Tuesday, January 14, 2014

Twisted Puff Pastry




 Puff pastry ကိုနောက်ပုံစံတစ်မျိုးလုပ်ကြည့်ကြရအာင်။ မုန့်ကြိုးလိမ်သဘောမျိုးပါပဲ။ puff pastry ကအချိုဓာတ်မပါတာကြောင့် သကြားများများဖြူးပေးဖို့တော့လိုပါပတယ်။

ပါဝင်ပစ္စည်းများ

  • အသင့်သုံး puff pastry (၈လက်မ x ၈လက်မ) တစ်ချပ်
  • သကြား စားပွဲဇွန်း ၄ ဇွန်းခန့်
  • ကြက်ဥအကာ ခေါက်ပြီးသား အနည်းငယ်

ပြုလုပ်နည်း

  • Puff pastry အလျား၂လက်မ အနံ၁လက်မခန့်လေးထောင့် အကွက်လေးများရအောင် ဖြတ်ပေးပါ။
  • ထို့နောက် အစွန်းနှစ်ဖက်ကို ချန်ကာပုံပါအတိုင်း အလယ်မှဖြတ်ပေးပါ။
 

  • တစ်ဖက်စွန်း၏အစကို အလယ်သို့ထည့်ကာ မုန့်ကြိုးလိမ်ပုံရအောင် ဖန်တီးပါ
  • ကြက်ဥအကာရည်သုတ်လိမ်းကာ သကြားဖြူးပေးပါ။ 
 

  • ထို့နောက် ၁၄၀ ဒီဂရီ အပူပေးထားသော oven တွင် မိနစ်၃၀ခန့်ဖုတ်ပေးရင် ရပါပြီ

1 comment:

Unknown said...

မုန့် ကလွယ်ပြီးစားကောင်းမဲ့ပုံပဲကော်ပြန့်လုပ်တဲ့အချပ်နဲ့မရဘူးလားတခြားကိတ်လုပ်နည်းတွေမှတ်ထားတယ်လုပ်စားကြည့်မယ်အောင်မြင်ရင်ပြောပြမယ်နော်ကျေးဇူးတင်တယ်ဒါမျိုးblogလေးဖွင့်ထားပေးတာအမြဲအားပေးနေတယ်