Wednesday, July 31, 2013

နွားနို့ခဲ ထမင်း




သတ်သတ်လွတ် ထမင်းပွဲနောက်တစ်မျိုးကတော့ နွားနို့ခဲ ထမင်းပါ။ ဆိမ့်ဆိမ့်လေးနဲ့ စားလို့အရသာရှိတာမို့ သက်သက်လွတ်သမားတွေ အကြိုက်တွေ့မှာပါ။
ပါဝင်ပစ္စည်းများ
ဆန် တစ်ခွက်ခွဲ (rice cooker မှာပါသောခွက်)
ပဲစေ့အစိမ်းအနည်းငယ်
နို့ခဲ့အနည်းငယ် (ခပ်သေးသေးစိတ်ထားပါ)
ဆီစားပွဲဇွန်း ၂ ဇွန်း
ကြက်သွန်နီ ၁ ဥ (သေးသေးလှီးထားပါ)
နံနံပင် အနည်းငယ်
မုန်ညှင်းစေ့ လက်ဖက်ရည် ၁ ဇွန်း
ဆား သင့်ရုံ

ချက်ပြုပ်နည်း
ဆီကို အပူပေးပြီး မုန်ညှင်းစေ့များထည့်ကြော်ပါ

ကြက်သွန်များကိုလည်း ထည့်ပေးပြီး ကြက်သွန်နူးလာလျှင် ပဲစေ့၊ဆန်၊ ဆား နှင့် ရေ (ဆန်တစ်ခွက် ရေတစ်ခွက်ခွဲ အချိုးနှင့်ထည့်ပါ) များကိုထည့်ပေးပြီး ထမင်းကျက်သည်အထိ တည်ပေးပါ။
ထမင်းချက်နေစဉ် နွားနို့ခဲကို ဆီပါရုံမျှဖြင့် အိုးပူတိုက်ပေးပါ။

ထမင်းကျက်ပါက နွားနို့ခဲ နှင့် နံနံပင်ကို ရောမွှေပေးလိုက်ရင် စားရန်အသင့်ဖြစ်ပါပြီ။



2 comments:

Cameron said...

အတော်ပဲ သက်သတ်လွတ်စားနေတာ ချက်စားကြည့်ဦးမယ် ကိုယ်က နွားနို့ခဲကြိုက်တာနဲ့

Aunty Tint said...

သက်သတ်လွတ် နောက်ထပ် ဟင်းတစ်ပွဲအတွက် ကျေးဇူးပါ Evy ရေ..
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်