အနံ့မွှေးကြိုင်လှတဲ့ ကြက်သွန်ဖြူဆီချက်၊ အရသာရှိတဲ့ ခေါက်ဆွဲနဲ့အတူ အသားများပါဝင်တဲ့
ဆီချက်ခေါက်ဆွဲဟာ ပြောပြစရာမလိုလောက်အောင်
ကျွန်မတို့ အများစုနဲ့ ရင်းနှီးပြီးသားဖြစ်မှပါ။ ပြင်ဆင်ချိန်နဲပြီး အရသာရှိတဲ့ အပြင် ပြုလုပ်နည်းကလည်း
အင်မတန်မှ လွယ်ကူပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်သား (သို့) ၀က်သား - ၂၀၀ ဂရမ်
- ကြက်သွန်မိတ်လှီးပြီးသား အနည်းငယ်
- ပဲငံပျာရည် စားပွဲဇွန်း ၂ ဇွန်း
- ဆားလက်ဖက်ရည် ဇွန်း တစ်ဝက်
- နှမ်းဆီ လက်ဖက်ရည်၁ ဇွန်း
- ခေါက်ဆွဲ
- ကြက်သွန်ဖြူ
- ဆီ
ခေါက်ဆွဲနှင့်တွဲစားရန်ဆော့စ်
ပဲငံပျာရည်အကြည်စားပွဲဇွန်း ၂ ဇွန်း
ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြုလုပ်နည်း
- ဦးစွာ ကြက်သွန်ဖြူများကို မညက်တညက်ထောင်းကာ ဆနွင်းမထည့်ပဲ ဆီသတ်ထားပါ
- အသားကို ပဲငံပျာရည်၊ ဆားနှင့် နာရီဝက်ခန့်နှပ်ထားပြီးမှ နှမ်းဆီဆမ်းကာ ရေခမ်းပြုပ်ထားပါ
- ပြုပ်ပြီးသးအသားကို ခပ်သေးသေးလှီးထားပါ
- ခေါက်ဆွဲ ကိုလည်းပြုပ်ထားပြီး ဆီချက် နှင့်ရောနယ်ပေးထားပါ။ (ခေါက်ဆွဲတစ်ပွဲစားကို ဆီ စားပွဲဇွန်း ၁ ဇွန်းခန့်ရောနယ်ပါ)။
- ထို့နောက် ဆော့စ်ထည့်ကာ သမအောင်မွှေပါ (ခေါက်ဆွဲတစ်ပွဲစာကို ဆော့စ် စားပွဲဇွန်း ၁ ဇွန်းခန့်ရောနယ်ပါ)။
- သေးသေးလှီးထားသော ကြက်သား၊ ကြက်သွန်မိတ် နှင့် ကြက်သွန်ဖြူဆီချက်များ ဆမ်းကာ သုံးဆောင်နိုင်ပါပြီ
1 comment:
ဒီနေ့ရှမ်းထမင်းချင်လုပ်တယ်အစ်မနည်းနဲ့လေနောက်နေ့ခေါက်ဆွဲလုပ်ကြည့်မယ်
Thank
Post a Comment