S’more လို့ခေါ်တဲ့
မုန့်လေးကတော့ အနောက်နိုင်ငံက Camp သွားကြတဲ့အချိန် ညဖက်
မီးပုံပွဲမှာ ကင်စားလေ့ရှိကြတဲ့ မုန့်လေးပါ။ အရသာကောင်းလွန်းလို့ ခဏခဏတောင်းတာကြောင့် “Some More” ကနေ “S’more” ရယ်လို့ဖြစ်လာတယ်လို့
ဆိုပါတယ်။ ဒီမုန့်လေးကို မီးပုံပွဲမဟုတ်ပဲ အိမ်မှာလဲ ဖန်တီးလို့ရပါတယ်
ချောကလက် ၊ marshmallow
များပါဝင်တာကြောင့် ကလေးများအကြိုက်ပါပဲ
ပါဝင်ပစ္စည်းများ
- Cracker ၄ ချပ်
- ချောကလက် ၂ တုံး (ရိုးရိုးချောကလက်အခဲကို ဖဲ့ပြီးသုံးလို့ရပါတယ်)
- Marshmallow အသေးလေးများ
ပြုလုပ်နည်း
Cracker တစ်ချပ်စီပေါ်မှာ
marshmallow များတင်ပြီး မိုက်ခရိုဝေ့ဖ် အပူချိန် အမြင့်ဆုံးမှာ ၁ မိနစ်ထားပေးပါ
အာဗင်မှ
ထုတ်ပြီးပြီးချင်း ချောကလက် တစ်တုံးကိုထည့်ပြီး cracker နောက်တစ်ချပ်နဲ့အုပ်ပေးပါ။
မိုက်ခရိုဝေ့ဖ်မှာ
စက္ကန်း ၃၀လောက်ပြန်ထားပေးပြီးရင် စားလို့ရပါပြီ
No comments:
Post a Comment