Tuesday, July 23, 2013

မှိုထမင်း





အနံ့မွှေးကြိုင်လှတဲ့ မှိုထမင်းဟာလည်း အရသာရှိသော သက်သတ်လွတ် ထမင်းတစ်မျိုးပါပဲ။ မှိုအစိုကိုသုံးထားတာမို့ အရသာကပိုပြီးဆိမ့်ပါတယ်။ ကျွန်မကတော့ ရှီတာကီမှိုကို သုံးပြီးချက်ပြထားပါတယ်။ မိမိနှစ်သက်ရာမှိုတစ်မျိုးမျိုးနဲ့လည်း အစားထိုးချက်ပြုတ်နိုင်ပါတယ်

ပါဝင်ပစ္စည်းများ
ထမင်း ၁ ဗူးခွဲ (ချက်ပြီးသား)
လေးညှင်း ၄ ပွင့်ခန့်
ဖာလာစေ့ ၂ စေ့
သစ်ဂျပိုး အသေး ၂ခု
ရှီတာကီမှိုအကြီး  ၅ ခု (ပါးပါးလှီးထားပါ)
ကြက်သွန်နီ ၁ ဥ (ပါးပါးစိတ်ထားပါ)
ကြက်သွန်ဖြူ ၃ မွှာ (ဓါးပြားရိုက်ထားပါ)
ဆီစားပွဲဇွန်း ၁ ဇွန်းခွဲ
ငရုပ်ကောင်းအနည်းငယ်



ချက်နည်း

ဆီကို အပူပေးပြီး လေးညှင်း၊ဖာလာစေ့ နှင့် သစ်ကြံပိုးကို အပူပေးပါ
နောက် ကြက်သွန်နီ၊ ကြက်သွန်ဖြူများကို ထည့်ကြော်ပါ။
ကြက်သွန်နွမ်းလျှင်မှိုများကိုလည်း ထည့်ကြော်ပြီး ၊ဆား လက်ဖက်ရည် ၁ ဇွန်းခွဲခန့် နှင့် ငရုပ်ကောင်းထည့်မွှေပါ။
မှိုများနူးအောင် တည်ပြီးမီးပိတ်လိုက်ပါ
ချက်ပြီးသား ဆန်များနှင့် ရောမွှေပြီးလျှင်စားရန်အသင်ဖြစ်ပါပြီ


No comments: