွဲနဲ့မှ လာတိုးနေပါလား ခရစ္စတလ်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Aunty Tint said...

ဟီးဟီး Evy ရေပြောတာနော် ထိုင်းကိုသွားဘို့ စဉ်းစားလိုက်တာနဲ့ ခရစ္စတလ်ရေဖြစ်သွားတယ် :P
ဆောတီး ဆောတီး