Wednesday, March 12, 2014

ကြက်သားကြော်ဆီချက်





နောက်ဆီချက်တစ်မျိုးကတော့ ကြက်သားကြော်ဆီချက်ပါ။ ကြက်ဥခေါက်ဆွဲအမျှင်ကို အသုံးပြုထားပြီး ရိုးရိုးကြက်သားပြုပ်အစား ကြက်သားကြော်နဲ့ အစားထိုးထားတာပါ။


ပါဝင်ပစ္စည်းများ
ကြက်ပေါင်သား အရိုးလွတ်တစ်ခု
ကြက်သွန်မိတ်လှီးပြီးသား အနည်းငယ်
ပဲငံပျာရည် စားပွဲဇွန်း ၂ ဇွန်း
ဆားလက်ဖက်ရည် ဇွန်း တစ်ဇွန်း
ကြက်ဥခေါက်ဆွဲအသေး ၂၅၀ ဂရမ်
ကြက်ဥ ၁ လုံး
ဂျုံမှုန့်စားပွဲဇွန်း ၂ ဇွန်း + ဆော်ဒါ လက်ဖက်ရည်ဇွန်း ၈ ပုံတစ်ပုံ
ကြက်သွန်ဖြူ
ဆီ

ခေါက်ဆွဲနှင့်တွဲစားရန်ဆော့စ်

ပဲငံပျာရည်အကြည်စားပွဲဇွန်း ၂ ဇွန်း
ခရုဆီလက်ဖက်ရည်တစ်ဇွန်း
ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်


ပြုလုပ်နည်း
ဦးစွာ ကြက်သွန်ဖြူများကို မညက်တညက်ထောင်းကာ ဆနွင်းမထည့်ပဲ ဆီသတ်ထားပါ
အသားကို ပဲငံပျာရည်၊ ဆားနှင့် နာရီဝက်ခန့်နှပ်ထားပြီးမှ ကြက်ဥ၊ ဂျုံမှုန့်လူးကာ ကြွပ်နေအောင် ကြော်ကာ ဆီစစ်ထားပါ။
ရသာသော ကြက်သားကြော်အား လက်တစ်လုံးခန့်အထူရအောင်လှီးထားလိုက်ပါ။
ခေါက်ဆွဲ ကိုလည်းပြုပ်ထားပြီး ဆီချက် နှင့်ရောနယ်ပေးထားပါ။ (ခေါက်ဆွဲတစ်ပွဲစားကို ဆီ စားပွဲဇွန်း ၁ ဇွန်းခန့်ရောနယ်ပါ)။
ထို့နောက် ဆော့စ်ထည့်ကာ သမအောင်မွှေပါ (ခေါက်ဆွဲတစ်ပွဲစားကို ဆော့စ် စားပွဲဇွန်း ၁ ဇွန်းခန့်ရောနယ်ပါ)။
လှီးထားသော ကြက်သား၊ ကြက်သွန်မိတ် နှင့် ဆီချက်များ ဆမ်းကာ တွဲဖက်သုံးဆောင်ပါ

2 comments:

Aunty Tint said...

ကြက်သားကြော်ဆီချက် နည်းလေးဖတ်သွားတယ် Evy ရေ...

မေတ္တာဖြင့်
တီတင့်

Mrs. Bagel said...

Yum :)