Tuesday, January 28, 2014

အသဲပုံကြက်ဥကြော်





Valentine’s နေ့နီးလာပြီဆိုတော့ ချစ်သူများနေ့ အငွေ့အသက်လည်းရပြီး လွယ်ကူမြန်ဆန်တဲ့ မုန့်လုပ်နည်း။ ချက်နည်းလေးတွေ မျှဝေပါမယ်။ ဒီနည်းကတော့ အင်တာနက်မှာတွေ့တာလေးတွေကို မှီငြမ်းပြီးပြန်လုပ်ကြည့်ထားတာလေးပါ။ အများစုကတော့ တွေ့ဖူးပြီးသားဖြစ်မယ်ထင်ပါတယ်...

လွယ်ကူမြန်ဆန်တဲ့ အသည်းပုံကြက်ဥလေး ကြော်ကြည့်ကြရအောင်။အသဲပုံခွက်ကို လုံးဝမသုံးပဲကြော်ထားတဲ့ နည်းပေါ့။ ဒီနည်းအတွက် ကြက်အူချောင်းရယ် ကြက်ဥရယ်ပဲ လိုပါတယ်။ ကျန်တာကတော့ ဆား၊ ငရုပ်ကောင်းနဲ့ ဆီအနည်းငယ်ပါ။ ကြက်အူချောင်းက မိမိနှစ်သက်ရာ အမျိုးအစားကို သုံးနိုင်ပါတယ်။ ကျွန်မသုံးထားတာက ငရုပ်ကောင်းကြက်အူချောင်း အမျိုးအစားပါ။


ပြုလုပ်နည်း

  1. ပထမဦးဆုံး ကြက်အူချောင်းကို ပုံမှာပြထားတဲ့အတိုင်း အစွန်းတစ်ဖက်ကိုချန်ကာ အလယ်ကနေဓါးနဲ့ ဖြတ်ပေးပါ။ အစွန်းနားကို ၁ စင်တီမီတာနီးပါးပဲချန်ထားမှ ပုံဖော်တဲ့အခါမှာ အဆင်ပြေမှာပါ။
  2. ရလာတဲ့ ကြက်အူချောင်းကို ပုံပါအတိုင်း အသဲပုံရအောင် ဆက်ပေးပါ။ အစွန်း ၂ ဖက်ကို သွားကြားထိုးတံဖြင့် ထိန်းပေးပါ။ ဒါဆိုရင် ကြက်အူချောင်း အသဲပုံခွက်ရပါပြီ။
  3. ဆီစားပွဲဇွန်း ၁ ဇွန်ကိုးအပူပေးပြီး အသဲပုံကြက်အူချောင်းကို အရင်ထည့်ပါ။
  4. ကြက်ဥတစ်လုံးစီကို အသဲပုံကြက်အူချောင်းခွက်တစ်ခုစီထဲကို ဖောက်ထည့်ပါ
  5. ဆားဖြူးကာ အဖုံးအုပ်ပြီး  ၃မိနစ်ခန့်မီးပေါ်မှာတင်ထားပေးပါ။
  6. စားကာနီးမှ ငရုပ်ကောင်းဖြူးကာ သုံးဆောင်ပါ။

No comments: