Sunday, July 14, 2013

အိမ်လုပ်နို့ဆီ



 

တစ်ခါတစ်လေ အိမ်မှာနို့ဆီပြတ်နေတဲ့အချိန်၊ အလွယ်တကူ မရှိတဲ့အချိန်ဆိုရင် ခုရေးပြမယ့် နို့ဆီလုပ်နည်းလေးက အသုံးဝင်မယ်ထင်တယ်နော်။ ကျွန်မတို့ အိမ်မှာဆိုရင် နို့ဆီဝယ်ထားဖြစ်တောင် အများကြီးဖြစ်နေတာမို့ ကုန်အောင်မနဲသုံးရလို့ ဒီလုပ်နည်းရတာနဲ့ ဟန်ကျနေတာ။ ကိုယ်လိုသလောက်ပဲ လုပ်လို့ရတယ်လေ။ ပါတဲ့ ပစ္စည်းတွေကလည်း အလွယ်တကူရနိုင်တာလေးတွေချည်းပဲ။ တစ်ခါတစ်လေ နို့မှုန့်ဝယ်ထားမိလို့ ရက်လွန်ကာနီးရင်လဲ ဒီလိုမျိုးအသုံးချလို့ရတာပေါ့။

ပါဝင်ပစ္စည်းများ


  • ထောပတ် (အပူပေးပြီး ပျော်အောင်လုပ်ထားပါ) - စားပွဲဇွန်း ၂ ဇွန်း (၃၀ ဂရမ်)
  • သကြား ၉၀ ဂရမ်
  • နို့မှုန့် ၁၂၀ ဂရမ်
  • ရေနွေး ၇၀ မီလီလီတာ။


ပါဝင်ပစ္စည်းများအားလုံးကို Food processor (သို့) blender နဲ့ရောမွှေလိုက်ပါ။
သေသေချာချာတော့ သမအောင်မွှေရပါမယ်
နို့မှုန့်က အခဲပါလို့လုံးဝမရပါဘူး။ သိပ်ပျစ်တယ်ထင်ရင် ရေနွေးစားပွဲဇွန်း ၁ ဇွန်းလောက်ထပ်ရောပေးလို့ရပါတယ်


အိမ်လုပ်နို့ဆီ ၅ မိနစ်အတွင်းမှာရပါပြီ။  ကိုယ်တိုင်လုပ်ထားတဲ့ ပစ္စည်းများဆိုရင် အရသာပဲပိုရှိသလိုလို :D ကော်ဖီဖျော်သောက်ကြည့်တာ ပိုကောင်းနေသလိုပဲ။
စမ်းကြည့်ကြပါဦး။

2 comments:

einaylin said...

ama thank you so much. really useful for me.

Unknown said...

Thank you sis