ဒီတစ်ခါတော့
မြန်မာဆန်ဆန် ငါးခူစဉ်းကော လုပ်နည်းလေး မျှဝေပေးချင်ပါတယ်။ ငါးအသားလွှာကို
ဆီပြန်ချက်ထားတာကြောင့် အရိုးကြောက်သူများ နှစ်သက်မယ့်ဟင်းတစ်ခွက်ပါ
ပါဝင်ပစ္စည်းများ
- ငါးခူ အကြီး ၁ ကောင်
- ခရမ်းချဉ်သီး အလတ် ၂ လုံး
- ကြက်သွန်ဖြူ ၅ မွှာ
- ကြက်သွန်နီ ဥကြီး တစ်ဥ
ချက်နည်း
- ငါးခူကို တုံးတာ အသားချည်းသပ်သပ်လှီးထုတ်ထားပြီး ဆား၊ဆနွင်း နယ်ထားပါ
- ကြက်သွန်ဖြူနီကို ပါးပါးလှီးကာ ဆီစားပွဲဇွန်း ၆ ဇွန်းဖြင့်ဆီသတ်ပေးပါ
- နောက် ခရမ်းချဉ်သီးပါးပါးလှီးကာ ထည့်ပေးပါ
- ခရမ်းချဉ်သီးကြေပြီး လိပ်လာလျှင် ငံပျာရည် စားပွဲဇွန်း ၁ ဇွန်း၊ အရောင်တင်မှုန့် လက်ဖက်ရည် ၂ ဇွန်းခန့်ထည့်မွှေပေးပါ။
- နောက်ဆုံးမှ ငါးထည့်ပြီးမွှေပြီး ဆီပြန်အောင်တည်ပါ။
- မီးပေါ်မှ ချကာနီးမှ နံနံပင်လေးအုပ်လိုက်ရင်တော့ အနံ့အရသာပြည့်စုံတဲ့ ငါးခူစဉ်းကော သုံးဆောင်ရန်အသင့်ဖြစ်ပါပြီ။
2 comments:
တီတင့်တို့အိမ်သားတွေလဲ ငါးရိုးဆိုရင် ကြောက်မှကြောက် ဒါကြောင့် ငါးခူဆိုရင် အသားနွှင် ငါးရံ့ဆိုရင် အရေခွံဆုတ်ပြီးမှ ချက်လေ့ရှိတယ် ... Evy ရဲ့ ငါးခူစဉ်းကော နည်းနိဿယလေး မှတ်သွားတယ် ကျေးဇူး :)
မေတ္တာဖြင့်
တီတင့်
ပုံကြည့်ပြီးထမင်းဆာလာပြီရှင်
ဘယ်နှဲ့ လုပ်ရပါ့မလဲနော်
Post a Comment