Wednesday, December 5, 2012

ယိုးဒယားငါးပိရည်ဖျော်




ငါးပိရည်ကိုများ အဆန်းလုပ်ပြီးတင်နေတယ်လို့တော့ စိတ်မစောလိုက်ကြနဲ့နော်။ ရိုးရိုးငါးပိရည်ဖျော်မဟုတ်ပဲ ယိုးဒယားငါးပိရည်ဖျော်နည်းမို့လို့ပါ။ စားလို့လဲတော်တော်ကောင်းတယ်။ ချို၊ချဉ်၊စပ်လေးမို့ သဘောကျတာနဲ့ ပြန်မျှဝေလိုက်တာပါ။  သူက စိမ်းစားငါးပိသုံးတာမို့ ကျွန်မတို့ ဗမာငါးပိရည်လို တကူးတက ကျိုစရာလည်းမလိုတာကြောင့် နိုင်ငံခြားမှာနေတဲ့ သူတွေအတွက် ပိုအဆင်ပြေပါလိမ့်မယ်။ ကျွန်မကိုယ်တိုင်လည်း ငါးပိရည်ကျိုတာကို အမြဲမလုပ်နိုင်တဲ့အတွက်ကြောင့် ဒီနည်းလေးကို သဘောကျနှစ်သက်ပါတယ်။ ပြင်ဆင်ချိန်လဲ ကြာလှမှ ၁၀ မိနစ်ပဲ။



  • ငါးပိစိမ်းစား စားပွဲဇွန်း ၁ ဇွန်းခွဲကိုမီးကင်ပါ
  • ကြက်သွန်ဖြူ ၇ မွှာ၊ ငရုပ်သီးစိမ်း ၅ တောင့်နဲ့ ထန်းလျက်အသေးတစ်ခဲကိုရောထောင်းပါ
    ပြီးရင် ငါးပိကင်ထည့်မွှေပါ
  • ငံပျာရည် စားပွဲဇွန်း ၁ ဇွန်းခွဲနဲ့ သံပုရာသီး တစ်လုံးညှစ်ထည့်၊ ရေ စားပွဲဇွန်း ၁ ဇွန်းခွဲလောက်ထည့်ပြီးရင် ချိုချဉ်စပ် အရသာရှိတဲ့ ငါးပိရည်ဖျော်ရပါပြီ
တို့စရာအစုံနဲ့ လည်း လိုက်ဖက်လှပါတယ်။ အချိန်ရရင် စမ်းကြည့်ကြနော်။  

6 comments:

Thamee Su said...

အရမ်းကိုကြိုက်တယ် မအိရေ ၀က်ခေါက်ကြော်လေးနဲ့တို့စား အသေကြိုက်တာ

mstint said...

ယိုးဒယားငါးပိရည်ဖျော်နည်းလေး စိတ်ဝင်စားဘို့ကောင်းတယ်။ တစ်ချို့နေရာတွေမှာ ငါးပိရည်ကျိုရတာ အဆင်မပြေတော့ အတော်ပဲး)
ခင်းကျင်းထားပုံကလည်း စားချင်စဖွယ်ပါလား Evy ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Aunty Oo said...

နက်ဖန်ဆွမ်းကပ်ပွဲမှာ evy နည်းလေးလက်စွမ်းပြလိုက်
အုန်းမယ်။ကျေးဇူးဘဲနော်။

Tuumar said...

ငပိရည်ဖျော်လေးကြိုက်တယ်
ချိုချဉ်စပ်လေးဆိုတော့ထမင်းပိုပြီးမိန်တာပေါ့နော်

Anonymous said...

ချဉ်ငံစပ်ဆို အကုန်ကြိုက်..ငါးပိ ပါရင်ပိုလို့တောင် ကြိုက်လို့ လုပ်စားဖြစ်မှာအမှန်ပါပဲ..ကျေးဇူးတင်ပါတယ် နော်..

wai

Anonymous said...

Is the mix with soy sauce or fish sauce? I'd think fish sauce? Really love this website and thanks for all the recipes.