အုန်းနို့နံ့သင်းတဲ့
Nyonya style အမဲသားနှပ်တစ်ခွက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဟင်းရဲ့ အဓိက
အကျဆုံးအချက်ကတော့ မီးနဲနဲနဲ့ အသားများကို နူးအိနေအောင်နှပ်တာပါပဲ။ ကြာကြာနှပ်နိုင်လေ
ပိုကောင်းလေပါ။ 
ပါဝင်ပစ္စည်းများ
ပါဝင်ပစ္စည်းများ
- အမဲသား၁ ကီလို ( အရွယ်တော်လေးများ တုံးထားပါ)
 - ဆား လက်ဖက်ရည် ၁ဇွန်း
 - သကြားစာပွဲဇွန်း ၂ ဇွန်း
 - မန်ကျည်းနှစ် လက်ဖက်ရည်ဇွန်းတစ်ဝက်
 - အုန်းနို့ ၂၅၀ မီလီလီတာ
 - ရေ ၃၂၀ မီလီလီတာ
 - စပါးလင် ၁ ချောင်း (ထုထားပေးပါ)
 - သစ်ဂျပိုးအနည်းငယ်
 - နံနံမှုန့် စားပွဲဇွန်း ၁ ဇွန်း
 - ဖာလာစေ့ ၃ စေ့
 - ကြက်သွန်ဖြူ ၃ မွှာ
 
အနှစ်အတွက်
- ကြက်သွန်နီဥကြီး ၂ ဥ
 - ကြက်သွန်ဖြူ ၅ မွှာ
 - စပါးလင် ၃ ချောင်း (အရင်းပိုင်းလေးပဲယူပါ)
 - လှော်ထားသော အုန်းသီးဖတ် ၂၅ ဂရမ်
 - ချင်း လက်တစ်ဆစ်စာ
 - ငရုပ်သီးခြောက် ၇ ခု
 
ချက်နည်း
အနှစ်အတွက်
လှော်ထားသော အုန်းသီးဖတ်များမှလွဲပြီး ကျန်ပစ္စည်းများ အားလုံးကို ရောကြိတ်ပေးပါ
ဆီစားပွဲဇွန်း
၃ ဇွန်းခန့်ကို အပူပေးကာ စပါးလင်၊ သစ်ဂျပိုး၊ ဖာလာစေ့၊ ကြက်သွန်ဖြူ
များကိုဆီသတ်ပါ။ အနံ့မွှေးလာပါက နံနံမှုန့် ထည့်မွှေကာ ကြိတ်ထားသော ပစ္စည်းများကို
ထည့်မွှေပါ။
ကြက်သွန်နွမ်းလျှင်
အမဲသားထည့်ကာ ၁ မိနစ်ခန့်တည်ပါ၊ ဆား၊သကြား၊ မန်ကျည်းနှစ် နှင့် အုန်းသီးဖတ်များဖြူးပေးပါ။
ရေနှင့်
အုန်းနို့ကိုလည်းထည့်ကာ ပွက်ပွက်ဆူအောင်တည်ပါ။ 
ဆူသည်နှင့်
မီးလျော့ကာ မီးနည်းနည်းဖြင့် ၄ နာရီခန့်ကြာအောင်တည်ပါ။ ရေလိုလျှင်ထပ်ဖြည်ပေးပါ။
နူးအိနေသော
Beef Rendang ကိုပေါင်မုန့်နှင့်ဖြစ်စေ ထမင်းဖြူနှင့်
ဖြစ်စေတွဲဖက်စားသုံးနိုင်ပါပြီ။



1 comment:
အမဲသားဆိုကြိုက်တယ် ချက်စားကြည့်ဦးမယ်
Post a Comment