လီမွန် ထမင်းကတော့
အိန္ဒိယ တောင်ပိုင်းရဲ့ အစားအစာ တစ်မျိုးဖြစ်ပါတယ်။ ဆီပြန်အသားဟင်းများနဲ့
လိုက်ဖက်သလို သက်သတ်လွတ်စားချင်သူများအတွက်လည်း အာလူးချက်ကဲ့သို့ ဟင်းရံများနှင့်
စားသုံးနိုင်ပါတယ်။
ပါဝင်ပစ္စည်းများ
ပါဝင်ပစ္စည်းများ
- basmatiဆန် (သို့) ရိုးရိုးဆန် ၁ ခွက်ခွဲ (ချက်ထားလိုက်ပါ)
- လီမွန်အရည် -စားပွဲဇွန်း ၃ ဇွန်း
- မုန်ညှင်းစေ့ လက်ဖက်ရည် ၁ ဇွန်း
- ပျဉ်းတော်သိမ် အနည်းငယ်
- ချင်း လက်တစ်ဆစ်စာ (အတုံးသေးသေးလှီးထားပါ)
- မြေပဲဆံအနည်းငယ်
ကုလားပဲခြမ်း စားပွဲဇွန်း ၁ ဇွန်းခန့်
ငရုပ်သီးခြောက် အနည်းငယ် - ဆီ - စားပွဲဇွန်း ၃ ဇွန်း
- ဆား အနည်းငယ်
- ဆနွင်း- လက်ဖက်ရည် ဇွန်း လေးပုံတစ်ပုံ
ချက်နည်း
ဆီကို အပူပေးပြီး
မုန်ညှင်းစေ့ကိုထည့်ကြော်ပါ။
မုန့်ညှင်းစေ့လေးတွေ
အပူကြောင့် ပေါက်လာပြီဆိုရင် မြေပဲ နှင့် ကုလားပဲများကို ထည့်ကာ
ရွှေညိုရောင်သမ်းအောင်မီးနဲနဲ နှင့်ကြော်ပါ။
ပျဉ်းတော်သိမ် နဲ့ ချင်းကို ထည့်ပါ။ ငရုပ်သီးခြောက်များကိုလည်း ထည့်ကြော်ပါ
ပျဉ်းတော်သိမ် နဲ့ ချင်းကို ထည့်ပါ။ ငရုပ်သီးခြောက်များကိုလည်း ထည့်ကြော်ပါ
နောက်ဆုံးမှာ ဆား၊
ဆနွင်း ထည့်ပြီး လီမွန်ရည်ပါထည့်ပြီး မီးပိတ်လိုက်ပါ
ချက်ပြီးသားထမင်းများကို
အသာအယာ ထည့်မွှေပြီးရင် အသင့်ဖြစ်ပါပြီ
No comments:
Post a Comment