Sunday, November 21, 2010

Chocolate Truffle - မွေးနေ့ကိတ်


ဒီတစ်ပတ်တော့ မုန့်လုပ်တာတွေနဲ့အလုပ်ရှုပ်နေလို့ ဟင်းတောင်ကောင်းကောင်းမချက်ဖြစ်ပါဘူး။ တနေ့ကတော့ ပူရီလုပ်စားဖြစ်တယ်။ နောက်မှတင်ရဦးမယ်။ ဟင်းမချက်ရရင် သာနေနိုင်မယ်။ မုန့်မလုပ်ရဘဲ မနေနိုင်ပါဘူး။ ကြာတော့ ကိုယ့်ဘာသာကိုယ်မုန့်လုပ်ပြီး မစားနိုင်တော့ဘူးဖြစ်လာတယ်။ ဒါမျိုးတွေကသိပ်အများကြီးစားရင်လဲ မကောင်းဘူး မဟုတ်လား။ ၀ိတ်တက်တဲ့အပြင် ကျန်းမာရေးအတွက်လဲသိပ်မကောင်းဘူး။ အဂ်လိပ်မုန့်တွေကလည်း သိတဲ့အတိုင်း ထောပတ်၊ သကြား၊ ဂျုံ နဲ့ ကြက်ဥ အကုန်ပါမှ ဖြစ်တာဆိုတော့ အကုန်ဝစရာတွေချည်းပါဘဲ။ မုန့်စလုပ်ပြီးကတည်းက ၀ိတ်ကတဖြည်းဖြည်းနဲ့တက်လာတာ မနည်းကိုပြန်ထိန်းနေရတယ်။ စားတာတွေအတွက် လေ့ကျင့်ခန်းကို (စိတ်မပါသော်ငြားလည်း) ကြိုးစားပြီး လုပ်နေရတယ်။ မုန့်မလုပ်ရမနေနိုင်ဆိုတော့ ခက်သား။ ဒါပေမယ့် ခုတစ်လောတော့ သူများကို လက်ဆောင်ပေးတာတွေနဲ့ အဆင်ပြေနေတယ်။


ဒီကိတ်လေးက ညီမလေးတစ်ယောက် သူ့ bf မွေးနေ့အတွက် ကိတ်ကိုသူကိုယ်တိုင်လုပ်ပြီး လက်ဆောင်ပေးချင်လို့ ဆိုပြီး အကူအညီတောင်းလာလို့ ကူလုပ်ပေးထားတဲ့ ကိတ်လေးပါ။ သူလိုချင်တဲ့ Design လေးကို Internet ကနေရှာပေးလာပါတယ်။ အရင်တစ်ခေါက် ညီမတွေမွေးနေ့ အတွက်လုပ်ပေးတဲ့ ကိတ်နဲ့ လုပ်ပုံလုပ်နည်းချင်းအတူတူပါပဲ။ Decoration လေးပဲကွာသွားတာပါ။


အရင်တစ်ခေါက်က cream များသွားလို့ ခုတစ်ခါတော့ မုန့်သားများများရအောင် ပိုလုပ်လိုက်ပါတယ်။
ဒါမုန့်သားချည်းပဲ ၃ လွှာမလွှာခင်

ချောကလက် ခရင်မ်အတွက် ပြင်ထားတာ

မုန့်သားကို ၃ လွှာလွှာ၊ ပြီးရင် Cream ထည့်။ အသီးလွှာထားတာထည့်


နောက်ဆုံး Ganache လောင်း။ သစ်သီးနဲ့ အလှဆင် အပြီးပုံ။

ပိုတဲ့ Chocolate Cream လေးတွေကို မုန့်ပတ်ပတ်လည်မှာ star လေးတွေလုပ်ပြီး အလှဆင်လိုက်တယ် ဆိုရင် ပြီးသွားပါပြီး ယူသွားဖို့ အဆင်သင့် ဖြစ်နေပါပြီ။ မွေးနေ့ကိတ်ကို ကြည့်ပြီး လုပ်ရကြိုးနပ်လို့ ပျော်ကြရပါတယ်။



ဒါလေးက ပိုတဲ့မုန့်လေး ဖယ်ထားပေးလို့ အထဲကပုံကို ဓာတ်ပုံ ရိုက်လိုက၊် မြည်းလိုက်နိုင်ပါတယ်။ ခရင်မ် သိပ်မများပဲ အရသာလေးလဲကောင်းတယ် (ကိုယ်လုပ်တဲ့ မုန့်ကို ကိုယ့်ဘာသာ သဘောကျနေတာ :D)



ပျော်စရာ မွေးနေ့ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

10 comments:

Sunny said...

မွေးနေ့ကိတ်လေးက ချစ်စရာလေး.. စားလို့လည်း ကောင်းမယ့်ပုံပဲ.. မြည်းသွားတယ်နော်.. :)

Baby taster said...

တို့မွေးနေ့လည်း မုန့်လေးပေးသိလာ :)
တော်လိုက်တာ စိတ်လည်းတော်တော်
ရှည်ပုံရတယ် ။

T T Sweet said...

Evy က ကိတ်လေးတွေ သိပ်လုပ်တတ်တာပဲ။ အားကျလိုက်တာ။ လုပ်ထားတာလေးတွေ လှလည်းလှ၊ စားချင်စဖွယ်။

Evy said...

@Sunny : အားပေးသွားလို့ ကျေးဇူး

@Babytaster : မွေးနေ့ဘယ်တော့လဲ ပြောလေ။ အမယ် စိတ်ကိုသိပ်အထင်မကြီးနဲ့ ။ စိတ်ဝင်စားတာမို့ ရှည်နေတာ။ နို့မို့ဆိုရင်တော့ ...... ကိုယ့်အကြောင်းကိုယ်အသိဆုံး :D

T Sweet ရေ လာလည်လို့ကျေးဇူး။ Evy က ကိတ်ပဲလုပ်တတ်တာ။ T Sweet လို့ဗမာမုန့်လေးတွေကို သေချာမလုပ်တတ်ဘူး။ ပျက်တာများတယ်။

SHWE ZIN U said...

ညီမ ရေ

မုန့်လေးတွေ အားလုံး ရှယ် ကြည့်သွားတယ် စားချင်စရာ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

SHWE ZIN U said...

ညီမ ရေ

လင်ခ် ယူသွားတယ်နော်

ရွှေစင်ဦး

Evy said...

ယူပါမရွှေစင်ရေ။

Anonymous said...

အမေ၇ ပို.စ်အသစ်တင်တိုင်မေးလ်ထဲကနေပို.ပေးလိုမ၇ဘူးလားဟင်..

Evy said...

ညီမရေ အဲဒီ option ကိုအစ်မတစ်ခါ မလုပ်ဖူးသေးလို့ ကြိုးစားကြည့်လိုက်ပါဦးမယ်။ ရရင် enable လုပ်လိုက်ပါ့မယ်။

ei thet said...

very beautiful cake and looks delicious, evy.