Wednesday, January 22, 2014

Nutella Butter Cake





နူးညံ့ပြီး အရသာရှိတဲ့ ထောပတ်ကိတ် နောက်တစ်မျိုး ကတော့ Nutella ယိုကိုသုံးပြီးပြုလုပ်ထားတဲ့ Nutella Butter Cake ပါ။ ချောကလက်ချစ်သူတွေ အရမ်းကြိုက်မယ့်ကိတ်ဆိုတာ သေချာပါတယ်။ စာဖတ်သူလည်း ချောကလက်နှစ်သက်တယ်ဆိုရင် ဒီမုန့်ကို စမ်းလုပ်ကြည့်ဖို့ တိုက်တွန်းလိုက်ချင်ပါတယ်။


ပါဝင်ပစ္စည်းများ

ထောပတ် ၁၄၀ ဂရမ်
သကြား ၁၂၀ ဂရမ်
ကြက်ဥ ၂ လုံး
ဂျုံ ၁၄၀ ဂရမ်
ဘိတ်ကင်ပေါင်ဒါ ၂.၅ ဂရမ်
ဗနီလာအနံ့ အနည်းငယ်
နွားနို့ စားပွဲဇွန်း ၂ ဇွန်း
Nutella ယို စားပွဲဇွန်း ၆ ဇွန်းခန့်


လုပ်နည်းအဆင့်ဆင့်
  1. မုန့်ဖုတ်မယ့်ခွက်ကို (၈လက်မ x ၃.၃လက်မ) ထောပတ်သုတ်လိမ်းပြီး ဆီစိမ်စက္ကူခင်းထားပါ။
  2. ဂျုံ၊ ပွဆေး ကို စကာ ချထားပါ
  3. ပထမဆုံး သကြားနဲ့ ထောပတ် (အခန်းအပူချိန် ခပ်ပျော့ပျော့) ကို ပွလာအောင် မွှေပေးပါ
  4. ကြက်ဥကို ဖြည်းဖြည်းချင်းထည့်ပြီး သမအောင် ထည့်မွှေပေးပါ။
  5. ဂျုံ နဲ့ နို့ကို သကြားထောပတ်အရောထဲ ထဲ့မွှေပေးပါ။ အရင်တုန်းက လုပ်နည်းတွေအတိုင်း ဂျုံ- နို့-ဂျုံ-နို့-ဂျုံ အစီအစဉ်အတိုင်းထည့်မွှေပေးပါ ။
  6. ရလာသောမုန့်နှစ်တစ်ဝက်ကို မုန့်ဖုတ်မယ့်ခွက်ထဲထည့်ကာ မျက်နှာပြင်ညှိပါ။
  7. ထို့နောက် Nutella ယိုများကို ပုံပါအတိုင်းဖြန့်ခင်းပေးပါ။
 


  1. ကျန်သောမုန့်နှစ်များထပ်ဖြည့်ကာ မျက်နှာပြင်ညှိကာ ၁၆၀ ဒီဂရီအပူပေးထားသော အာဗန်မှာ ၄၅ မိနစ် ဖုတ်ပေးပါ။ 
 

  1. မုန့်ကျက်မကျက်ကို တုတ်လေးနဲ့ မုန့်ခလယ်တည့်တည့်ကို ထိုးကြည့်ပါ။ မုန့်နှစ်ကပ်မပါလာရင် ရပါပြီ

No comments: