Monday, August 26, 2013

အခြေခံ Sponge Cake



Sponge Cake က layer Cake တွေအတွက်အဓိက အခြေခံကိတ်တစ်ခုပါ။ ရေမြုပ်အသားလို မုန့်သားမျိုးကြောင့် Sponge Cake လို့ခေါ်ကြတာပါ။ ဒီကိတ်ကို အခြေခံပြီး Cream နဲ့ အလွှာကိတ်ပေါင်းများစွာကို ပြုလုပ်ကြပါတယ်။ အထူးသဖြင့် မွေးနေ့ကိတ်တွေဟာ လှီးဖြတ်လွယ်တဲ့ Sponge ကိုအဓိက မုန့်သားအနေနဲ့ သုံးပြီး Cream မျိုးစုံပုံစံဖော်ပြီး အလှဆင်ကြပါတယ်။ Cream နဲ့ ကိတ်မုန့်လုပ်ချင်တဲ့ သူတွေဟာ ဒီမုန့်ကိုမသိမဖြစ် သိအောင်လုပ်မှ အဆင်ပြေနိုင်မှာပါ။

 (အပေါ်မှာပြထားတဲ့ ပုံလေးတွေက စာအုပ်ထဲမှာ ပါပါတယ်နော်။ sponge ကိတ်ကို သုံးပြီးလုပ်ထားတာလေးတွေပါ။ မုန့်တွေအားလုံးကို လုပ်နည်းအဆင့်ဆင့်နဲ့ စာအုပ်မှာပြထားပေးထားပါတယ်)

ပါဝင်ပစ္စည်းများ
  • ကြက်ဥ ၂ လုံး
  • ဂျုံ ၇၀ ဂရမ်
  • သကြား ၄၀ ဂရမ်
  • ဆီ ၁၅ ဂရမ်
  • Baking Powder – ၂ ဂရမ်
  • ဗနီလာအနံ့ ၂ စက်ခန့်


ပြုလုပ်နည်း

) Flour/ Baking powder ကိုဇကာချထားပါ။ ၈”x ၁၁” ဗန်းကို ဆီစိမ်စက္ကူခင်းထားပါ
၂)ကြက်ဥ နဲ့ သကြားကို ribbon like stage ဖြစ်တဲ့ အထိစက်နဲ့မွှေပါ၊ ဗနီလာအနံ့ကိုလည်း ထည့်မွှေပါ
 
၃) flour mixture ကို သမအောင် ဖြေးဖြေးမွှေပါ။ အရမ်းမွှေလို့မရပါ။
၎) နောက်ဆုံးမှ ဆီကို မုန့်သားနဲနဲရောမွှေကာ ကျန်မုန့်နှစ်များထဲလောင်းထည့်ပြီး အသာအယာ ထပ်မွှေပါ။
၅)  ရလာတဲ့ မုန့်နှစ်ကို ဆီစိမ်စက္ကူခင်းထားသော မုန့်ဗန်းထဲထည့် ၊ ၁၇၀ ဒီဂရီ oven မှာ ၁၄ မိနစ် 
 မိနစ်ကြာအောင်ဖုတ်ပေးပါ။ ပြီးရင် အအေးခံပါ။

 
ဒါဆိုရင်တော့ Swiss roll ပဲလိပ်လိပ်။ မွေးနေ့ကိတ်အတွက်ပဲသုံးသုံး လိုရာသုံးလို့ရတဲ့ အခြေံ Sponge Cake ရပါပြီ

3 comments:

Iora said...

ဒါတော့စမ်းဖြစ်အောင်စမ်းအုန်းမယ် Evy ရေ။
ဆွစ်ရိုးလ်လုပ်ချင်နေတာ။
ကျေးဇူးဘဲနော်။ မျှဝေပေးတာ။
အို်င်အိုရာ

Cameron said...

ကျေးဇူးညီမ...

Unknown said...

Sponge Cake/ Swiss Roll လုပ်ချင်နေတာ တခါ လုပ်တာ ပျက်ပါတယ် မဖြစ်လို့စိတ်ညစ်နေတာ မအိ blog ကို subscribe လုပ်ထားလို့ email လေးက basic sponge cake ဆိုလို့ ကျေးဇူးတင်လိုက်တာ စမ်းကြည့်မယ်နော် ..