Thursday, December 20, 2012

ပုဇွန်ကညွတ်ကြော်

ပြီးခဲ့တဲ့ ပို့စ်က စပ်စပ်ဆိုတော့ နောက်ပို့စ်တစ်ခုကို မစပ်တဲ့ ဟင်းလေးတင်ပေးတာပါ။ ဒါလည်း ယိုးဒယားဆိုင်မှာ သွားရင် မှာလေ့ရှိတဲ့ ဟင်းလေးတစ်ခွက်ပါပဲ။ တရုပ်စာလား ယိုးဒယားစာလား သိပ်မကွဲပေမယ့် စားလို့တော့ တော်တော်ကောင်းပါတယ်။ ဒီဟင်းခွက်လေးကိုလည်း ပထမ ကြက်သားပင်စိမ်းဟင်းချက်တဲ့နေ့တည်းက ချက်တာပါ။ အစပ်ဟင်းနဲ့ဆိုတော့ ဒါလေးက ချိုချိုလေးနဲ့ လိုက်ဖက်တယ်လေ။ အရမ်းလဲ လွယ်ပြီး ၁၀ မိနစ်ပဲ ကြာတာမို့ တွက်ခြေကိုက်သောဟင်းပေါ့။ တီချမ်း ပြောနေကြလို့ မြန်ကောင်းသက်သာပါပဲ :D

ပါဝင်ပစ္စည်းများ
  • ပုဇွန် ၈ ကောင် (ကျောခွဲ သန့်စင်ထား)
  • ကညွတ် ၃၀၀ ဂရမ် (၁ လက်မလောက်ကလေးတွေ လှီးထား)
  • ကြက်သွန်ဖြူ ၄ မွှာ
  • ခရုဆီ စားပွဲဇွန်း ၁ ဇွန်း

ကြော်နည်း
  1. ဆီစားပွဲဇွန်း ၁ ဇွန်းကို ပူအောင်တည်ပြီး ကြက်သွန်ဖြူ (ဓါးပြားရိုက်)လေးတွေကို မွှေးလာအောင်ကြော်ပါ
  2. နောက်လှီးဖြတ်ထားတဲ့ ကညွတ်လေးတွေကို ထည့်ပါ။
  3. ၁ မိနစ်လောက်မီးပြင်းပြင်းနဲ့ကြော်ပြီးရင် ခရုဆီ၊ သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်ကိုထည့်မွှေပါ
  4. ပုဇွန်တွေကိုလည်း ထည့်ကြော်ပေးပါ။ ၂ မိနစ်လောက်နေရင် ပြောင်းဖူးမှုန့် စားပွဲဇွန်း တစ်ဝက်ခန့်ကို ရေတရုပ်ပန်းကန်လုံးတစ်ဝက်နဲ့ ဖျော်ပြီး လောင်းထည့်ပေးပါ။
  5. နဲနဲပျစ်လာရင် အပေါ့အငံမြည်းပြီး စားလို့ရပါပြီ


အပေါ်ကဟင်းနဲ့ မဆိုင်ပေမယ့် ဒီမနက်လုပ်စားဖြစ်တဲ့ ဗူးသီးကြော်လေး ပုံသဘောကျလို့ တင်လိုက်တယ်။ အားပေးကြပါဦး

3 comments:

ဦးရွှေရိုး said...

ကွန့်မန့်မရေးဖြစ်ပေးမယ့် .. အမြဲတမ်း အားပေးနေတယ်နော်... ဝေမျှပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...ပျော်ရွှင်ပါစေရှင်....

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟင်းလေးတွေလည်းကောင်း ထည့်ထားတဲ့ ပန်းကန်လေးတွေလည်း လှ
အကြော်ဗန်းလား အကြော်ခြင်းလား ဘယ်လိုခေါ်ရမယ်တောင်မသိဘူး
အဲဒါလေးလည်း သဘောကျလိုက်တာ အရမ်းဘဲ..

Tuumar said...

အကြော်ခြင်းလေးကလှလိုက်တာ အကြော်လေးကလဲစားချင်စရာလေးနော်..