Tuesday, February 18, 2014

အသဲပုံဒီဇိုင်း ဆွစ်ရိုး






ရိုးရိုး swiss roll ကနေခွဲထွက်ထားတဲ့ အသဲပုံဒီဇိုင်းဖော်ထားတဲ့ swiss roll တစ်မျိုးလုပ်ကြည့်ကြရအောင်။ swiss roll ပေါ်မှာ အသဲပုံလေးများနဲ့ လှပဆန်းသစ်တဲ့ မုန့်လေးပါ။ တကယ်လို့ အသဲပုံမလုပ်ချင်ရင်လည်း တခြားနှစ်သက်တဲ့ ပုံလေးတွေဖော်လို့ရတယ်နော်။ ရိုးရိုးဆွစ်ရိုးချည်းပဲလုပ်ရမှာ ပျင်းတယ်ဆိုတဲ့ သူများသဘောကျကြမှာပါ။ ဒီ့ထက်မကဆန်းသစ်ပြီး ဒီဇိုင်းအမျိုးမျိုးထွင်ပြီး ခင်မင်တဲ့သူတွေကို လက်ဆောင်ပေးရင်လည်း မျက်နှာပန်းလှတယ်လေနော်။ 

ဒီကိတ်မှာတော့ ဆွစ်ရိုးထဲထည့်လိပ်ဖို့အတွက် မအိက Nutella ယိုကိုသုံးထားပါတယ်။ ချောကလက်အရသာ မကြိုက်ဘူးဆိုရင် စတော်ဘယ်ရီယိုနဲ့လည်း အစားထိုးနိုင်သလို whipping cream ချည်းသက်သက်ပါ အသုံးပြုနိုင်ပါတယ်။ ခရင်မ် အရသာကတော့ ကိုယ့်စိတ်ကြိုက်အဆင်ပြေသလိုစပ်နိုင်လေ ကောင်းလေပါပဲ။ လွယ်ကူမြန်ဆန်ချင်ရင်တော့ Nutella ကိုသုံးတာတော့ အမြန်ဆုံးပဲ။

ပါဝင်ပစ္စည်းများ
  • ကြက်ဥ  ၃လုံး
  • သကြား ၇၀ ဂရမ်
  • ဂျုံ ၈၀ ဂရမ်
  • ပွဆေး (baking powder)  လက်ဖက်ရည် ဇွန်းထက်ဝက်
  • ထောပတ် ၂၀ ဂရမ် (အပူပေးပြီး ပျော်အောင်လုပ်ထားပါ)
  • ဗနီလာ အနံ့အနည်းငယ်

ကိတ်မုန့်လုပ်နည်းအဆင့်ဆင့်

(၁၀လက်မ x ၁၀လက်မဗန်း)
  1. ဂျုံနဲ့ ပွဆေးကို စကာချထားပါ။
  2. ကြက်ဥနဲ့သကြားကို ဖြူပြီး ပွလာအောင်စက်ဖြင့်ခေါက်ပေးပါ။
  3. ပြီးမှ ဂျုံ+ ပွဆေး (စကာချပြီးသား)ကိုအသာအယာရောမွှေပေးပါ။
  4. နောက်ဆုံးမှ ဆီကိုရောမွှေပြီးထည့်ပေးပါ။ အနံ့အတွက် ဗနီလာ အနံ့(လက်ဖက်ရည် ဇွန်း ထက်ဝက်)်ကိုထည့်ပြီး ရောမွှေပါ။
  5. ရလာသောမုန့်နှစ်ကို စားပွဲဇွန်း ၁ ဇွန်းခွဲခန့်ဖယ်ထုတ်ပြီး ပန်းရောင်ဆိုးဆေး အနည်းငယ်ထည့်မွှေပါ။
  6. ထို့နောက် မုန့်ဖုတ်စက္ကူခင်းထားသေားဗန်းတွင် အသဲပုံဒီဇိုင်းများပုံဖော်ကာ ၁၆၀ ဒီဂရီ အပူပေးထားသော အာဗန်တွင် ၃ မိနစ်ခန့်ဖုတ်ပါ။




  1. ထို့နောက် ၁ မိနစ်ခန့်အအေးခံကာ ကျန်မုန့်နှစ်များဖြန့်ခင်းကာ ၁၇၀ဒီဂရီအပူပေးထားသော အာဗန်မှာ ၁၅မိနစ်ဖုတ်ရင်ရပါပြီ။ 
  2. မုန့်ကို ဗန်းထဲကထုတ်ပြီး ခဏအအေးခံပါ။ အေးသွားပြီဆိုမှ Nutella Chocolate Cream ကို မျက်နှာပြင်တွင် ဖြန့်ခင်းကာ မုန့်ကို အသာအယာလိပ်ပေးပါ။
  3. အမြင်လှ၊ အရသာရှိသော special swiss roll အသင့်ဖြစ်ပါပြီ။

2 comments:

Aunty Tint said...

အသဲပုံဒီဇိုင်း ဆွစ်ရိုးလုပ်တဲ့ နည်းပညာလေးအတွက် ကျေးဇူးနော်..

မေတ္တာဖြင့်
တီတင့်

Shinlay said...

နောက်တခါ လုပ်စားဖြစ်ပါမယ်။
ကျေးဇူးပါ။