Sunday, July 21, 2013

အသားတုအဆိမ့်ချက်





အများစုကတော့ အသားတုဆိုရင် ငရုပ်သီးကြက်သွန်နဲ့ အကြွပ်ကြော်စားလေ့ရှိပါတယ်။ ခုတစ်ခါမှာတော့ စားနေကျနည်းကနေ ခွဲထွက်ပြီး အသားတုဆီပြန်ချက်ပြထားပါတယ်။ ပုံမှန်အားဖြင့်တော့ Singapore ကအိန္ဒိယထမင်းဆိုင်တွေမှာ အသားတုကိုဟင်းချက်ပြီး ရောင်းလေ့ရှိပါတယ်။ ဆီပြန်ဟင်း အနှစ်ရဲ့ အရသာများက အသားတုထဲ စိမ့်ဝင်နေပြီး အင်မတန်အရသာရှိပါတယ်။
ပါဝင်ပစ္စည်းများ
အသားတု တစ်ခွက် (လက် ၂ ဆုပ်စာခန့်ရှိပါတယ်)
ကြက်သွန်နီ ဥကြီး ၂ ဥ (သေးသေးလှီးထား)
ခရမ်းချဉ်သီး ၁ လုံး (သေးသေးလှီးထား)
ကြက်သွန်ဖြူ၊ ချင်း အနှစ် (စားပွဲဇွန်း တစ်ဇွန်း)
မာဆလာ အနည်းငယ်
ဆားသင့်ရုံ
ဆနွင်း သင့်ရုံ
ငရုပ်သီး အရောင်တင် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
နွားနို့ Full Cream - ၂၀၀ မီလီလီတာ
ချက်နည်း
အသားတုများကို ၁၀ မိနစ်ခန့်ရေစိမ်ထားပါ။
ပွလာပါက ရေညှစ်ထုတ်ပြီး မာဆလာများနှင့် မီးပေါ်မှာ ခဏလှော်ပေးပါ။

ကြက်သွန်နီများကို ဆီသတ်ပြီး နွမ်းလျှင် ခရမ်းချဉ်သီးများကိုထည့်ပေးပါ။
ခရမ်းချဉ်သီးများလိပ်လာပါက ဆား၊ဆနွင်း၊ ငရုပ်သီးအရောင်တင်များကို ထည့်မွှေပေးပြီးအသားတုများကိုပါ တစ်ပါတည်း ထည့်ပေးပါ။
နောက် နွားနို့ နှင့် ရေ ၂၀၀ မီလီလီတာကို ထည့်ကာ ဆီပြန်သည် အထိ မီးနဲနဲ နှင့်တည်ပေးပါ။
အရသာအတွက် ဆားကို မိမိစိတ်ကြိုက် အတိုးအလျော့လုပ်ပါ။ 

ဆီပြန်လျှင် သုံးဆောင်ရန်အသင့်ဖြစ်ပါပြီ။

2 comments:

Aunty Tint said...

မနက်ဖြန် ၀ါဝင်မှာနဲ့တော့ အတော်ပဲ Evy ရဲ့ ပို့စ်တွေလိုက်မွှေရမယ် :P
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

eithet said...

မအိရေ သမီးဆိုင်မှာအဲဒီအသားတုဟင်းရောင်းတယ် နွားနို့တော့မပါဘူး အိမ်မှာစားရင်တော့ စပ်စပ်လေးချက်စားတယ်