Tuesday, December 24, 2013

ခရစ်စမတ် သစ်တုံးကိတ် - ၂၀၁၃



Merry Christmas and happy holiday to all...ပျော်စရာပိတ်ရက်များဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။ ဒီနေ့မှာတော့ ခရစ်စမတ်တွေမှာ နာမည်ကြီးပြီး အရသာကောင်းလှတဲ့ သစ်တုံးကိတ်လုပ်နည်း အဆင့်ဆင့်လေးကို မျှဝေပေးလိုက်ပါတယ်။

ပထမဦးစွာ သစ်တုံးပြုလုပ်ရန်အတွက် swiss roll ပြုလုပ်ရပါတယ်။ ဆွစ်ရိုးအတွက်

ပါဝင်ပစ္စည်းများ


  • ကြက်ဥ  ၃လုံး
  • သကြား ၇၀ ဂရမ်
  • ဂျုံ ၈၀ ဂရမ်
  • ပွဆေး (baking powder)  လက်ဖက်ရည် ဇွန်းထက်ဝက်
  • ဆီ ၁၅ ဂရမ်
  • ဗနီလာ အနံ့- လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • နွားနို့ စားပွဲဇွန်း ၁ ဇွန်း


လုပ်နည်းအဆင့်ဆင့်


    (၁၀လက်မ x ၁၀လက်မဗန်း ဆီစိမ်စက္ကူခင်းထားပါ)
    1. ဂျုံနဲ့ ပွဆေးကို စကာချထားပါ။
    2. ကြက်ဥနဲ့သကြားကို ဖြူပြီး ပွလာအောင်စက်ဖြင့်ခေါက်ပေးပါ။ Ribbon like stage ရောက်သည်အထိ ခေါက်ရပါမည်။
    3. ပြီးမှ ဂျုံ+ ပွဆေး (စကာချပြီးသား)ကိုအသာအယာရောမွှေပေးပါ။
    4. နောက်ဆုံးမှ ဆီ+ နွားနို့ + ဗနီလာ ကိုရောမွှေပြီး မုန့်နှစ် သုံးပုံတစ်ပုံဖြင့်ရောပေးပါ။
    5. ရလာသောမုန့်နှစ်ကို ကျန်မုန့်နှစ်များထဲ ထည့်မွှေပါ။
    6. ထို့နောက် ၁၇၀ဒီဂရီအပူပေးထားသော အာဗန်မှာ ၁၇ မိနစ်ဖုတ်ပေးပါ။
    7. မုန့်ကို ဗန်းထဲကထုတ်ပြီး ခဏအအေးခံပါ။
 
  သစ်တုံးပုံပြုလုပ်နည်း အဆင့်ဆင့်

  1. ရလာတေသာ မုန့်ပေါ်တွင် နှစ်သက်ရာ ခရင်မ်တစ်မျိုးမျိုး ကို ထိုမျက်နှာပြင်တွင် ဖြန့်ခင်းကာ မုန့်ကို အသာအယာလိပ်ပေးပါ။(ကျွန်မကတော့ cream cheese ပါဝင်သော ခရင်မ်နဲ့ ချောကလက်ကိုသုံးပါတယ်)
  2. swiss roll အသင့်ဖြစ်ပါပြီ။
  3. ထို့နောက် လှီးဖြတ်ပြီး သစ်တုံးအဆက်ပုံဖြစ်အောင်ပြုလုပ်ပေးပါ။
  4. နောက် ချောကလက်အရသာစပ်ထားသော Fresh cream ကိုသုတ်လိမ်းကာ နောက်ဆုံးအဆင့်နေဖြင့် အရည်ပျော်အောင် လုပ်ထားသော ချောကလက်ရည်ဆမ်းပေးပါ။
  5. မိမိစိတ်ကြိုက် အလှဆင်ကာ ရေခဲသေတ္တာထဲတွင် ၂ နာရီခန့်ထားပြီးလျှင် စားရန်အသင့်ဖြစ်ပါပြီ
 

3 comments:

Aunty Tint said...

ခရစ်စမတ် သစ်တုံးကိတ်လေးအတွက် ကျေးဇူး <3

မေတ္တာဖြင့်
တီတင့်

BabyAngle said...

အမရေ ရန်ကုန်ရောက်နေလို့ blog မလာနိုင်ပေမဲ့ food magazine နဲ့ အမ စာအုပ်တွေဝယ်ဖတ်ပြီးအားပေးနေပါတယ်နော်....

Unknown said...

အစ်မအရမ်းတော်တယ်အားကျတယ်အဲလိုလုပ်တတ်ချင်တယ်