Friday, July 12, 2013

အာလူးထမင်း




သက်သတ်လွတ် ထမင်းပွဲနောက်တစ်မျိုးကတော့ အာလူးထမင်းပါ။ အာလူးကိုဆီသတ်ပြီး ထမင်းနဲ့ ပြန်ရောထားတာမို့ ထမင်းအရသာကပါ ဆိမ့်ဆိမ့်လေးနဲ့ စားလို့ကောင်းလှပါတယ်။

ပါဝင်ပစ္စည်းများ
အာလူးအလတ်တစ်လုံး (သေးသေးလှီးထား)
ကြက်သွန်နီ တစ်ဥ (သေးသေးလှီးထား)
လေးညှင်းပွင့်် အနည်းငယ်
သစ်ဂျပိုးအနည်းငယ်
ဆနွင်း သင့်ရုံ
ထမင်း ၁ ခွက်ခွဲ (ချက်ပြီးသား)


ချက်နည်း
ဆီစားပွဲဇွန်း ၁ ဇွန်းကို အပူပေးပြီး လေးညှင်းပွင့်နှင့် သစ်ဂျပိုးကို ထည့်ကြော်ပါ
ကြက်သွန်များကိုလည်း ထည့်ပေးပြီး ကြက်သွန်နွမ်းလျှင် အာလူးများကိုထည့်မွှေပါ
ဆနွင်းအနည်းငယ်ထည့်ပြီး အာလူးနူးသည်အထိ မီးသင့်ရုံဖြင်ကြော်ပေးပါ
ဆား လက်ဖက်ရည် ၁ ဇွန်းခန့်ကိုလည်း ထည့်မွှေပေးပါ။
ချက်ပြီးသားထမင်းများနှင့်ရောမွှေပြီးလျှင် စားရန်အသင့်ဖြစ်ပါပြီ။




No comments: