Sunday, July 7, 2013

အိန္ဒိယစတိုင် ပဲဟင်း






ဝါတွင်းနီးလာပြီမို့ သက်သတ်လွတ်ဟင်းများကို အဆင်ပြေသလိုတင်သွားပေးပါမယ်
သက်သတ်လွတ်ဟင်းများထဲမှာ မပါမဖြစ်ကတော့ အရသာရှိသော ပဲဟင်းပါ။ ဘာဟင်းမှ မရှိလဲ ပဲဟင်းနဲ့ ရွှေဘိုထောင်းလေးနဲ့ဆိုရင်တော့ စားလို့မြိန်တာပါပဲ။
 အိန္ဒိယစတိုင် ပဲဟင်းချက်နည်းလေး ကိုမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
ကုလားပဲ - တစ်ခွက်
ပဲနီလေး -ခွက်တစ်ဝက်
ကြက်သွန်နီ တစ်ဥ -သေးသေးစိတ်ထား
ခရမ်းချဉ်သီးတစ်လုံး -သေးသေးစိတ်ထား
ချင်းလက်တစ်ဆစ်- ပါးပါးလှီးထား
ဆား- စားပွဲဇွန်း ၁ ဇွန်း
ဆနွင်း လက်ဖက်ရည် ဇွန်းတစ်ဝက်
မာဆလာ အနည်းငယ်


ချက်နည်း

ပဲများကိုရေဆေးပြီး ဆနွင်း၊ ခရမ်းချဉ်၊ မာဆလာ၊ ကြက်သွန်၊ချင်း ထည်ပြီး ရေမြုပ်ရုံထည့်ကာ pressure cooker မှာ ၂၀ မိနစ်ခန့်တည်ပေးပါ။
ပဲများနူးအိလာလျှင် ဇွန်းနှင့်ခြေပေးပြီး ရေထပ်ထည့်ပေးပါ။ (မိမိစိတ်ကြိုက်အပျစ်အကျဲချိန်ပါ)
နောက်မီးပေါ်တွင် ပြန်တင်ပြီး ဆားထည့်ကာ ဆူအောင်တည်ပါ

ပဲဟင်းနှင့်တွဲဖက်သုံဆောင်ရန်ငရုပ်သီးကြက်သွန်ဖြူကို ဆီချက်

ကြက်သွန်ဖြူ၊ ချင်း - ပါပါးလှီထားပြီးသား စားပွဲတင်ဇွန်းတစ်ဇွန်း
ငရုပ်သီးခြောက် ၃ တောင့်
စမုန်စပါးအနည်းငယ်
မာဆလာအနည်းငယ်


ဆီစားပွဲဇွန်း ၁ ဇွန်းခွဲခန့်ကို အပူပေးပြီး စမုန်စပါး ထည့်ပေးပါ။ တဆက်ထည်းမှာ ကြက်သွန်ဖြူ နှင့် ချင်းများကို ထည့်ပေးပပြီး ကြက်သွန်ဖြူများကြွပ်စပြုလာလျှင်ငရုပ်သီးများကို ထည့်ကြော်ပါ။
ထို့နောက် မာဆလာ အနည်းငယ်ဖြူးကာ မီးပိတ်လိုက်ပါ
စားကာနီးမှပဲဟင်းပေါ်မှာ ဖြူးကာသုံးဆောင်ပါ။


3 comments:

Aunty Tint said...

ကုသိုလ်လည်းရ ၀မ်းလည်းဝပေါ့ Evy ရေ...
သက်သတ်လွတ်စားသူတို့အတွက် အဆင်ပြေတယ်။
အိန္ဒိယစတိုင် ပဲဟင်းချက်နည်းလေ့လာသွားတယ်။
ကုလားပဲဆိုရင် တီတင့်တော့ ညထဲကရေစိမ်ထားလိုက်ပြီး မနက်မှာချက်ရင် ခဏလေးနူးတယ်.. pressure cooker နဲ့ဆိုတော့ မြန်လဲမြန် အလုပ်လဲပါးတာပေါ့ စမ်းအုံးမယ်။ လွတ်သွားတာလေးတွေဖတ်သွားတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Cameron said...

ပဲဟင်းဆို အဲလို မဆလာလေး ပျင်းတော်သိမ်ရွက်လေး ဆီသတ်ချက်တာကို အရမ်းကြိုက်တယ်..။

dadaoo said...

What size of a cup ? cc? liter? Gram ?Please exactly .