Wednesday, December 4, 2013

ငါးခူစဉ်းကော





ဒီတစ်ခါတော့ မြန်မာဆန်ဆန် ငါးခူစဉ်းကော လုပ်နည်းလေး မျှဝေပေးချင်ပါတယ်။ ငါးအသားလွှာကို ဆီပြန်ချက်ထားတာကြောင့် အရိုးကြောက်သူများ နှစ်သက်မယ့်ဟင်းတစ်ခွက်ပါ

ပါဝင်ပစ္စည်းများ


  • ငါးခူ အကြီး ၁ ကောင်
  • ခရမ်းချဉ်သီး အလတ် ၂ လုံး
  • ကြက်သွန်ဖြူ ၅ မွှာ
  • ကြက်သွန်နီ ဥကြီး တစ်ဥ


ချက်နည်း

  1. ငါးခူကို တုံးတာ အသားချည်းသပ်သပ်လှီးထုတ်ထားပြီး ဆား၊ဆနွင်း နယ်ထားပါ
  2. ကြက်သွန်ဖြူနီကို ပါးပါးလှီးကာ ဆီစားပွဲဇွန်း ၆ ဇွန်းဖြင့်ဆီသတ်ပေးပါ
  3. နောက် ခရမ်းချဉ်သီးပါးပါးလှီးကာ ထည့်ပေးပါ
  4. ခရမ်းချဉ်သီးကြေပြီး လိပ်လာလျှင် ငံပျာရည် စားပွဲဇွန်း ၁ ဇွန်း၊ အရောင်တင်မှုန့် လက်ဖက်ရည် ၂ ဇွန်းခန့်ထည့်မွှေပေးပါ။
  5. နောက်ဆုံးမှ ငါးထည့်ပြီးမွှေပြီး ဆီပြန်အောင်တည်ပါ။
  6. မီးပေါ်မှ ချကာနီးမှ နံနံပင်လေးအုပ်လိုက်ရင်တော့ အနံ့အရသာပြည့်စုံတဲ့ ငါးခူစဉ်းကော သုံးဆောင်ရန်အသင့်ဖြစ်ပါပြီ။

2 comments:

Aunty Tint said...

တီတင့်တို့အိမ်သားတွေလဲ ငါးရိုးဆိုရင် ကြောက်မှကြောက် ဒါကြောင့် ငါးခူဆိုရင် အသားနွှင် ငါးရံ့ဆိုရင် အရေခွံဆုတ်ပြီးမှ ချက်လေ့ရှိတယ် ... Evy ရဲ့ ငါးခူစဉ်းကော နည်းနိဿယလေး မှတ်သွားတယ် ကျေးဇူး :)

မေတ္တာဖြင့်
တီတင့်

စံပယ်ချို said...

ပုံကြည့်ပြီးထမင်းဆာလာပြီရှင်
ဘယ်နှဲ့ လုပ်ရပါ့မလဲနော်