Friday, July 19, 2013

ချောကလက် ၊ လိမ္မော်ပေါင်မုန့်






သိပ်လှတဲ့ ပေါင်မုန့်လေးလုပ်ကြည့်ကြရအောင်။ ချောကလက် ၊လိမ္မော်နဲ့ ရိုးရိုးပေါင်မုန့်ကို ပေါင်းစပ်ထားတာပါ။ မုန့်တစ်ချပ်ထဲမှာပဲ ၃ ရောင်စပ်ထားတာပေါ့။


ပါဝင်ပစ္စည်းများ

  • ပေါင်မုန့်ဂျုံ ၃၀၀ ဂရမ်
  • သကြား ၃၀ ဂရမ်
  • ဆား လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ရေ ၂၀၀ ဂရမ်
  • တဆေး (yeast) - ၆ ဂရမ်
  • ထောပတ် ၂၀ ဂရမ်

ပေါင်မုန့်ပြုလုပ်နည်း
  1. ထောပတ်ကလွဲလို့ ကျန်တဲ့ ပစ္စည်းများအားလုံးကို ရောမွှေကာ နယ်ပေးပါ။
  2. ၁၀ မိနစ်လောက်ကြာလို့ ဂျုံသားရလာပြီဆိုမှ ထောပတ်ကိုထည့်မွှေပြီး နယ်ပေးပါ။
  3. Window pane test ရတဲ့အထိနယ်ရပါမယ် ။ အချိန် မိနစ် ၂၀ လောက်ကြာပါတယ်။
  4. ဒါဆိုရင်မုန့်သားအဆင်သင့်ဖြစ်ပါပြီ။ ရလာတဲ့မုန့်သားကို ၃ ပိုင်းအညီအမျှပိုင်းလိုက်ပါ
  5. တစ်ပိုင်းကို Orange paste လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်နယ်ပြီး ၊ နောက်တစ်ပိုင်းကို Chocolate paste ၁ ဇွန်း (ကိုကိုးမှုန့် လက်ဖက်ရည် ၁ ဇွန်း + ရေ လက်ဖက်ရည် ၁ ဇွန်း) ထည့်နယ်ပါ။
  6. ထို့နောက် မုန့်သားများကို ဆီဆွတ်ထားတဲ့ ဇလုံတစ်ခုထဲမှာ အဖုံးအုပ်ပြီး ၂ ဆဖြစ်လာတဲ့အထိထားပါ

  1. ၁ နာရီလောက်နေပြီး မုန့်သားပွလာပြီဆိုရင် ပြန်ဖိချပြီးလေတွေကို ထွက်အောင်လုပ်ပေးပါ
  2. နောက်ထပ် ၁၀ မိနစ် ခန့်စောင့်ပြီးမှ ညီညီညာညာ အချောင်းလေးများဖြစ်အောင်ပုံသွင်းပြီး ကျစ်ဆံမြီး ကျစ်သကဲ့သို့ ကျစ်ပေးပါ။
  3. ထို့နောက် ပွလာအောင် ၁ နာရီခွဲခန့်စောင့်ပြီး ၁၇၀ ဒီဂရီ အာဗင်မှာ ၄၅ မိနစ်လောက်ဖုတ်ပေးရင် ရပါပြီ

1 comment:

Cameron said...

လှလိုက်တဲ့ပေါင်မုန့် စားချင်စရာ