Wednesday, November 17, 2010

Blueberry Cheese Cake




ပထမတော့ ဒီနေ့ ဂဏန်းဟင်းချက်မလို့ပါဘဲ။ နောက် ကြားဖြတ်အစီအစဉ် ၀င်လာတာကြောင့် ဟင်းမချက်ဖြစ်ပဲ မုန့်လုပ်တဲ့ဆီကို ရောက်သွားတာပါ။ ဒီ ကိတ်က ဒီတစ်ခါနဲ့ ဆိုရင် ၃ ခါမြောက်လုပ်တဲ့ Cheese Cake ပါ။ ကိုယ့်အတွက်တော့ မဟုတ်ပါဘူး။ သူငယ်ချင်း လင်မယားအတွက် လက်ဆောင်လုပ်သွားတာပါ။ အဲဒီ အစ်မက ရှမ်းစာတွေချက်တာ အရမ်းကောင်းပါတယ်။ နောက်မှ သူ့ဆီက သေချာလေးသင်ရပါဦးမယ်။


Cheese Cake ကို အရင်တုန်းက လုပ်နည်းအတိုင်းပဲ နဲနဲပြင်ပြီးလုပ်လိုက်ပါတယ်။ ပိုတာဆိုလို့ အချဉ်အရသာလေးပိုအောင် သံပုရာရေလေးနဲနဲပိုထည့်လိုက်တာပါ (အဲဒီ အစ်မက အရမ်းချိုတာတွေသိပ်မကြိုက်တတ်လို့ပါ၊ စမ်းကြည့်ချင်သူများ ကိုယ့်စိတ်ကြိုက်အတိုင်း အချဉ်ကိုလိုသလိုထည့်နိုင်ပါတယ်နော် ) blueberry ကိုလည်း အသီးလိုက်မထည့်တော့ပဲ ယိုဘဲ ၀ယ်ထည့်လိုက်ပါတယ်။ Cheese Cake ကလည်း သိပ် Decorate လုပ်လို့မရတဲ့ အမျိုးထဲပါတာရယ် ကိုယ်တိုင်ကလည်း Cake Decoration ကို သိပ်မရတာရယ်ကြောင့် ကောင်းမယ်ထင်တဲ့ ပုံကိုမှန်းလုပ်လိုက်တာ။ လုပ်နည်းကို ပြန်ကူးပေးလိုက်တယ်။ စိတ်ဝင်စားရင် စမ်းကြည့်၊ မြည်းကြည့်နိုင်ပါတယ်။ ၀လာမှာကို တာဝန်မယူပါ :D



ပါဝင် ပစ္စည်းများ

Base အတွက်
  • Digestive Biscuit 175g ကိုချေပြီး ထောပတ် 60g (အရည်ပျော်ထား)နဲ့ ရောမွှေပါ။ ပြီးရင် removable base ပါတဲ့ tin ထဲမှာဖိသိပ်ပြီးထည့်ပေးပါ။ ရေခဲသေတ္တာထဲမှာ နာရီဝက်လောက် အအေးခံပေးထားပါ

Filling
  1. 250g cream cheese
  2. 90g sour cream
  3. 3 eggs
  4. 90g sugar
  5. 1 table spoon of lemon juice
  6. 75g non dairy whipping cream -whipped
  7. 50g blueberry
ပထမဆုံး သကြားနဲ့ cream cheese ကိုစက်နဲ့ မွှေပါ။ ပြီးရင် ကြက်ဥကို တစ်လုံးချင်းစီ ထည့်ပြီး သမအောင်မွှေပေးပါ။ sour cream နဲ့ lemon juice/zest ကိုလည်းထည့်မွှေပါ။ နောက်ဆုံးမှာ whip cream ကိုထည့်ပြီးမွှေပါ။

Cream အဆင်သင့်ဖြစ်ပြီဆိုရင် ရေခဲသေတ္တထဲက ပြင်ထားတဲ့ဗန်းကိုထုတ်။ base ပေါ်မှာ blueberry ယိုကို ထည့်။ ပြီး မှ cream တွေကိုထည့်ပါ။

ရေထည့်ထားတဲ့ဇလုံတစ်ခုမှာ ခုနက မုန့်ဗန်းကို တင်။ မတင်ခင်မှာ aluminum foil နဲ့အောက်ခြေကိုလုံ အောင်ပတ်ပေးပါ (ရေ၀င်မှာစိုးလို့)။ ပြီးရင် ၁၆၀ ဒီဂရီစီ oven မှာ ၇၀မိနစ်ကြာအောင်ဖုတ်ရင်ရပါပြီ။ မုန့်ဖုတ်ပြီးသွားရင် မုန့်ကို oven ထဲမှာပဲ အအေးခံပါ။ လုံးဝအေးသွားမှ ရေခဲသေတ္တထဲကိုပြောင်းထည့်ပေးပါ။ အနဲဆုံး ၃နာရီလောက် chill လုပ်ပြီးမှစားပါ။


ဒါစားဖို့လှီး အပြီး ကျန်တဲ့ မုန့်တွေကို ရိုက်လိုက်တာ။

9 comments:

Sunny said...

cheese cake လေး စားချင်စရာ.. ဒီမှာ မိုးကလည်းအေးနေတော့ ကော်ဖီခါးခါးပူပူလေးနဲ့ ဒီကိတ်လေးစားပြီး အိမ်မှာပဲ နှပ်နေချင်တော့တာပဲ..

Anonymous said...

စားမှာပဲ စားမှာပဲ ၀၀ တတ်နိုင်ဖူး
() အောင်စားမယ် :P
တာဝန်တော့ ယူရမယ် နည်းပြောပြလို့
ဒါဗြဲ :P

Baby taster

rose said...

အစ်မရေ... ချီစ်ကိတ်လေး စားသွားပြီနော်။ အစ်မ ဘလော့လေး ကျမ ဘလော့ဂ်လစ်မှာ ထည့်တားတယ်။ ရလားပာင်။ ဘလော့ဂ်ကို လာလည်ပါဦးနော်။ ကျေးဇူး။

သွင် said...

sour cream ကို ဘယ်မှာဝယ်လို့ ရမလဲ

Evy said...

သွင် => Sour Cream ကို NTUC မှာဝယ်လို့ရပါတယ်။ cheese တို့ Yogurt တို့ထားတဲ့နေရာနားမှာပါ။

yuki said...

aluminum foil နဲ့ အောက်ခြေ ကို လုံအောင်ပတ်တာကို မျက်စိထဲသိပ်မမြင်လို့ မုန့် ဖုတ်တဲ့ baking pan အပြင် ဘက်ကို ပတ်ပေးရတာကို ပြောတာလား..ခုမှ စလုပ်မှာမို့ baking tools တွေ အခေါ်အဝေါ်တွေနဲ့ သိပ်မရင်းနှိးလို့ ..ပါ..။

Evy said...

Yuki, အပြင်ကနေ ပတ်ခိုင်းတာပါ

chocothazin said...

မုန့်ဗန်းက ဘယ်Size လောက်ဆို အဆင်ပြမလဲဟင်။ ပြီးတော့ ဆိုက်ကကိတ်မုန့်တွေလိုမျိုး evy ပုံတွေထဲက အောက်ဆုံးပုံလိုမျိုး ကိတ်မုန့်အောက်ခြေမှာ ငွေရောင်ခဲပတ်နဲ့ ဗန်းလေးကို ဘယ်လို လုပ်ရမလဲ၊ ဒါမှမဟုတ် ကိတ်မုန့်ကို အဲ့ဒီပေါ် ဘယ်အချိန်တင်ရမလဲ သိချင်လို့ပါနော်။

Unknown said...

အမ cream cheese ကို ရေခဲသေတ္တာရဲ့ freezer ထဲမှာ သိမ်းသင့်လား chiller ထဲမှာ သိမ်းသင့်လား ? နောက်ပြီး တလလောက်အထားခံလား သိချင်ပါတယ်.